United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

GAB မှ တိုက်ပွဲဝင် ပြင်ဆင်ရေး အထူးကြေငြာချက် တစောင် ထုတ်ပြန် ခြင်းနှင့်ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ကိုရွှေစင်ထွန်း နှင့် အင်တာဗျူး

Anonymous | Saturday, November 21, 2009 | 0 comments

ပြည်တွင်းပြည်ပမှ နိုင်ငံရေးအဖွဲ့အစည်းများ ၁၀၀ ကျော်နှင့်စုစည်းထားသည့် Global Action for Burma(GAB) အဖွဲ့ကြီးမှ ယနေ့ ရက်စွဲဖြင့် တိုက်ပွဲဝင် ပြင်ဆင်ရေး အထူး ကြေငြာချက် တစောင်ကို ထုတ်ပြန်လိုက် ပါတယ်။

Global Action for Burma (GAB) အဖွဲ့ကြီး၏ ပြောရေးဆိုခွင့် ရှိသူ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုရွှေစင်ထွန်းက ထိုကြေငြာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက် နှင့် ပတ်သက်ပြီးဟံသာဝတီကို အခု လို ပြောပြပါတယ်။

မေး - တိုက်ပွဲဝင်ပြင်ဆင်ရေးအထူးကြေငြာချက် ထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါ။

အဓိကအကြောင်းအရင်း ၂-ခု နဲ့ ဂျီအေဘီ အင်အားစုကြီးက ဆက်လက်လုပ်ဆောင်သွားမဲ့ လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရေးတို့အပြင် ၂၀၁၀ ရွေးကောက်ပွဲ ဝင်မယ်တပြင်ပြင် ပုဂ္ဂိုလ်များ အနေနှင့်ပါ တိုင်းပြည်ကို အကောင်းဖက်သို့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တွေပါဝင်ပါတယ်။

(က) ပထမအကြောင်းအရင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခိုင်အမာတောင်းဆိုထားတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်ပေးရေး အကြောင်းအရာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင် ရေးဆွဲရေးအကြောင်းအရာများဟာ အနာဂါတ်တိုင်းပြည်ကို အာမခံချက် ပေးနိုင်တဲ့ အကောင်းဖက်ကို ပြောင်းလဲဖို့ လုပ်ဆောင်တာဖြစ်တဲ့ အတွက်ကြောင့် ပြည်တွင်းပြည်ပမှ နိုင်ငံရေး အဖွဲ့အစည်းများ ၁၀၀ ကျော် နှင့်စုစည်းထားသည့် Global Action for Burma (GAB) အဖွဲ့ကြီးမှ အခိုင်အမာ ထောက်ခံ လိုက်ခြင်း ဖြစ်ပါတယ်။

(ခ) တချိန်ထဲမှာ နအဖ စစ်ခေါင်းဆောင်တွေအနေတဲ့ တိုင်းရင်းသား ငြိမ်းအဖွဲ့တွေကို သေနတ် နားထင်တေ့ပြီး နယ်ခြားစောင့်တပ်အသွင်ဖြစ်အောင်ဖန်တီးနေကြတဲ့ လုပ်ရပ်ဟာ အနာဂါတ်မှာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ကိုတည်ဆောက်နိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် တိုင်းရင်သား အဖွဲ့စည်းများ အနေနဲ့ အမျိုးလွတ်မြာက်ရေးလှုပ်ရှားမှုကြီး အပေါ်မှာ ပူးပေါင်းပါဝင်လာနိုင်ဖို့အတွက် ကျနော်တို့က ပထမ အဦးဆုံး ဖိတ်ခေါ်ကြောင်း ဖေါ်ပြနိုင်ဘို့ ဖြစ်ပါတယ်။

မေး - (ဂျီအေဘီ) အင်အားစုကြီး၏ လုပ်ငန်းစဉ်(၇)ရပ်ကကော အောင်မြင်မယ် ထင်ပါသလား။

ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်(၇)ရပ်ဟာ အသေအချာ အောင်မြင်ဖို့ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ နအဖ စစ်အာဏာရှင်စနစ်အောက်က အတူတကွ ရုန်းထွက်ဖို့ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အစည်းအရုံးတွေ၊ သမဂ္ဂတွေ၊ ပြည်နယ်တိုင်း မြို့နယ် ကျေးရွာတွေအထိ လျှို့လျှို့ဝှက်ဝှက် ကျယ်ပြန့်လာပြီး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည်ဖေါ်ရေးလုပ်ငန်းတွေကို အတူ တကွ လုပ်ဆောင်လာကြပြီ ဆိုတာနဲ့ တိုင်းရင်းသားပြည်သူ အားလုံးအနေနဲ့ လွတ်မြောက်ရေး ယုံကြည်ချက်တွေခိုင်မာလာစေပြီး စစ်အာဏာရှင်စနစ် အုပ်ချုပ်ရေး ယန္ဒရား လုံးဝပြိုကျ သွားနိုင်တဲ့ အဆုံး အဖြတ်တိုက်ပွဲတွေကို တိုင်ပင်ကိုက် စနစ်တကျ လုပ်ဆောင်မှာဖြစ်တဲ့တွက်အောင်မြင်မယ် ဖြစ်ပါတယ်။ တဆက်ထဲမှာဘဲ (ပြည်တွင်းမှာ) အစိုးရဖွဲ့နိုင်ဖို့အထိပါ လုပ်ဆောင်သွားမယ် ဖြစ်တဲ့အတွက်ကြောင့် စစ်အာဏာရှင် စနစ် လုံးဝ နိဂုံးချုပ်သွားမယ်ဖြစ်ပါတယ်။

မေး - ၂၀၁၀ ရွေးကောက်ပွဲ ၀င်မဲ့ လူတွေအပေါ် (ဂျီအေဘီ) အဖွဲ့ကြီး ရဲ့ အမြင်လေး ပြောပြပေးပါ။

ရွေးကောက်ပွဲဝင်မယ် တပြင်ပြင်လုပ်နေတဲ့ သူတွေဟာ အသေအချာ ပြန်လည်စည်းစားသင်တယ်။ စစ်အာဏာရှင်စနစ်ကို လုံးဝဖယ်ရှားဖို့ လုံလောက်တဲ့ အချိန်ရှိနေသေးတဲ့ အချိန်မှာ စစ်အာဏာရှင်များရဲ့ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ လမ်ကြောင်းပေါ်မှာ စစ်အာဏာရှင်များရဲ့ ရှေးတော်ပြေးတွေလေသံအတိုင်းလိုက်ပြီး ဝါဒဖြန့်နေတာတွေ ရပ်တန်းကရပ်ပြီး တိုင်းပြည်ကို အကောင်းဖက်ကို ပြန်ပါလာအောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ ကျနော်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ပြည်သူလူထုကို တကယ် ဦးဆောင်နိုင်ဖို့ အတွက်ဆိုရင် တိုင်းရင်းသားပြည်သူတွေရဲ့ လိုလားချက်တွေ၊ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေအတွက် ပြည်သူအားလုံးအရှေ့က မားမားမာတ်မာတ် ရပ်တည်ပြီး ပြောနေနိုင်ရမယ်။ နအဖက မတရား ကျူးလွန်ထားတဲ့ လုပ်ရပ်တွေနဲ့ ကျူးလွန်နေဆဲလုပ်ရပ်တွေကို ပြည်သူတွေအရှေ့က မားမားမာတ်မာတ် ရပ်တည်ပြီး ပြောဖို့ လိုအပ်ပါတယ်။ နောက်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ထားတာက မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကနေ စစ်ဂိုင်းဂဏ အာဏာရှင်များလက်အောက်ကိုကျရောက်စေဖို့ ဖန်တီးထားတာကို ဝိုင်းဝန်းတားဆီဖို့တာဝန်ဟာ သမိုင်းကပေးလာတဲ့ အမျိုးသားရေး တာဝန်ဖြစ်ပါတယ်။ ဒါကိုလစ်လျှူရှူပြီး ကိုယ်နိုင်ငံရေးလုပ်နိုင်ခွင့်ရဖို့ တခုတည်းကို စကားလုံး လှလှလေးတွေရွေးပြီး စစ်အစိုးရ အရှေ့က လိုက်ပြီးပြောဆိုဆောင်ရွက်နေတာတွေဟာ တိုင်းပြည် အတွက် မကောင်းတဲ့ရလဒ်တွေဖြစ်လာဖို့ နွားရှေ့ထွန်ကျူးတဲ့ လုပ်ရပ်တွေပြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို ရပ်တန်းက ရပ်စေလိုပါတယ်။

မေး - ဂျီအေဘီ အဖွဲ့ကြီး ကို ဘယ်အချိန်က ဘာရည်ရွယ်ချက်နဲ့ စဖွဲ့ခဲ့တာလဲ

ဂျီအေဘီအင်အားစုကြီးအဖြစ် စုစည်းလုပ်ဆောင်နိုင်ဖို့အတွက်က အရင်အရင်က လုပ်ခဲ့တဲ့ အကြောင်း အရာများနဲ့ အဓိက ပါတ်သက်ပါတယ်။ မြန်မာပြည်မှာ နာဂစ် မုန်တိုင်းဖြစ်ပြီးကထဲက စုစီးပြီး လုပ်ခဲ့တဲ့ အင်တာနေရှင်နယ် ကမ်ပိန်းတွေကနေ တဆင့် မြင့်ပြီး လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဂျီအေဘီ အင်အားစုကြီး အနေနဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေငြာတဲ့ ရွေဂုံတိုင်ကြေငြာချက်ကို ပြည်တွင်းပြည်ပ နိုင်ငံရေးအဖွဲ့ပေါင်း(၆၅) ဖွဲ့နဲ့ စုပေါင်းထောက်ခံပြီး နောက်ပိုင်းမှာ ဂျီအေဘီ ဆိုပြီး အမည်ပေး လိုက်တာဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းမှာ နိုင်ငံရေး အဖွဲ့များတည်ဆောက်ပြီး ဆက်လက် တိုးချဲ့လာခဲ့တာ အခုဆို ပြည်တွင်းရေးပြည်ပမှာ အဖွဲ့ပေါင်း ၁၀၀ ကျော် ရှိပြီးဖြစ်တယ်။ ပြည်တွင်း နိုင်ငံရေး အဖွဲ့များက ပိုများလာပါတယ်။

မေး - ဂျီအေဘီ အဖွဲ့ကြီး ရဲ့ ရှေ့ဆက်သွားမဲ့ လုပ်ငန်းစဉ်တွေကို တချက်ပြောပြပေးပါ

ရှေးဆက်ပြီးလုပ်မဲ့ လုပ်ငန်းစဉ်နဲ့ စပ်လျှင်းပြီးတော့က ကျနော်တို့ အင်အားစုတွေအားလုံးက အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖေါ်ပြီး စစ်အဏာရှင်စနစ်ကို မြန်မာပြည်မြေကြီးပေါ်က အပြီးအပိုင်ဖယ်ရှားရေးကို လုပ်ငန်းစဉ် (၇)ရပ်ထားပြီး လုပ်ဆောင်ကြမယ်လို့ ချမှတ်ထားကြပါတယ်။

(၁) တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့တိုင်းနယ်တိုင်တွင် နအဖ စစ်အုပ်ချုပ်ရေး ယန္တရားကို တွန်းလှန် ဖယ်ရှားရန် မိမိတို့ တူညီရာ မိတ်ဆွေအသိုင်းအဝိုင်းအလိုက် အဖွဲ့အစည်းများ သမဂ္ဂများ ပေါ်ပေါက်လားရေး၊

(၂) ပြည်သူအားလုံး တိုင်းရင်းသားအားလုံးနှင့် ပေါ်ထွက်လာသည့် နိုင်ငံရေး၊တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးအနေနှင့် ကျွန်ုပ်တို့အားလုံးမှ နအဖ စစ်အာဏာရှင်စနစ်ကြီးကို မိမိတို့ဘာသာ တွန်းလှန်ဖယ်ရှား နိုင်ရမည်ဟု ခိုင်မာသည့် ယုံကြည်မူ ရရှိသည်ထိ တည်ဆောက်ရေး၊

(၃) ဖြစ်ပေါ်လာသည့် အဖွဲ့အစည်းအားလုံး နှင့် ပူးပေါင်းပါဝင်လိုသော လူပုဂ္ဂိုလ်အားလုံးတို့ အနေဖြင့် တူညီသည့် လုပ်ငန်းများ၊ လှုတ်ရှာမှုကမ်ပိန်းများကို အတူတကွလုပ်ဆောင်ခြင်းဖြစ် စုစည်းညီညွတ်စွာဖြင့် ခိုင်မာသည့် ပြည်တွင်းအောင်နိုင်စွမ်အားတည်ဆောက်ရေး နှင့် အောင်ပွဲရသည်ထိ ချီတက်လုပ်ဆောင်ရေး၊

(၄) နအဖ စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တရားအတွင်း မလွှဲမရှောင်သာ အလုပ်လုပ်ပေးနေကြရသည့် အမျိုးကောင်းသားအမျိုးကောင်းသမီး ပညာတတ်များ၊ စစ်တပ်တွင်းရှိ တိုင်းချစ်ပြည်ချစ် အရာရှိအရာခံ အကြပ်တပ်သားများ၊ လုံထိန်းများ၊ စွမ်းအားရှင်များ၊ ကြံ့ခိုင်ဖွံ့ရေးအဖွဲ့ဝင်များ၊ နအဖစစ်အာဏာရှင် စနစ်အောက်မှ ကျနော်တို့ အားလုံးနှင့်အတူတူ လွတ်မြောက်လိုစိတ်ရှိမည်ဟု ယူဆထားသည့် မရက နှင့် ရရက အုပ်ချုပ်ရေး ဝန်ထမ်းများ၊ ဆယ်အိမ်ခေါင်း ရာအိမ်ခေါင်းများပါ မကျန် အမျိုသား လွတ်မြောက်ရေး လှုတ်ရှားမှုကြီး တွင် ပူးပေါင်းပါဝင်လာရေး၊

(၅) အစပိုင်းတွင် မြို့တွင်းပျောက်ကျားသပိတ်တိုက်ပွဲများမှ တဆင့် နောက်ပိုင်းတွင် နအဖ စစ်အာဏာရှင်တို့၏ နိုင်ငံရေးအာဏာကို အသက်ဆက်ပေးနေသည့် အုပ်ချုပ်ရေးယန္တရားကြီးတခုလုံး လုံးဝ ပြိုကျသွားသည်ထိ အဆုံးအဖြတ်ပေးမည့်တိုက်ပွဲ (သို့) အမျိုးသားလွတ်မြောက်ရေး လှုတ်ရှားမှု နိဂုံးချုပ် တိုက်ပွဲကို နအဖ တို့ ပြုလုပ်လိုသည့် ရွေးကောက်ပွဲ မတိုင်မီ အကောင်အထည်ဖေါ်ရေး၊

(၆) ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုခေါင်းဆောင်နိုင်သည့် အစိုးရတစ်ရပ်ပေါ်ထွက်လာရေး၊

(၇) အသွင်ကူးပြောင်းကာလကို အောင်မြင်စွာ ကူးပြောင်းနိုင်ရေး တို့ ဖြစ်ပါတယ်၊

လုပ်ငန်းစဉ် ၁၊ ၂၊ ၃၊ နှင့် ၄ တို့အား တပြိုင်တည်း အရှိန်အဟုန်ဖြင့် အကောင် အထည် ဖေါ်ဆောင် ရွက်သွားမည်။

နအဖတို့အနေဖြင့် အရှင်ဦးဂမ္ဘီရ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် စသည့် ခေါင်းဆောင်များ၊ လူအခွင့်အရေးလှုတ်ရှားသူအားလုံးကို ထောင်သွင်းအကျဉ်းချပြီး တိုင်ပြည်အား တရားဝင် စစ်ကျွန်ပြုရေး လမ်းပြမြေပုံ (၇-ချက်) အတိုင်း လုပ်ဆောင်နေကြရာ ကျွန်ုပ်တို့ အဖွဲ့အစည်း အားလုံးမှ အောက်တွင်ဖေါ်ပြထားသည့် အခြေခံအကြောင်းအရင်းများ၊ လတ်တလော အခြေအနေများ နှင့် ဆက်စပ်မှု တည်သည့် လုပ်ငန်းရည်ရွယ်ချက် သုံးရပ်ကို ထားရှိလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖေါ်ရေး ရှေးလုပ်ငန်းစဉ် (၇-ရပ်)ကို ဒေါ်အောင်ဆန်းစုကြည်အား မတရားခုံးရုံးတင် အပြစ်ပေးရန်း နအဖ စစ်ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ကျနော်တို့ (ဂျီအေဘီ) အင်အားစုကြီးမှ အကောင်းဆုံး စနစ်တကျ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။

အထက်ပါလုပ်ငန်းများကို စတင်ကြေငြာခဲ့စဉ်က အကြောင်းအရင်းများက အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) နအဖစစ်ခေါင်းဆောင်များ နှင့် အပေါင်းအပါ အာဏာပိုင်များက တိုင်းပြည်နဲ့အဝှမ်းတွင် ယနေ့အထိ ဆက်လက်ဆက်တိုက် ကျူးလွန်နေသော မတရားမှုများ နှင့် ဒေါ်အောင်ဆန်းစုကြည်အား မတရား ခုံရုံး တင်နေခြင်း အားလုံးတို့အတွက် တတိုင်းတပြည်လုံးမှ အရှိန်အဟုန်ဖြင့် တုန့်ပြန်ရေး၊

(၂) နအဖတို့၏ လမ်းပြမြေပုံ(၇)ချက်အား တန်ပြန်ကောင်တာလိုက်ပြီး စစ်အာဏာရှင်စနစ်၏ စစ်အုပ်ချုပ်ရေး ယန္တရားကြီး ပုံမှန်လည်ပါတ်နေရာမှ လုံးဝရပ်ဆိုင်းပြိုကျသွားစေရန် လုပ်ဆောင်ရေး၊ နှင့်

(၃) ပြည်သူလူထု၊ တိုင်းရင်းသားအားလုံး နှင့် ပြန့်ကျဲနေသည့် နိုင်ငံရေးအင်အားစုများ အားလုံး အမျိုးသားလွတ်မြောက်ရေး လှုတ်ရှားမှု လမ်းကြောင်းကြီးအပေါ်တွင် တစုတစည်းတည်း စုပေါင်း တော်လှန်နိုင်ရေး တို့ ဖြစ်သည့်အကြောင်း ကိုရွှေစင်ထွန်း ပြောပြ သွားတာ ဖြစ်ပါတယ်။

ထွေးထွေးခိုင်
http://www.nfacforburma.info/2009/11/gab.html

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments