United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

Mr. Ban Ki-moon ၏ ခရီးစဉ်ပြီးဆုံးပြီး ထိုင်းနိုင်ငံသို့ ထွက်ခွာသွားပြီ

Anonymous | Saturday, July 04, 2009 | 0 comments

ချင်းမိုင်(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး မြန်မာစစ်အစိုးရအား နားချနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မစ္စတာ ဘန်ကီမွန်းသည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်လေဆိပ်၌ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။

ဘန်ကီမွန်းသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) ၊ သံတမန်များ၊ ပြည်တွင်း သတင်းထောက်များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့သည့် ယင်းသတင်းစာ ရှင်းလင်းပွဲကို ဟံသာဝတီ မူးယစ် ဆေးဝါးပြတိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

မစ္စတာ ဘန်ကီမွန်းက သူ့ခရီးစဉ်၏ အဓိကရည်ရွယ်ချက်တခုဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး တောင်းဆိုခဲ့သော်လည်း စစ်အစိုးရ ခေါင်းဆောင်များ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။

“အချက် ၃ချက်လောက်ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရတဲ့အတွက် ဝမ်းနည်းမိကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ်။ စစ်အစိုးရ လုပ်ရပ်ကြောင့် နိုင်ငံတကာ၏ ကူညီထောက်ပံ့ နည်းသွားပြီးတော့ တင်းကြပ်မှုတွေ ခံရနိုင်တယ် ဆိုတာ အဓိက ပြောသွားတယ်။ သူ့မျက်နှာက စိတ်ဆိုးပုံစံ ပေါက်နေတယ်”ဟု တက်ရောက်နားထောင်ခဲ့သူ ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက မဇ္ဈိမသို့ ပြောသည်။

ဘန်ကီမွန်း၏ ယခု ခရီးစဉ်သည် မူလ ရည်ရွယ်ချက်အတိုင်း အပြည့်အဝ ဆောင်ရွက်နိုင်ခြင်း မရှိဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ပြောသည်။


“ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် တွေ့လို့မရဘူးလို့ ကြားရတယ်။ ခုလို ဒေါ်စုနဲ့ တွေ့လို့ မရတာဟာ ဘန်ကီမွန်းနဲ့ ခရီးစဉ်ဟာ အပြည့်အဝ အောင်မြင်မှုမရှိဘူးလို့ ပြောလို့ ရပါတယ်။ သူ့ခရီးစဉ် အပြည့်ဆောင်ရွက်နိုင်ခွင့်မရှိဘူး”ဟု အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဘန်ကီမွန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့သော်လည်း သူမ၏ပါတီ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်နှင့် ဦးသန်းထွန်းတို့ ၄ ဦးနှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။ သို့သော် မည်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ကိုမူ မသိရှိရသေးပေ။

စစ်အစိုးရ၏ ဖိတ်ကြားချက်အရ ဇူလိုင် (၃) ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်လာသော ဘန်ကီမွန်း၏ ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် ဒုတိယအကြိမ်မြောက် ဖြစ်သည်။် ပြီးခဲ့သည့် နာဂစ်မုန်တိုင်းပြီးနောက် ၂၀၀၈ မေလအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိဖူးသည်။

ဘန်ကီမွန်း၏ အဓိကရည်ရွယ်ချက်များဖြစ်သော နိုင်ငံရေး အကျဉ်းသားများအရေး ဖြေရှင်းရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရနှင့် အတိုက်အခံများအကြား တွေ့ဆုံဆွေးနွေးရေး ပြန်လည်ဖော်ဆောင်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှု ဖြစ်စေရန် တို့သည် ဆွေးနွေးထိုက်သည့်ကိစ္စများပင် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရှေ့နေများကို ယခုလ ၂ရက်နေ့က ပြောသည်။

မစ္စတာဘန်ကီမွန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ထိပ်ပိုင်းခေါင်းဆောင်များ၊ တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ (၁ဝ) ခုနှင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် ယမန်နေ့က နေပြည်တော်တွင် သီးသန့်စီ တွေ့ဆုံခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ်၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့ (ခ) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့၊ ဝ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် စသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၂၃ ဦးတို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သည့် ကချင်အထူးဒေသ (၁) NDAK၊ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၅) KDA အဖွဲ့၊ ရှမ်းပြည် တောင်ပိုင်း အထူးဒေသ (၆) PNO၊ ကယားအထူးဒေသ (၂) ကလလတအဖွဲ့၊ ဟောင်သရော အထူးဒေသအဖွဲ့၊ ဘုရားကုန်း အထူးဒေသအဖွဲ့နှင့် ဒီကေဘီအေအဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင် စုစုပေါင်း ၃၅ ဦးတို့နှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် ထိုင်းနိုင်ငံ သုဝနဘူမိလေဆိပ်၌် သတင်းစာ ရှင်းလင်းပွဲတခုကို ယနေ့ည် ပြုလုပ်မည် ဖြစ်သည်။
From:www.mizzimaburmese.com

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments