United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တရုတ်သမ္မတ ဟူကျင်တောင်း တွေ့ဆုံ

Anonymous | Wednesday, September 08, 2010 | 0 comments

08.Sept.2010...VOA...
တရုတ်နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတဲ့ မြန်မာစစ်ဘက် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘေကျင်းမြို့က ပြည်သူ့ခန်းမမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သမ္မတ ဟူကျင်တောင်းက နိုင်ငံတော် အခမ်းအနားနဲ့ ကော်ဇောနီခင်း ကြိုဆိုခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ တရုတ်၊ မြန်မာ ဆက်ဆံရေး နှစ် ၆၀ ပြည့်နှစ်နဲ့ အထူးတိုက်ဆိုင်နေသလို ဒီခရီးစဉ်ကြောင့် တရုတ်၊ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပိုပြီး အားကောင်းစေလိမ့်မယ်လို့ တရုတ်သမ္မတ ဟူကျင်တောင်းက ပြောခဲ့ပါတယ်။
အခုခရီးစဉ်ဟာ နှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ရှိပြီးသား မိတ်ဆွေဆက်ဆံမှုတွေကို တိုးတက်စေအောင်လို့ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြန်လည် ပြောခဲ့ပါတယ်။
မြန်မာအစိုးရ သတင်းစာတွေမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခရီးစဉ်အတွင်း နအဖ စစ်ကောင်စီဝင် သူရ ဦးရွှေမန်း၊ အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ အတူပါသွားတယ်လို့ ဖော်ပြပါတယ်။ အစိုးရအဖွဲ့ဝင် ၀န်ကြီး အတော်များများလည်း ပါဝင်သွားပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုတော့ နအဖ စစ်ကောင်စီ ဥက္ကဋ္ဌလို့ သတင်းစာထဲမှာ သုံးနှုန်းသလို ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ကာကွယ်ရေးဌာန တာဝန်ကိုတော့ အတိအကျ ဖော်ပြတာမျိုး မရှိပါဘူး။
တရုတ်၊ မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးမှာ တည်ငြိမ် တိုးတက်စေဖို့နဲ့ စစ်ရေးဘက်မှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ချန်ဘင်ဒီး (Chen Bingde) က ပြောဆိုပါတယ်။
တရုတ်နိုင်ငံကို အလည်အပတ် ရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးအပြီး အခုလို ပြောဆိုသွားတာ ဖြစ်တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ရေးသားပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ဟာ တရုတ်နိုင်ငံမှာ ၅ ရက်ကြာမှာဖြစ်ပြီး တရုတ်နိုင်ငံတောင်ပိုင်း စီးပွားရေးဇုန် အချို့ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။ အခုခရီးစဉ် အတွင်းမှာတော့ နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စတွေကို ဆွေးနွေးကြဖွယ်ရှိသလို နောက်ပိုင်း မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေကို တရုတ်ခေါင်းဆောင်တွေနဲ့ ခေါ်တွေ့ပြီး မိတ်ဆက်ပေးဖို့ ဖြစ်တယ်လို့ လေ့လာသူအချို့က ယူဆပါတယ်။
ဒါ့အပြင် တရုတ်နယ်စပ်မှာ တင်းမာနေတဲ့ တိုင်းရင်းသားတွေအရေး၊ လာမယ့် ရွေးကောက်ပွဲ ကိစ္စတွေကိုလည်း ပြောဆိုဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။
မနေ့က တရုတ် နိုင်ငံခြားရေးဌာန သတင်းစာ ရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံရဲ့ လာမယ့် ရွေးကောက်ပွဲဟာ ပြည်တွင်းရေးကိစ္စပဲဖြစ်ပြီး မြန်မာပြည်တွင်း နိုင်ငံရေးကို ထိခိုက်စေမယ့် ဝေဖန်ပြောဆိုမှုတွေ ရှောင်ရှားကြဖို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အမျိုးသမီးက နိုင်ငံတွေကို တိုက်တွန်းသွားပါတယ်။

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments