United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

Photo sticker လုပ်နည်းလေးပါ

Anonymous | Tuesday, September 21, 2010 | 0 comments

Written by Moe Pyay Lay...ဓါတ်ပုံ sticker လေးတွေက အတော်များများရိုက်တတ်ကြပါတယ် လုပ်ဖို့ခက်သလားဆိုတော့လည်း မခက်ပါဘူး ကိုယ့်ဓါတ်ပုံရိုက်ပြီးသားကို sticker လှလှလေးလုပ်ချင်ရင်လည်းအဆင်ပြေတာပေါ့... ခုနောက်ပိုင်း ကင်မရာအသေးလေးတွေမှာ frame လေးတွေပါပြီးသား ပါလာပါတယ် ဒါပေမယ့် ဒါကလည်း သိပ်ပြီး update လုပ်မရတာမို့ photoshop နဲ့မကင်းကြသေးပါဘူး ကဲ ... ဒါဖြင့် frame လှလှလေးတွေလိုတာပေါ့ ဘယ်ကရမလဲ သွားဝယ်လိုက်ပါ Laughing DVD တစ်ခွေမှ 1000 ပဲပေးရပါတယ် ကို့ဆီမှာ အင်တာနက်ကြီး ရှိနေလို့ ဒေါင်းမယ် ဒါမှမဟုတ် ဆိုင်ကဟာတွေနဲ့မတူချင်လို့ စိတ်ကြိုက်ရှာချင်တယ်ဆိုရင်လည်း

http://www.downturk.info
http://www.softpk.com/graphics/
http://all-free-download.com/
အစရှိတဲ့ဆိုဒ်တွေမှာ photoshop နဲ့ပက်သက်တာတွေကို ဒေါင်းနိုင်ပါတယ် ဒါကိုမှမကြိုက်သေးရင်လည်း google မှာ free photoshop frame လို့ရှာလိုက်ရင် အများကြီးတွေ့ရမှာပါ..  ဒီလောက်လွယ်နေမှတော့ sticker ပုံလေးလုပ်ကြည့်ရအောင်..အရင်ဆုံး ဓါတ်ပုံတစ်ပုံဖွင့်လိုက်ပါတယ် size က 3x2 ဖြစ်တဲ့အတွက် cropရာမှာ Width 3 Height 2 resolution 300 ထားပြီးcropလိုက်ပါတယ်။ လိုင်စင်ပုံလိုပါပဲ။ မျက်နှာသန့်ပါတယ် မျက်နှာသန့်တယ်ဆိုတာက Patch လုပ်တာကိုပြောတာပါ ပြီးရင် Curve(Ctrl+M) နဲ့ဖွေးအောင်လုပ်လိုက်ပါတယ်။ ဒါက ဓါတ်ပုံတိုင်း ပုံမှန်အလုပ်ပါ (အလင်းအမှောင် ဦးစားပေးသောPhoto မှလွဲပြီး)။ ဒါက sticker ဖြစ်တော့ 3x2 ပဲရှိတဲ့အတွက် သိပ်တော့ မလုပ်ရပါဘူး။ sticker ပုံတွေဟာ အောက်ခံစက္ကူကလဲ လင်းပါတယ် အပေါ်မှာ ကပ်ရမယ့် ပလပ်စတစ်ကလဲ နှင်းမှုန်ဆိုရင် ဖွေးပါတယ် ဒီလိုဆိုရင်တော့ ဓါတ်ပုံကို သိပ်မဖြူပါဘူး sticker သားနဲ့မလိုချင်ဘူး ရိုးရိုး ဓါတ်ပုံသားနဲ့ဆိုရင်တော့ အလင်းနဲနဲပိုတင်ထားပါ။ ပုံထုတ်ခါနီးမှ စိတ်ပြောင်းသွားတယ် ဆိုရင်လည်း Printer Setting ထဲ အလင်းအတိုး အလျော့လုပ်နိုင်ပါသေးတယ်..

Patch , Curve မလုပ်မီ                                                                                      Patch , Curve လုပ်ပြီး

ပြီးရင်တော့ frame ထဲထည့်ပါမယ် ဒါကတော့နှစ်သက်တဲ့ထည့်မယ့် frame အမျိုးအစားပေါ်မူတည်ပါတယ် အခု Psd အမျိုးအစား Frame တစ်ခုရွေးလိုက်ပါတယ် ဒါကိုလည်း 3x2  resolution 300 သတ်မှတ်လိုက်ပါတယ်။ ပန်းချီကားပေါ်မှာ သူ့မျက်နှာကိုတင်ချင်ပါတယ်။ဒါကြောင့်ပန်းချီကားရှိတဲ့ layer ကဘယ်လောက်လဲကြည့်လိုက်ပါတယ် layer 6 ပါ ဒါဆို သူ့မျက်နှာကို layer 6 နဲ့ layer 7 ကြားထဲထည့်ပါမယ်။

မျက်နှာပုံရှိတဲ့ jpg file ကိုပြန်သွားပြီး Select all (Ctrl+A) နှိပ်လိုက်ပါတယ် ပြီးရင် psd file ကိုပြန်ဖွင့်ပြီး layer 6 ကို select လုပ်ပါတယ် ပြီးရင် Edit--->Paste(Ctrl+V) နှိပ်လိုက်ပါတယ် ဒါဆို ပန်းချီကားပေါ် သူ့မျက်နှာရောက်လာပါပြီး size ပြင်ဖို့အတွက် Transform (Ctrl+T) နှိပ် အနေအထားမပျက်အောင် shift key ကိုဖိပြီး ပန်းချီကားနဲ့အနေတော်ဖြစ်အောင် size ကိုသေးလိုက်ပါတယ်။

ပြီးရင် ထောင့်တစ်နေရာရာကနေကိုင်ပြီး အနီးစပ်ဆုံးအနေအထားရအောင်လှည့်လိုက်ပါတယ်။

ပန်းချီကားပေါ် နေရာတကျဖြစ်အောင်လုပ်ဖို့ Transform (Ctrl+T) ထပ်နှိပ်ပါတယ် ဒီနေရာမှာ Edit--->Transform---->Distort ကိုနှိပ်ပြီး ထောင့်တွေကို အဆင်ပြေသလို ဆွဲယူနိုင်ပါတယ် အလွယ်တကူ Ctrl key ဖိထားပြီး ထောင့်တွေကို ရွှေ့ယူလဲရပါတယ် ကြိုက်တဲ့နည်းနဲ့သာလုပ်ပါ

အဆင်ပြေအောင်နေရာချပြီးရင်တော့ sticker တစ်ပုံရလာပါပြီ ဒီပုံမှာ ပန်းချီဆန်ချင်ရင်တော့ layer 6 အပေါ်ကိုမပို့ဘဲ layer 6 အောက်မှာ ဓါတ်ပုံကိုထားပြီး layer 6 ကို ပါးထားလိုက်ရင်လည်း တစ်မျိုးဆန်းတဲ့ပုံလေးရမှာပါ layer တွေ ပါးတာကိုတော့ နောက်ပုံတွေမှပဲ ပြပါ့မယ် ဒီမှာတော့အလွယ်ပဲ လုပ်လိုက်ရအောင်ပါ။


နောက်တစ်ပုံလုပ်တော့မယ်ဆိုတော့ အစောကလို psd file မရွေးတော့ပါဘူး ပုံမှန်အားဖြင့် သုံးနေကျဖြစ်တဲ့ png file ကိုပဲသုံးပါတော့မယ်
ဒီတစ်ခါ ပုံကအရှည်ဖြစ်နေပါတယ် ဒီတော့ crop လုပ်ရာမှာ 3x2 မဟုတ်ပဲ 2x3 ထားရမှာဖြစ်တဲ့အတွက် ပုံမှာပြထားတဲ့ swaps Height and Width ကိုတစ်ချက်နှိပ်ပါတယ် ဒါဆိုရင် 2x3 ဖြစ်ပါပြီ ဒီတော့ မှပုံကို crop လုပ်ပါတယ် ဒီတစ်ခါ ပုံက တစ်ကိုယ်လုံးဖြစ်နေတဲ့အတွက် Patch မလုပ်တော့ပါဘူး Curve(Ctrl+M) ပဲ တင်လိုက်ပါတယ် ပြီးရင်အသုံးပြုမယ့် frame ကိုလဲ crop လုပ်လိုက်ပါပြီ

ဒီတစ်ခါ copy paste (လုပ်ရင်လည်းရပါတယ်) မလုပ်ပဲ image ကို drag ဆွဲပြီး သုံးမယ့် frame ထဲထည့်လိုက်ပါတယ်

သုံးမယ့် frame အောက်ဖက်မှာ ဓါတ်ပုံရှိနေရပါမယ် မရှိရင် ပုံကို အပေါ်တင်လိုက်ပါ ပြီးရင် နေရာတကျဖြစ်အောင် ရွှေ့ပေးလိုက်ပါတယ်

ဒါဆိုရင်တော့ sticker လေးတစ်ပုံရလာပြီပေါ့ လွယ်လိုက်တာနော် Tongue out

ဒီတစ်ခါလည်း အပေါ်ကလိုပဲ png လေးနဲ့ sticker တစ်ပုံလုပ်ပါတယ်
Frame ထဲထည့်လိုက်တဲ့အခါမှာ တစ်ဖက်က ပန်းပါနေတဲ့အတွက် ဓါတ်ပုံကို အခြားတစ်ဖက်ကို ကပ်လိုက်ပါတယ် အဲဒီမှာ စတွေ့တာပဲInnocent ဓါတ်ပုံသားက တစ်ဖက်ကို ကပ်လိုက်တဲ့အတွက် ဘေးမှာလိုသွားပါပြီ ဖြည့်ရပါတော့မယ့် ဒါကတော့ တစ်ရောင်တည်းဖြစ်နေတဲ့အတွက် တော်ပါသေးတယ် နောက်ခံက ကာလာတွေရောနေရင် ဆေးပုံလောင်းဖြည့်လို့လဲရမယ် မဟုတ်ပါဘူး ဒီတော့ ဒီလိုလုပ်လိုက်ပါတယ် သူ့ရဲ့ ဘေးကနောက်ခံ အသားအနည်းငယ်ကို select လုပ်ပါ။

သူ့ရဲ့ ဘေးကနောက်ခံ အသားအနည်းငယ်ကို select လုပ်ပါ။

ပြီးရင် Transform (Ctrl+T) နှိပ်ပြီး ဘေးကိုလိုသလောက်ဆွဲလိုက်ပါတယ်

ဒါဆိုရင် sticker လေး တစ်ခုရသွားပြန်ပါပြီ

ဒီလိုနဲ့ sticker ၄ခု ပြည့်သွားပြီဆိုရင်တော့ 4x6 resolution 300 ရှိတဲ့ အသစ်တစ်ခုယူပြီး sticker ၄ခုပြည့်အောင် စီလိုက်ပါတယ် ပုံထုတ်လို့ရပါပြီနော်

မှတ်ချက်။    ။ပုံတစ်ပုံချင်း Save လုပ်တာမဟုတ်ပဲ တစ်ခါတည်းတန်းလုပ်တဲ့သူများအတွက်ပါ Layer တွေပေါင်းချင်ရင် Layer box ထဲ right click နှိပ်ပြီး Merge down/ up လုပ်လို့ရပါတယ် ဒါမှမဟုတ် Ctrl+Eပါ။ ကိုယ်ပေါင်းချင်သလောက် layer တွေကို select လုပ်ပြီး Ctrl +E နှိပ်ရင်လည်း Select လုပ်ထားသလောက်ပေါင်းသွားမှာပါ။
Photoshop နဲ့မဟုတ်ပဲ internet မှာ sticker ပုံလေးတွေရယ် ကိုယ်ဓါတ်ပုံလေးတွေ လက်ဆော့လို့ရတဲ့ site လေးတွေပါ။
http://www.photofunia.com/
http://imikimi.com/
http://www.dumpr.net/
http://www.faceinhole.com/us/
http://www.clubdud.com/widgets/photos/celebrities
http://www.faceonbody.com/

Category: ,

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments