United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

မိဘမဲ့ကလေးငယ်တွေကို ထောက်ပံ့ဖို့ဖွဲ့ထားတဲ့ ကွန်ရက်လေး Myanmar-OSN

Anonymous | Wednesday, July 01, 2009 | 0 comments

Myanmar Orphans Support Network (Myanmar-OSN) ဆိုတဲ့ အဖွဲ့လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Myanmar-OSN ဆိုတာ မိဘမဲ့ကလေးငယ်တွေကို ထောက်ပံ့ဖို့ဖွဲ့ထားတဲ့ ကွန်ရက်လေး တစ်ခုပါ။ ဒီအဖွဲ့လေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်များ စာတတ်မြောက်စေရေး နှင့် စိတ်ဓာတ်မြှင့်တင်ပေးရေးတို့ ဖြစ်ပါတယ်။ ရေအိုင်ထဲမှာ ဖားသူငယ်လေးတွေလို ဖြစ်နေတဲ့ ဒီမိဘမဲ့ ဆင်းရဲနွမ်းပါးကလေးတွေကို ရေအိုင်ရဲ့ တစ်ခြားတစ်ဘက်က ကမ္ဘာကြီးအကြောင်းကို ပြသပေးချင်တာ ဒီအဖွဲ့လေးရဲ့ ဆန္ဒပါဘဲ။ သူတို့လေးတွေရဲ့ သိမ်ငယ်စိတ်တွေကို လျော့ချပြီး ယုံကြည်မှုတွေခိုင်မာလာစေကာ နောင်တစ်ချိန် သူတို့ရဲ့ဘဝတူ မောင်နှမများရှေ့မှာ သူတို့ရဲ့ ကြိုးစားမှုရလဒ်တွေကို မျှဝေပေးနိုင်တဲ့ ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်တာလဲ ဒီအဖွဲ့လေးရဲ့ ရည်ရွယ်ချက်ပါဘဲ။ ဒီလို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ အဖွဲ့လေးကို Inforithm-Maze ဆိုတဲ့ ကုမ္ပဏီနဲ့ သူ့ရဲ့ ဝန်ထမ်းများကနေ ၂၀၀၉ ခုနှစ် ဇွန်လ မှာ စဖွဲ့ခဲ့တဲ့အဖွဲ့လေးပါ။ ဒီအဖွဲ့လေးရဲ့ ပထမဆုံးခြေလှမ်းအဖြစ် ကျောင်းတစ်ကျောင်းကို ရွေးချယ်ပြီး လုပ်ဆောင်ရန် ဖြစ်ပါတယ်။ အခုလို စဉ်းစားပြီး ရှာကြည့်လိုက်တဲ့အခါ မင်္ဂလာဒုံ၊ ထောက်ကြန့်နားက ဆင်းရဲနွမ်းပါးတဲ့ သီလရှင်သင် အမျိုးသမီးကျောင်း တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီကျောင်းကို Myanmar-OSN ရဲ့ ထောက်ပံ့ပေးမှုလုပ်ဆောင်ရန် ပထမဆုံး ကျောင်းအဖြစ် ရွေးချယ် သတ်မှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒီကျောင်းလေးကို သွားရောက်လေ့လာဖြစ် ခဲ့ကြပါတယ်။



(၂၁.၆.၂၀၀၉) တနင်္ဂနွေနေ့က ကာယ (၁၂)လမ်း၊ ဒေါ်ငိုတံတားလမ်း၊ သင်္ဃန်းကျွန်းကြီးအနီး၊ မင်္ဂလာဒုံမြို့နယ်က မြသိင်္ဂီ သီလရှင်စာသင်တိုက် (သီလရှင်သင် အမျိုးသမီးပညာရေး၊ ပရဟိတကျောင်း) ကို Myanmar-OSN အဖွဲ့မှ အဖွဲ့ဝင်တစ်ချို့ မှ သွားရောက် လေ့လာခဲ့ပါတယ်။ ကျောင်းက အမှတ် (၃) လမ်းမကြီးကနေ ဝင်ရင် (၂၀) မိနစ်လောက် ကားမောင်းဝင်ရပါတယ်။ ကျောင်းက လမ်းမတန်းမှာလည်းမဟုတ်သလို လွယ်လွယ်ကူကူသွားရောက်လို့ရနိုင်တဲ့ နေရာလေးလည်း မဟုတ်ပါဘူး.... လမ်းတလျှောက်လုံးမှာ ၀ါးပင်တန်းလေးတွေနဲ့ တမျိုးတဖုံ တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်... အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေနဲ့ ပတ်ဝန်းကျင်ဟာ ပညာသင်ကြားပေးရန် အများကြီးလိုအပ်နေသေတဲ့ အနေအထားတွေကိုတွေ့ရပါတယ်... လူနေမှုစရိုက် ပညာလိုချင်မှု စိတ်နေစိတ်ထား ထောက်ပံ့မှုနဲ့ စာနာမှုတွေ အများဆုံးလိုအပ်နေတဲ့ နေရာတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်... ဒီလိုနေရာမှာ ဒီလိုစွန့်လွှတ်စွန့်စားတဲ့စိတ်ကူးနဲ့ စာသင်တိုက်တစ်ခုကို ရဲရဲဝင့်ဝင့် တည်ထောင်ထားတဲ့ သီလရှင်ဆရာကြီးတွေရဲ့ စိတ်နေစိတ်ထားကတော့ အဖွဲ့ဝင်များကိုယ်တိုင် ကြောက်ခမန်းလိလိ လေးစားခဲ့ရတဲ့ နေ့ရက်တစ်ရက်ပဲဖြစ်ပါတယ်... ကလေးတွေအပေါ်ထားတဲ့ မေတ္တာတရားတွေကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့အတွက် သဒ္ဒါစိတ်တွေ အလိုလိုပေါ်ထွန်းလာခဲ့ပါတယ်...

မြသိင်္ဂီ သီလရှင်စာသင်တိုက် (သီလရှင်နှင့် အမျိုးသမီးများ သင်ကြားပေးနေသော ပရဟိတကျောင်း) ကျောင်းထိုင်သီလရှင်ဆရာကြီးရဲ့ ဘွဲ့အမည်ကတော့ ဒေါ်သီလဝတီပါ။ အသက်ကတော့ (၄၀) နှစ် ဝါတော် (၂၈) နှစ် ဖြစ်ပါတယ်။ ကျောင်းကို ၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့တယ်။ အဆိုပါကျောင်းတွင် ကျောင်းသားကျောင်းသူများ လက်ခံရာ၌ (၃) မျိုး လက်ခံပါတယ်။ အတိုကောက် အနေနဲ့မှတ်ရမယ်ဆိုရင်တော့ " စုံ ၊ ပဲ့ ၊ မဲ့ " လို့သတ်မှတ်ထားကြောင်း သိရပါတယ်... မိဘစုံလင်ပေမယ့် ဆင်းရဲနွမ်းပါးနေတဲ့ ကလေးတွေ၊ မိဘ နှစ်ဦးမှာ တစ်ဦးဦးပဲ့နေတဲ့ ကလေးတွေနဲ့ မိဘလုံးဝမဲ့နေတဲ့ကလေးတွေ အားလုံးကို ပညာသင်ကြားပေးနေသော၊ ထိုက်သင့်သလောက် ကျွေးမွေးစောင့်ရှောက် ပေးနေတဲ့ ကျောင်းတစ်ခုဖြစ်ကြောင့် လေ့လာသိရှိရပါတယ်.. လက်ရှိအခြေအနေမှာ " စုံ ၊ ပဲ့ ၊ မဲ့ " ကလေးစုစုပေါင်း (၅၇၃) ယောက် ကို စာသင်ကြားပေးနေပြီး ကျောင်းမှာ သီလရှင် နဲ့ မိဘမဲ့ကလေး အရေအတွက် (၈၀) ကျော် နေထိုင်ပါတယ်။ သူငယ်တန်းကနေ အဌမတန်းအထိ စာသင်ကြားပေးတဲ့ ဒီကျောင်းလေးကို ၂၀၀၂ ခုနှစ်ကစပြီး အစိုးရက တရားဝင် အသိအမှတ်ပြုဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါတယ်။ ကျောင်းပိတ်ရက်ကတော့ အဖိတ်နေ့နဲ့ ဥပုသ်နေ့ တွေကို သတ်မှတ်ထားပါတယ်။ မနက်ပိုင်းတွင် ကလေးငယ်များ လိမ္မာယဉ်ကျေးလာစေရန်အတွက် အဘိဓမ္မာနှင့် ဓမ္မာစရိယတန်းများဖွင့်လှစ်သင်ကြားပေးပီး နေ့လည်၁၂ နာရီမှ ညနေ (၅)နာရီအထိ ကိုတော့ စာပေအတန်းပညာကို သင်ကြားပေးနေတာကို တွေ့ရပါတယ်..။

ဒီကျောင်းလေးက ကားလမ်းမနဲ့ တော်တော်လေးအလှမ်းဝေးတဲ့ကျောင်းလေးတစ်ကျောင်းပါ .. စာနာထောက်ထားမှု နဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မှုကို လိုလားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လှူချင်တယ်ဆိုရင် လှူသင့်တဲ့ စာသင်တိုက်လေးတစ်ခုဖြစ်ပါတယ်... နေ့စဉ်စာသင်ကြား နေတဲ့ကလေးတွေကို ကျွေးမွေးမှုစရိတ် ၊ ပညာသင်ကြားမှုစရိတ်နဲ့ လူတန်းစေ့ဝတ်စားနိုင်ရေးအတွက် ထောက်ပံ့နေရတဲ့စရိတ်တွေက မသိသာပေမယ့် မလွယ်ကူတဲ့ စရိတ်တွေပဲဖြစ်ပါတယ်.. အလှူငွေ သိပ်မရှိတဲ့ကျောင်းဖြစ်သလို ရတဲ့အလှူငွေနဲ့လုံလောက်အောင် အသုံးပြုလုပ်ဆောင်နေရတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်...။ လက်ရှိမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ အရာကတော့ အလျား ပေ (၉၀) အနံ ပေ (၃၀) ရှိတဲ့ ကျောင်းဆောင် တစ်ဆောင်ဆောက်ဖို့ ပဲဖြစ်ပါတယ်.. အနီးပတ်ဝန်းကျင်ကနေ ကျောင်းလာတက်တဲ့ကလေးတွေက ပိုပြီးတိုးလာတဲ့အခါ စာသင်ဆောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်... ခန့်မှန်း တန်ဖိုးငွေ သိန်း (၃၀၀) ဝန်းကျင်ဖြစ်ပြီး။ တနင်္ဂနွေလိုနေ့မျိုးတွေမှာလည်း အချိန်ပိုသင်တန်းများကို သဒ္ဒါတရားထက်သန်သော အစိုးရ စာသင်ကျောင်းမှ ဆရာမများကိုယ်တိုင် ဒါနအဖြစ် စာသင်ကြားပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ နောက်လဆန်းမှာ ဒီကျောင်းလေးကို စာအုပ်တွေ သွားလှူမှာ ဖြစ်ပါတယ်။ ကလေးများအတွက် စာအုပ်စာတမ်း၊ အင်္ကျီ၊ အလှူငွေများ လူဒါန်းလိုပါက မသွားမီ လာရောက်လှူဒါန်းနိုင်ပါတယ်။ လူမှုရေး ၊ ကျန်းမာရေး နဲ့ ပညာသင်ကြားရေးအတွက် လိုအပ်တဲ့ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်.....

Myanmar-OSN ရဲ့ ပထမဆုံးသော ဒီလှုပ်ရှားမှုလေးမှာ ပါဝင်ချင်တဲ့ စာနာတတ်သူတွေကို Myanmar-OSN အဖွဲ့မှ ကြိုဆိုပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်တဲ့ လိပ်စာကတော့ -

Khin Myat Myat Naing
Humanitarian Project Coordinator
Inforithm-maze Company Limited, 10th floor, Lapyaewon Plaza, Dagon Township, Yangon.
Telephone :+95 1 243542, 386 459, 373629
Email : khinmyat2naing@gmail.com
Website : http://www.facebook.com/topic.php?uid=88745803980&topic=8871&ref=mf#/topic.php?uid=88745803980&topic=8871

Category: ,

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments