United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

မန္တလေးတွင် ရွေးကောက်ပွဲ ဆန့်ကျင်ပိုစတာများ ကပ်

Anonymous | Wednesday, September 22, 2010 | 0 comments


22 Sept. 2010...ခေတ်ပြိုင်...ယမန်နေ့က မန္တလေးမြို့ (၆၂) လမ်းနှင့် (၇၈) လမ်းကြားရှိ သိပ္ပံလမ်း၊ (၂၆) လမ်း၊ (၄၁) လမ်းကြားရှိ (၈၄) လမ်းနှင့် အခြားနေရာများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာများကို ကပ်ထားကြောင်း ဒေသခံများက အတည်ပြုပြောကြားသည်။

အဆိုပါ ကြေညာချက်များကို စက္ကူဖြူပေါ်တွင် ရောင်စုံစာသားဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ ပြည်သူတွေအနေနဲ့ မဲပေးခွင့်ရှိသလို ဥပဒေအရ မဲမပေးဘဲ နေပိုင်ခွင့်ရှိသည် ဆိုသည့် စာသားပါရှိပြီး အဝါရောင် မဲပုံးပုံကို ကြက်ခြေခတ်အနီဖြင့် ခတ်ထားကာ အောက်ခြေ၌ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ (၇) ရက်၊ ဥပဒေအရ မဲမပေးဘဲ သပိတ်မှောက်ကြစို့ဟူသည့် စာသားပါရှိသည်။

ထိုသို့ ရွေးကောက်ပွဲဆန့်ကျင်သည့် ပိုစတာများအား မည်သည့်အဖွဲ့အစည်းက လိုက်လံကပ်ထားသည်ကို မည်သူမျှ မသိရှိသေးပေ။

ယခုအခါတွင် ရန်ကုန်၊ ပဲခူး၊ မန္တလေး စသောမြို့ကြီးများတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား ဆန့်ကျင်သည့် စာရွက်စာတမ်း၊ ပိုစတာများ ဖြန့်ဝေကပ်ထားမှုများ နိုင်ငံအနှံ့ ဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၅) ရက်နေ့ ညတွင်လည်း မြောက်ဥက္ကလာပမြို့နယ်နေ တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား မောင်ကျော်ကျော်၊ G.T.C နောက်ဆုံးနှစ် ကျောင်းသား မောင်သာထူးအောင်နှင့် ဥပဒေနောက်ဆုံးနှစ် ကျောင်းသား မောင်ချမ်းမြေ့အောင် အပါအ၀င် ကျောင်းသားလူငယ်တစုသည် စက်တင်ဘာ (၁၅) ရက်နေ့ ညဘက်အချိန်၌ ရွှေပေါက်ကံစက်မူဇုန်တွင် ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ကြက်ခြေခတ် စာစောင်များ ဖြန့်ဝေနေစဉ် ရွှေပေါက်ကံရဲစခန်းမှ ရဲများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

ထို့အပြင် စက်တင်ဘာ (၁၆) ရက်နေ့ညတွင်လည်း မြောက်ဥက္ကလာပ၊ (ည) ရပ်ကွက်၊ သုနန္ဒာလမ်းမကြီးတွင် နေထိုင်သူ ကျောင်းသား (၂) ဦးအား အာဏာပိုင်များက ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုအဖမ်းဆီးခံရသူများအနက်မှ ယမန်နေ့နေ့လယ် (၂) နာရီခန့်တွင် မောင်ရဲလင်းဖြိုး၊ မောင်ချမ်းမြေ့အောင်နှင့် တက္ကသိုလ်ကျောင်းသား မောင်လှကျော်စိုးတို့အား ရန်ကုန်တိုင်းရုံးမှ ရဲများနှင့် အာဏာပိုင်တို့က မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက် ယရကရုံးသို့ လာရောက်ပို့ဆောင် လွှတ်ပေးလိုက်သည်ဟု အဆိုပါမိသားစုများနှင့် နီးစပ်သူတဦးက အတည်ပြုပြောကြားသည်။

၎င်းတို့အား မည်သည့်ဝန်ခံလက်မှတ်မှ ထိုးခိုင်းခြင်းမရှိဘဲ ပြန်လည်လွှတ်ပေးလိုက်သော်လည်း ကျန်ရှိသည့် ကျောင်းသား (၄) ဦးကိုမူ မည်သည့်နေရာတွင် ဆက်လက်ချုပ်နှောင်ထားမှန်း မသိရှိရသေးပေ။

Category: , ,

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments