United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election

နိုဝင်ဘာ ၁၃ တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်

Anonymous | Thursday, September 16, 2010 | 0 comments

16 Sept. 2010...ဧရာဝတီ...နေအိမ် အကျယ်ချုပ် ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နိုဝင်ဘာ ၁၃ ရက်နေ့တွင် လုံးဝလွှတ်ပေး ရ မည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် Freedom Now ဥပဒေရေးရာအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၁ နှစ်တာအတွင်း ၁၅ နှစ်ကြာမျှ အကျယ်ချုပ် ကျခံနေခဲ့ရသည်။

Freedom Now အဖွဲ့၏ ကြေညာချက်တွင် “မြန်မာအစိုးရရဲ့ ဥပဒေကြောင်းအရ ၂၀၁၀၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်ရမှာ ဖြစ်တယ်” ဟု ဖော်ပြထားသည်။

စစ်အစိုးရ ကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရမည် ဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင်ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို “နိုဝင်ဘာတွင် လွှတ်ပေးမည်” ဟူသော လူသိရှင်ကြား ပြောထားသည့် စကားကို Freedom Now အဖွဲ့က ထောက်ပြထားသည်။

နေအိမ်အကျယ်ချုပ် ၆ နှစ်ကြာ ကျခံပြီး လွတ်မြောက်ရန် ၃ လ အလို ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရက နေအိမ်အကျယ်ချုပ် ၁၈ လသို့ လျှော့ချခဲ့သည်။

“မဖိတ်ခေါ်ဘဲ နေအိမ်အတွင်းသို့ ရေကူးဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား ဂျွန် ယက်ထောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေချိုးဖောက်သည်ဟု ဆိုကာ အကျယ်ချုပ်သက်တမ်း အတိုးခံရခြင်းဖြစ်သည်” ဟု Freedom Now က ဖော်ပြထားသည်။

တည်ဆဲ မြန်မာ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်သည့် အကျယ်ချုပ် သက်တမ်းသည် အင်းစိန်ထောင်သို့ လွှဲပြောင်းပေးသည့် ၂၀၀၉ ခုနှစ် မေလ ၁၄ ရက်နေ့မှစ၍ ရေတွက်ရမည်ဟု  Freedom Now အဖွဲ့က ဆိုသည်။

“စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို တိုးခြင်း၊ အသစ်ပြန်လည် အသက်သွင်းခြင်း မပြုလုပ်နိုင်ပါ။ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မအရ သတ်မှတ်ထားသည့် နေအိမ်အကျယ်ချုပ် ချနိုင်သည့် အများဆုံး သက်တမ်း ၅ နှစ်ထက် ကျော်လွန်ကာ ဒေါ်အောင်ဆန်းစုကြည်သည် တနှစ်ပိုလွန်၍ ကျခံထားရပြီး ဖြစ်သည်။ ထိုမျှသာမက အသစ်ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း မပြုဘဲ နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့သေးသည်” ဟု Freedom Now က ဆိုသည်။

စစ်အစိုးရသည် ၁၉၈၈ တွင် အာဏာရယူပြီးနောက် ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေဖြင့် အစားထိုးခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာတွင်မူ အခြေခံဥပဒေဟောင်းကို အသုံးပြုထားသဖြင့် တရားမဝင်ဟု Freedom Now က ထောက်ပြထားသည်။

ပထမအချက်အနေဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေသည် ကာကွယ်သည့်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ခွင့်မပြုပေ။ “နိုင်ငံသား တဦးသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော် လုံခြုံရေးကို ဖြစ်စေ၊ အများ ပြည်သူတို့၏ အေးချမ်း သာယာရေးကို ဖြစ်စေ ထိပါး အန္တရာယ် ဖြစ်စေမည့်” လူမျိုးကိုသာ ထိန်းသိမ်းခွင့် ရှိသည်။

ဒုတိယအနေဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ သည် အများဆုံး ၅ နှစ် ထိန်းသိမ်းခွင့်ရှိပြီး တနှစ်သာ သက်တမ်းတိုးခွင့်ရှိသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ် အစိုးရ ချမှတ်ထားသည့် အပြစ်ဒဏ်သည် ၂၀၀၈ ခုနှစ် မေလ ၃၀ ရက်နေ့ကတည်းက လွတ်မြောက်သင့်ကြောင်း၊ သို့သော်  စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်မှာ ၆ နှစ်ကြာခဲ့ကြောင်း Freedom No က သုံးသပ်ပြထား
သည်။

စက်တင်ဘာ ၁၄ ရက်နေ့တွင် စစ်အစိုးရ မီဒီယာများမှတဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ပါတီ ၁၀ ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ သည်။

NLD သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်သဖြင့် ပါတီ ဆက်လက် တည်ထောင်ခွင့် မလျှောက်ထားရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများဖြင့် ပြစ်ဒဏ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန်လည်း ပြုလုပ်ထားသည်။

Category: , ,

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments