ဂျပန်နိုင်ငံမှာ အပူလှိုင်းကြောင့် ၁၇၀ သေဆုံး
20 Sep 2010...
ဂျပန်နိုင်ငံမှာ စံချိန်တင်လောက်အောင် မြင့်တက်ခဲ့တဲ့ နွေရာသီအပူရှိန်ကြောင့် သေဆုံးသူ ၁၇၀ ရှိပြီး၊ လူပေါင်း ၅၄၀၀၀ ကျော်ကို ဆေးရုံကို အရေးပေါ် တင်ရတယ်လို့ အစိုးရက စက်တင်ဘာ ၁၄ ရက်က ပြောပါတယ်။
မေလ ၃၁ ရက်နဲ့ စက်တင်ဘာ ၁၂ ရက်အတွင်းမှာ လူပေါင်း ၅၄၃၈၆ ဦးကို ဆေးရုံ တင်ပို့ခဲ့ရကြောင်း၊ ထက်ဝက်ကျော်မှာ အသက် ၆၅ နှစ်အထက်ရှိသူတွေ ဖြစ်ကြောင်း ယင်းတို့အနက် ၁၈၂၄ ဦးမှာ ရောဂါပြင်းထန်ကြောင်း မီးဘေးနဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီက ပြောပါတယ်။ လူ ၁၇၀ မှာ ဆေးရုံရောက်ပြီး မကြာမီ သေဆုံးကြကြောင်း နောက်ထပ်သေဆုံးနိုင်သေးကြောင်း ပြောကြားပါတယ်။
ဂျပန်နိုင်ငံဟာ မှတ်တမ်းစတင်ခဲ့တဲ့ ၁၈၉၈ ခုနှစ်နောက်ပိုင်းတွင် ယခုနှစ်ဟာ အပူဆုံး ဖြစ်တယ်လို့ မိုးလေဝသ အေဂျင်စီက ပြောပါတယ်။ ဇွန်နဲ့ ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှအပူချိန်က ၁ ဒဿမ ၆၄ ဒီဂရီ စင်တီဂရိတ်ရှိပြီး ပုံမှန်အပူချိန်ထက် မြင့်တက်တယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေ ပြောပါတယ်။ ယခင်က အမြင့်ဆုံး အပူချိန်ဟာ ၁၉၉၄ ခုနှစ်က ဖြစ်ပြီး ၁ ဒဿမ ၃၆ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပါတယ်။
( မြန်မာသတင်းရပ်ဝန်း )





0 comments