United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

သင်ပုန်းတစ်ခု ဆွဲကြည့်မယ်

Anonymous | Thursday, September 16, 2010 | 0 comments

Posted by Thiha......
ကျွန်တော်နဲ့ အတူ Photoshop သုံးပြီး ကျောက်သင်ပုန်း တစ်ခုဆွဲကြည့်ရအောင်။ ခုတစ်လော အလုပ်တွေ တအားများနေတာနဲ့ ရေးပြီးသားထဲက ပြန်ရှာပြီး တင်လိုက်တာပါ။ Adobe CS4 လောက်တော့ ရှိပြီး ဖြစ်မယ်ထင်ပါတယ်။
အဆင့် (၁)
ပထမဦးဆုံး Document အသစ်တစ်ခု ဖွင့်ပါမယ်။ Setting ကတော့ ကျွန်တော် ပြထားတဲ့ အတိုင်းပေါ့။

Document Setting
အဆင့် (၂)
Layer Folder အသစ်တစ်ခုယူပြီး နာမည်ကို Frame လို့ ပေးလိုက်ပါ။ Frame Folder ထဲမှာ Layer အသစ်တစ်ခု ဆောက်ပြီး နာမည်ကို Wood လို့ပေးလိုက်ပါ။ ပြီးရင် Rectangle Tool (U) ကို ယူပြီး အနေတော် စတုရန်းတစ်ခု ပုံမှာ ပြထားတဲ့အတိုင်း ဆွဲပါ။

Rectangle Box
အဲဒီလို ဆွဲပြီးပြီ ဆိုတာနဲ့ Wood ဆိုတဲ့ Layer ရဲ့ Blending Options မှာ အောက်မှာ ပြထားတဲ့ Styles တွေ Apply လုပ်လိုက်ပါ။ Inner Shadow, Inner Glow နဲ့ Gradient Overlay တို့ပါပါတယ်။

Soft Light, 30%, Distance : 30, Size : 50

Inner Glow

Gradient Overlay
အဲဒီလို Style Apply လုပ်ပြီးတဲ့ နောက်မှာ အောက်မှာ ပြထားတဲ့ ပုံအတိုင်း ရလာမှာ ဖြစ်ပါတယ်။

Wood
အဆင့် (၃)
နောက်ထပ် New Layer တစ်ခုယူပြီး Wood Texture လို့ အမည်ပေးလိုက်ပါ။ အဲဒီ Layer ကို Black Color ဖြည့်ပြီး
  • Filter -> Noise -> add noise ကိုရွေးပြီး Option ကိုတော့ အောက်မှာ ပြထားတဲ့အတိုင်း ဖြည့်ပါ။
  • အဲဒီ Wood Texture Layer မှာပဲ Filter -> Blur -> Motion Blur ကိုရွေးပြီး Setting ကို ပုံမှာ ပြထားတဲ့အတိုင်း ဖြည့်ပါ။
  • Wood Texture Layer ကိုပဲ ရွေးထားပြီး image -> adjustments -> Levels ကို ရွေးပြီး Setting ကို အောက်မှာ ပြထားတဲ့အတိုင်း ဖြည့်ပါ။

Add Noise and Motion Blur

Color Level
ဒီတစ်ခါတော့ မလိုတာတွေ ဖြတ်ထုတ်ဖို့ လိုပါတယ်။ အဲဒီအတွက် Wood Texture ကို ရွေးထားပြီး Wood Layer အပေါ်မှာ Ctrl + Click လုပ်လိုက်ပါ။ Wood Layer ရဲ့ ဘောင်အတိုင်း ရွေးသွားပါလိမ့်မယ်။ ပြီးရင် Select -> Inverse ဒါမှမဟုတ် Ctrl + Shift + I ကို နှိပ်ပါ။ ပြီးရင် Del လုပ်လိုက်ပါ။ Wood Texture Layer ကိုပဲ ရွေးထားပြီး Blend Mode ကို Soft Light ကိုရွေးလိုက်ပါ။ Opacity ကို 30% အထိ လျော့ချလိုက်ပါ။ ဒါဆို အောက်မှာ ပြထားတဲ့အတိုင်း ရလာပါလိမ့်မယ်။

Proof 2
အဆင့် (၄)
Wood Texture Layer ကို Duplicate နှစ်ခါ လုပ်ပါ။ တစ်ခုကို Wood Texture 1 လို့ အမည်ပေးပြီး နောက်တစ်ခုကို Wood Texture 2 လို့ အမည်ပေးပါ။ Wood Texture 1 ရဲ့ Blending Mode ကို Overlay လို့ ပြောင်းပြီး Opacity ကို ၁၀% လျော့ချလိုက်ပါ။ Wood Texture 2 ရဲ့ Blending Mode ကို Soft Light မှာထားပြီး Opacity ကိုတော့ ၁၅% ထားပါ။ အောက်မှာ ပြထားတဲ့ ပုံအတိုင်း ရလာပါလိမ့်မယ်။

Proof 3
အဆင့် (၅)
နောက်ထပ် Layer အသစ်တစ်ခု ဆောက်လိုက်ပါ အမည်ကို board လို့ပေးလိုက်ပါ။ အဲဒီ board layer ကိုပဲ ရွေးထားပြီး Wood Layer အပေါ်မှာ Ctrl + Click လုပ်လိုက်ပါ။ ဒါဆိုရင် Wood Layer ရဲ့ Frame အတိုင်း ရွေးပြီးသာ ဖြစ်လာပါလိမ့်မယ်။ ပြီးရင် select -> modify -> contract ကိုရွေးပါ။ ရလာတဲ့ Selection ကို Black နဲ့ ဖြည့်လိုက်ပါ။  ပြီးရင် အဲဒီ board ရဲ့ Blending Option ကို ဖွင့်ပြီး အောက်မှာ ပြထားတဲ့အတိုင်း တစ်ခုစီဖြည့်လိုက်ပါ။

Drop Shadow

Inner Shadow

Inner Glow

Gradient Overlay
အဆင့် (၅) ရဲ့ နောက်ဆုံးရလာတဲ့ ပုံစံကတော့

Proof 3
အဆင့် (၆)
ဒီအဆင့်မှာတော့ အရမ်းသစ်နေတဲ့ သင်ပုန်းကို ဟောင်းသွားအောင် လုပ်မှာဖြစ်ပါတယ်။ အဲဒီအတွက် Grunge Corner Brush Pack လိုပါတယ်။ အဲဒီ Brush ကို Photoshop ထဲ ထည့်ပြီးရင် Layer အသစ်တစ်ခုယူပြီး Board Grunge လို့ နာမည်ပေးလိုက်ပါ။ သင့်တော်တဲ့ Brush တစ်ခုယူပြီး အတွင်းက Board Layer နဲ့ ကိုက်အောက် ဆွဲပေးပါ။ ပြီးရင် Blend Mode ကို Normal ထားပြီး Opacity ကို ၂၀% ထားပေးပါ။

Board with Grunge
အဆင့် (၇)
နောက်ထပ် Layer အသစ်တစ်ခု ဆောက်လိုက်ပါ။ အမည်ကို Old Effect လို့ ပေးလိုက်ပါ။ Chalk Brush ကိုရွေးပြီး Point ကို 100px လို့ပေးလိုက်ပါ။ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း သင့်တော်သလို ဆွဲလိုက်ပါ။ ပြီးရင် Opacity ကို ၁၅% ထားလိုက်ပါ။

Old Effect
အဆင့် (၈)
နောက်ထပ် Layer တစ်ခု Shadows ဆိုတဲ့ အမည်နဲ့ Create လုပ်လိုက်ပါ။ အဲဒီ Shadows ဆိုတဲ့ Layer ကို Select လုပ်ထားပြီး Board အပေါ်မှာ Ctrl + Click လုပ်လိုက်ပါ။ Black ဖြည့်လိုက်ပါ။ Layer အပေါ်မှာ Layer Mask ထပ် တင်လိုက်ပါ။ ပြီးရင် Soft Brush တစ်ခုကိုရွေးပြီး အလည်မှာ ကျွန်တော် ဆွဲထားတဲ့အတိုင်း ဆွဲပေးပါ။ အောက်မှ ပြထားတဲ့အတိုင်း ရလာပါလိမ့်မယ်။

Circle
ပြီးရင် အဲဒီ Layer ရဲ့ Opacity ကို ၅၀% အထိ  လျော့ချလိုက်ပါ။ ဒါဆို အောက်မှာ ပြထားတဲ့အတိုင်း ရလာပါလိမ့်မယ်။

Final Result
ဒါဆိုရင်တော့ ကိုယ်ကြိုက်တာ ရေးလို့ရပြီ ထင်ပါတယ်။ ကျွန်တော် ဆွဲထားတာလေးကတော့

Final Proof
ရွှင်လန်းချမ်းမြေ့ပါစေ …

Category: ,

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments