United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

သို့.. မြန်မာနိုင်ငံ လူ့ အခွင့်အရေးအဖွဲ့  နှင့် မြန်မာ့အလင်း အယ်ဒီတာ

Anonymous | Friday, June 19, 2009 | 0 comments

ဇွန်လ ၁၈ နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့မှ သတင်းကြေငြာချက် ပါရှိလာသည်။ ထိုသတင်းကြေငြာချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်း တို့ သားအမိအား ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများအပေါ်ဟု ရေးသားထားသည်ကို တွေ့ ရှိရသည်။


ထိုသည်မှာ တရားရုံးမှ အမိန့်မချရသေးပဲ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား ပြစ်မှုကျူးလွန်သည်ဟု နိုင်ငံတော်သတင်းစာတွင် ရေးသားထားခြင်းမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ အတွက်လည်းကောင်း၊ မြန်မာ့အလင်း အယ်ဒီတာအတွက်လည်းကောင်း အလွန်ရှက်စရာ ကောင်းလှပါသည်။

ထို့ နောက် ၁၆ ရက်နေ့ စွဲ နှင့်ကုလသမဂ္ဂလူ့ အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ (၅) ဦး၏ အဆိုပြုလွှာကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရကြောင်း ဖော်ပြထားသည်။ နိုင်ငံတကာမှ ဖိအားပေးပြောဆိုမှ သာတရားရုံး အတွင်းသံတမန်များ၊ သတင်းထောက်များ ဝင်ခွင့် လေ့လာခွင့်ရခဲ့ခြင်း ဖြစ်ကြောင်းကို တစ်ကမ္ဘာလုံး သိရှိနေပါသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ ကယ္ခုမှတရားစီရင်ရေး၏ ပွင့်လင်းမှုရှိကြောင်း လူ့ခွင့်အရေး ကိုကြောင်းပြ၍ နိုင်ငံရေးအသုံးချလာမှုကို လက်မခံနိုင်ကြောင်း ၎င်းပုဂ္ဂိုလ် (၅) ဦးတို့တိုက်တွန်းချက်အား ပယ်ချကြောင်း သတင်းထုတ်ပြန်ထားပါသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအပြည့်အဝရှိလျှင် ထိုသူများလည်း အဆိုတင်သွင်းစရာ လိုအပ်မည် မဟုတ်ပေ။ အလားတူ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလည်း ယ္ခုလို ဖမ်းဆီးထားဖို့ လည်းမလိုအပ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ အနေနှင့်ဟိုးအရင် ၁၉၅၈ ခုနှစ်လောက်ကထဲက သိထားသင့်ရပေမည်။
arzarni.blogspot.com မှ ရယူပါသည်။

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments