United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

Banana Diets ငှက်ပျောသီး-အာဟာရ

Anonymous | Wednesday, September 22, 2010 | 0 comments


“Blog တခုထဲက Japan မှာ breakfast ကို banana + Pure water နေ့ တိုင်းစားရင် ၆ လ မှာ ၁၃ ကီလို ကျတယ်လို့  ဖတ်ရပါတယ်။ ဘယ်လို မြင်ပါသလဲ၊ ဖြစ်နိုင်ပါသလား ဆရာ။ အရမ်း လွယ်နေလို့ ပါ။”

ဒါက (ဘလော့ခ်) မိတ်ဆွေကနေ “ရှယ်” လိုက်တာ။ သူပြောလာတာ ဆရာပြန်လုပ်ဘို့ ရှာတော့ မနက်စာကို ငှက်ပျောသီး စားနိုင်သလောက် ပြောတာ တွေ့ရသလို တလုံးထဲ စားပါလည်း ဖတ်ရတယ်။ ပြီးရင် အခန်း အပူချိန်သာရှိတဲ့ ရိုးရိုးရေ သောက်ပါတဲ့။ နေ့လည်စာ နဲ့ ညစာ ကြိုက်တာ သုံးဆောင်ပါတဲ့။ ညနေ ၃ နာရီ အဆာပြေလည်း သဘောဘဲတဲ့။ အဲ့ အချိုတည်းတာတော့ မဟဲနဲ့တဲ့။ ပြီးရင် သန်းခေါင် မတိုင်ခင် အိပ်ပါတဲ့။ ဟုတ်ပ လွယ်လိုက်၊ ရှင်းလိုက်တာ။

ရေးထားတာထဲမှာ ဇီဝဖြစ်စဉ် Metabolism ကောင်းစေတယ် ဆိုတာလည်း ပါသေးတယ်။ ဂျပန် ဆေးပညာ-ပါမောက္ခ ကနေ ထုတ်တဲ့ မေးခွန်းကိုတော့ ဂျပန်တွေက မသိချင်ရောင် ဆောင်ကြဆိုဘဲ။ ကိန်းဂဏန်းနဲ့ တိုးတက်လာတာကတော့ တိုင်ဝမ် နဲ့ ဖိလစ်ပိုင်ကလာတဲ့ ငှက်ပျောသီး (အင်ပို့တ်) ဖြစ်တယ်။ အရောင်းက ၈၀% တက်သွားစေလို့တဲ့။

သတင်းထောက် Mary-Liz Shaw ကရေးတော့ ငှက်ပျောသီး-အာဟာရကို ၁၉၇၀ ကတည်းကလို့ သိရတယ်။ တစ္ဆေ၀တ္ထု ရေးတဲ့ စာရေးဆရာ (ကလစ်ဖို့-သာလော) ကနေ ၁၉၉၅ မှာ The Amazingly Simple Banana Diet စာအုပ် ရေးတယ်။ ၂၀၀၈ အောက်တိုဘာ လလယ်ထုတ် (တိုင်းမ်) မှာလဲ Japan Goes Bananas for a New Diet လို့ ပါခဲ့တယ်။ သုံးထားတဲ့ အင်္ဂလိပ် စကားစုက Go crazy နဲ့ အတူတူမို့ ဗမာလိုဆို “အရူးထကြတယ်” လို့ ပြောတာပါ။

မီဒီယာ ဆိုတာက ဘယ်သူ အရူးထထ ရေးစရာ ရတာကိုး။ အကိုးအကားလည်း ပါသေးတာ။ ငှက်ပျောသီးမှာ ကဇီဓါတ် ကနေ အဆီဓါတ် ပြောင်းပေမဲ့ဟာကို တားနိုင်တဲ့ Resistant starch ပါသတဲ့။ ဒါ့ကြောင့် အပိုဆောင်းထားတဲ့ အဆီတွေကို ထုတ်သုံးလိမ့်မယ်ပေါ့။

ရေးတဲ့သူ ရှိတော့ မေးတဲ့-ဖြေတဲ့သူတွေလည်း ပေါ်လာတယ်။
Will the Morning Banana Diet make you thin? ငှက်ပျောသီးနဲ့ (ဘရိတ်ဖတ်) ရင် (၀ိတ်) ကျမယ်ဆိုတာ ဟုတ်ပါလား။
Maybe… ဟုတ်ချင်လဲ ဟုတ်မှာပေါ့လေ။ သုတေသနတွေတော့ တလှေကြီး လိုအုံးမယ်။
Is the Morning Banana Diet hazardous? အဲဒါက အန္ကရာယ်ကင်းရဲ့လား။
Probably not ကင်းလောက်တယ် ထင်တာဘဲ။
Are you going to try it? ဒါဆို ခင်ဗျားက စမ်းတော့မယ်ပေါ့။
Sorry ဟင့်အင်း။

သိပ္ပံနည်းကျကျ ရေးပြတာတွေလည်း ဖတ်ပါအုံး။ ငှက်ပျောသီးမှာ Resistant starch ဆိုတဲ့ (ကလိုရီ) အစား လျှော့စေတာ သာမက (စပါယ်ရှယ်) ကျတာလည်း ရှိသေးသတဲ့။ သူ့ကို အူမကြီးထဲမှာ ကစော်ပေါက်သလို ဖြစ်သွားရင် တခြား (ဖိုင်ဗာ) ပါတဲ့ အစားတွေထက် Butyrate ဆိုတာကို ပိုထုတ်ပေးတယ်။ ဒါကနေ ဟော်မုန်းတမျိုး ဖြစ်စေအောင် လုပ်ပေးတယ်။ Satiety hormones က စားချင်နေတယ်-စားလို့ဝပြီ ဆိုတာ ဖြစ်စေပါတယ်။ သူ့လိုဘဲ ပြောင်းကနေရတဲ့ Hi-maize resistant starch စားရင် ၂၄ နာရီအတွင်းမှာ (ကယ်လိုရီ) ၁၀% လောက် လျှော့စားသတဲ့။ ဘာလီစေ့ကနေ ရတာကလဲ အဲလို သဘောရှိတယ်၊ နောက်နေ့မှာ ခါတိုင်းလောက် မဆာဘူးတဲ့။

ဒါပေမဲ့ အခု (ယူအက်စ်-အိုးပင်း-တင်းနစ်) ဖိုင်နယ်နေ့ ရောက်ပြီ။ တင်းနစ် ကစားသူတွေ ငှက်ပျေားသီး တကိုက်စား၊ နားတာ တွေ့ဘူးကြပါလိမ့်မယ်။ ကိုယ်တွေ့ ပြောရရင် တင်းနစ် ကစားရင် ငှက်ပျောသီးစားတဲ့နေ့ Hypoglycemia ရလို့ သကြားဓါတ် နည်းပြီး ဆက်မကစားနိုင်ပါ။ တခါမကပါ၊ အခါခါ အဲလိုသာဖြစ်တယ်။

Banana Diets ကို ဆန်းစစ်ရအောင်။ အာဟာရ-ဥပဒေသ Food Rules အရ မနက်စောစောစာ ငှက်ပျောသီး ၁ လုံးစားပါ။ ၁ လုံးမကဖြစ်ဖြစ် တခြား အသီးဖြစ်ဖြစ်လည်း စားလို့ရတယ်။ ၁၅-၃၀ မိနစ် စောင့်ပြီး၊ ဆာသေးရင် တခုခုစားလို့ ရပါတယ်။ နေ့စာ-ညစာ ကြိုက်ရာမှာစား၊ အချိုပွဲသာ မပါနဲ့။ အခန်းအပူချိန်ရှိ ရေသာသောက်၊ ၀ိုင်-ဘီယာ ဘာမှ မသောက်ပါနဲ့။

Other Rules ထပ်ဆောင်းဥပဒေ၊ ညကိုတော့ သန်းခေါင်ထက် ညဥ့်မနက်စေနဲ့။ ညစာကျေချက်အောင် လိုတဲ့ ၄ နာရီထက် ပိုရင် ပြန်ဆာလာမှာ စိုးလို့။ လေ့ကျင့်ခန်းတောင် လုပ်မနေနဲ့။ အဲ့ နေ့တိုင်း နဲနဲ လမ်းလျှောက်တာတော့ ကောင်းတယ်။

CBS News မှာ အာဟာရကျွမ်းကျင်သူ Kerri Glassman ကနေ Morning Banana Diet ဆိုတာ Fad diet ပါလို့ ပြောချ လိုက်တယ်။ သူပြောချင်တာက ဒါမှ ဒါလို့ ပြောပြီး တခုထဲ အပေါ်သာ ဦးစေားပေးတဲ့ (ပေါ်ပြူလာ) ၀ိတ်ချနည်းဘဲတဲ့။ ရေရှည်မှာ မှေးမှိန်သွားလိမ့်မယ်တဲ့။ သေခြာတာက ငှက်ပျောသီးမှာ ဖိုင်ဗာ ပါတယ်။ ပိုတက်ဆီယမ် ပါတယ်။ ပရိုတင်း ပါတယ်။ ဒါတွေက အင်မတန် ကောင်းတယ်။ ဒါပေမဲ့ တခြား Grapefruit fad diet နဲ့ Cabbage Soup diet တွေလို အတူတူဘဲ မျက်လှည့်လို တမဟုတ်ခြင်း ပြောင်းသွား-ကောင်းသွားမှာ မဟုတ်ဘူးလို့ အမျိုးသမီးက ဆိုပါတယ်။

ဒါ့ပြင် တကယ်လို့ ငှက်ပျောသီးလေး ၁ လုံးစားပြီး၊ Pizza တို့ Fries တို့ ကြိုက်တာ စားမဲ့သူတွေအတွက်က Disaster ဒုက္ခ အကြီးအကျယ် ကျရောက်စေနိုင်ပါသတဲ့။

ရုပ်ရှင်မင်းသမီး ဒီနည်းနဲ့ ၂၆ ပေါင် ကျသွားလို့ ဂျပန်မှာ နာမည်ကြီးသွားရတာ ဖြစ်နိုင်ပါတယ်။ ဂျပန်မလေးတွေ လိုက် အတုခိုးကြတယ်။ ခေတ်မီပြီး Trendy ဖြစ်တာကိုး။ ၃၇ ပေါင်ကျသွားတဲ့ Watanabe အကြောင်းကို ရေးပေးတဲ့ Mixi (ဆိုရှယ်-နက်တ်ဝပ်ခ်) ကျေးဇူးလို့လည်း ပြောနိုင်ပါတယ်။ ဆရာတို့ခေတ်က Trend တွေ အတော် အောက်သွားပြီ မဟုတ်လား။

Dr. တင့်ဆွေ

Category: ,

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments