Hepatitis B ဘီပိုးအကြောင်း သိသင့်တဲ့ အချက် ၁၀ ချက်
19 Sep 2010,,,,,,ကမ္ဘာပေါ်မှာ လူပေါင်း ၃၇၀ သန်း ရောဂါဖြစ်နေပြီး၊ နှစ်တိုင်း လူ ၁ သန်း  သေဆုံးနေရတဲ့၊ အသဲရောင် ဘီပိုး အကြောင်း သိသင့်တဲ့ အချက် ၁၀ ချက်
၁။ ကာကွယ်ဆေးတော့ ရှိတယ်၊ ဒါပေမဲ့ ဒီပိုးကြောင့် ၃၀-၄၅ စက္ကန့်တိုင်း လူတယောက် သေဆုံးနေရတယ်။
၂။ ပိုးရှိနေပမဲ့ ၃ ပုံ ၂ ပုံလောက်က ရှိနေမှန်း မသိဘူး။ ဒါ့ကြောင့် ပိုပြီးကြီးမာတဲ့ စိုးရိမ်စရာ ဖြစ်နေရတယ်။
၃။ HBV က HIV ထက် ၁၀ ဆ ပိုပြီး အဖြစ်များနေတယ်။ HIV က အာဖရိက နဲ့ HPV က အာရှမှာ အများဆုံးဘဲ။
၎။ HIV ထက် HPV က အဆ ၁၀၀ ပိုပြီး ကူစက်နိုင်တယ်။
၅။ သေခြာဂရုစိုက် မကုသရင် ပိုးရှိနေသူထဲက ၂၅% ဟာ အသဲကင်ဆာ၊ အသဲအလုပ်မလုပ်တော့တာတွေ ဆက်ဖြစ်မယ်။
၆။ Hepatitis C ဆိုတာက တခြား ဗိုင်းရပ်စ်ကြောင့် ကူးစက်တယ်။ သန်း ၁၈၀ မှာ ရှိနေတယ်။ ပျောက်အောင် လုပ်မရဘူး။ ကာကွယ်ဆေးလဲ မရှိသေးဘူး။
၇။ HBV နဲ့ Hepatitis C နှစ်မျိုး ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေ ၆ ဘီလီယံထဲက သန်းပေါင်း ၅၃၀ မှာဖြစ်နေတယ်။
၈။ Hepatitis B infection ရှိနေတဲ့ ကိုယ်ဝန်ဆောင်ကနေ သူ့ဗိုက်ထဲက ကလေးဆီကို မွေးနေတုံးမှာ ကူးစေနိုင်တယ်။
၉။ သူများတွေထက် ပိုဖြစ်လမ်းရှိသူတွေကတော့ တရားမ၀င် မူးယစ်ထိုးဆေးသုံးသူ၊  လိင်တူဆက်ဆံသူ၊ လိင်ဆက်ဆံဘက် အဖေါ်များသူ၊ ထောင်ကျနေသူ၊ ကျောက်ကပ်  Haemodialysis လုပ်နေရသူ၊ Haemophiliacs ရောဂါရှိသူ၊ ဆးရုံ-ဆေးခန်းမှာ  အလုပ်နေရသူများ၊ အရေပြား-ခန္ဓာကိုယ်မှာ ကွင်းတပ်-တက်တူထိုး အလှဆင်သူတွေ၊  ဖြစ်တယ်။
၁၀။ Hepatitis B recombinant vaccine ကာကွယ်ဆေးက စိတ်ချရတယ်။ ထိရောက်ပါတယ်။ ၃ ခါထိုးပါ။
Category: bcjpnoj, ကိုကိုဝင်း




0 comments