United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း

Anonymous | Monday, September 13, 2010 | 0 comments

13.Sept.2010...RFA...
 စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲဟာ ၂၀၀၇ ခုနှစ်က သံဃာထုအပေါ် ဖိနှိပ် အကျဉ်းချခဲ့တဲ့ စစ်တပ်က ၂၅ ရာခိုင်နှုန်းနဲ့ စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီက ၇၅ ရာခိုင်နှုန်း အမတ်နေရာ ရနိုင်ဖို့ ကြံနေတဲ့ အတုအယောင် ရွေးကောက်ပွဲသာဖြစ်လို့ ပြည်သူများအနေနဲ့ သပိတ်မှောက်ကြဖို့ ပြည်တွင်းမှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ကြေညာချက်နဲ့ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ သီတင်းသုံးနေတဲ့ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ပြောခွင့်ရှိသူ အရှင် ဓမ္မသီရိကို RFA က ဆက်သွယ် လျှောက်ထားခဲ့ရာမှာ ဆရာတော်က အခုလို မိန့်ပါတယ်။
“ရွေးကောက်ပွဲကို အဓိက ဦးဆောင်ပြီးတော့ ယှဉ်ပြိုင်သွားမဲ့ ကြံ့ဖွံ့ပါတီနဲ့ တစညပါတီ ဖြစ်နေတယ်လေ။ အဲဒီတော့ ကြံ့ဖွံ့ဆိုတာလည်း ဒီ စစ်ယူနီဖောင်း လဲထားတဲ့ လူတွေပဲ ဦးဆောင်တာ ဆိုတော့ အစကတည်းကိုက ဦးဇင်းတို့က ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံကတည်းက ဦးဇင်းတို့က ဆန့်ကျင်ခဲ့တာ။ ဒီ ရွေးကောက်ပွဲဟာလည်း စစ်အာဏာရှင် စနစ်ကို အသက်သွင်းမဲ့ တရားဝင် အစိုးရအဖြစ် ပြောင်းလဲမဲ့ ပွဲ ဖြစ်နေတဲ့အတွက် ဦးဇင်းတို့က ဆန့်ကျင်တယ်။ သပိတ်မှောက်တယ်။ နောက် လူထုတွေကလည်း ဒါ မိမိရဲ့ ဆန္ဒကို မိမိဖော်ထုတ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုး မဲသွားမပေးကြဖို့ ဦးဇင်းတို့ လှုံ့ဆော်ခြင်း ဖြစ်ပါတယ်။”
၂၀၀၇ သံဃာ့အရေးအခင်း ဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ သမဂ္ဂီအဖွဲ့ချုပ်တို့ ပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပထမဆုံး သဘောထား ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးခင်း ၃ နှစ်ပြည့် နှစ်ပတ်လည်ကာလမှာ ထုတ်ပြန်တဲ့ အဖွဲ့ရဲ့ ကြေညာချက်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးတော်ပုံအပြီး ကနေ့တိုင်လည်း စစ်အစိုးရဟာ ဆရာတော် သံဃာတော်တွေ၊ သီလရှင်တွေကို နည်းမျိုးစုံနဲ့ စောင့်ကြည့်၊ အကျပ်ကိုင် ခြိမ်းခြောက်နေဆဲ ဖြစ်ကြောင်း၊ ဖော်ပြထားပါတယ်။
တချိနတည်းမှာလည်း မြန်မာနိုင်ငံတဝန်းက ဆရာတော်၊ သံဃာတော်တွေအနေနဲ့ ဒကာ၊ ဒကာမတွေနဲ့ အတူ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မသမာမှုတွေကို စောင့်ကြည့် ဖော်ထုတ် ဖွင့်ချဖို့ကိုလည်း တိုက်တွန်းထား ပါတယ်။ 
ဒီအကြောင်း သံဃာ့တပ်ပေါင်းစု ပြောခွင့်ရှိသူ အရှင်ဓမ္မသီရိကို RFA မှ ဦးခင်မောင်စိုးမင်း ဆက်သွယ် မေးမြန်းထားပါတယ်။

Category: ,

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments