United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election
လုပ်ငန်းခွင် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျရောဂါနှင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်း ဆိုင်ရာ ပြသနာများ

မိမိကိုယ်ကိုမိမိ သတ်သေမှုနှင့် ပတ်သက်၍ စာထဲတွင် ဖတ်ဖူးသည်။ ရုပ်ရှင် ဗီဒီယိုများတွင် ကြည့်ဖူး၊ မြင်ဖူးသည်။ စာဖတ်၍၊ ရုပ်ရှင်ကြည့်၍ ဗီဒီယိုများကြည့်၍ စိတ်ခံစားမှု မရှိခဲ့။ မရခဲ့ဖူးပေ။ မနေ့တစ်နေ့က မိမိနှင့် လုပ်ဖော်ကိုင်ဖက် တစ်ဦး မိမိပတ်ဝန်းကျင် အနီးအပါးတွင် မသေမချင်း မိမိကိုယ်မိမိ အဆုံးစီရင် သွားသည်ကို တွေ့ရသည့်အခါ များစွာ အံ့သြမိသည်။ တုန်လှုပ် ချောက်ချားမိသည်။ဝမ်းနည်းခြင်း များစွာနှင့် အတူ စိတ်မကောင်းခြင်း များစွာ ဖြစ်မိသည်။ ထိုနေ့မြင်ကွင်းများကြောင့် တစ်ညလုံးအိပ်မပျော်။ သည်လူ ဘာလို့ကိုယ့်ကိုယ်ကိုယ် မသေမချင်း သတ်သေရတာလဲ။ ကိုယ့်ကိုယ် ကိုယ်သတ်သေမှု ဘာကြောင့် ဖြစ်ရတာလဲဟု စဉ်းစားမိသည်။ သိချင်စိတ်များလည်း ဖြစ်ပေါ်မိသည်။ မိမိသိလိုသည့် ကိုယ့်ကိုကိုယ် သတ်သေခြင်းဆိုင်ရာ ပြဿနာများကို သိရှိနိုင်ရန် ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ စာအုပ်များကို ရှာဖွေဖတ်ရှု လေ့လာမိသည်။
စိတ်ဖိစီးမှု၏ သဘောသည်ပြောင်းလဲမှုမှန်သမျှနှင့် ဆက်စပ်နေသည်ဟု စိတ်ရောဂါပညာရှင်များကဆိုသည်။ ကောင်းသော ပြောင်းလဲမှုကြောင့် စိတ်ဖိစီးမှုကို ဖြစ်စေသကဲ့သို့ မကောင်းသော ပြောင်းလဲမှုကြောင့်လည်း စိတ်ဖိစီးမှုကို ဖြစ်စေနိုင် ကြောင်းသိရသည်။ စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာများသည်ရှုပ်ထွေးနက်နဲလှသည်။ အကြောင်းအရာတစ်ခုသည် လူ တစ်ဦးတစ်ယောက်အတွက် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်သော်လည်း အခြားလူတစ်ဦး တစ်ယောက်အတွက် စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်မှုကို ရရှိနေသည်ဟုဆိုသည်။ စိတ် ဖိစီးမှုဖြစ်ပေါ်စေသည့် အကြောင်းအရာ များသည် ထုနှင့်ထည်နှင့် ကြီးမားသည့် အဖြစ်အပျက်များရှိသကဲ့သို့ အသေးအမွှား ကိစ္စလေးများ ကြောင့်လည်းဖြစ်နိုင်သည်။ ဖြစ်ပေါ်စေနိုင်သည်ဟု ပညာရှင်များ ကသုံးသပ်ထားပြန်သည်။ ရှုပ်ထွေးနက်နဲသည့် အကြောင်း အရာများကြောင့် စိတ်ဖိစီးမှုဆိုတာ ဘာလဲဆိုသည်ကို ပို၍သိချင်လာပြန်သည်။ စိတ်ဖိစီးမှုသည် ဒေါသဖြစ်စေခြင်း၊ စိတ် ရှုပ်ထွေးခြင်း၊ စိတ်မပျော်ရွှင်ခြင်း၊ စိတ် မွန်းကျပ်ခြင်း၊ စိတ်တင်းကျပ်ခြင်း စသည် တို့နှင့်အတူ နေ့စဉ်လူမှုဘဝထဲတွင် ကြုံတွေ့နေရသည့် အဖြစ်အပျက်များနှင့် လည်းသက်ဆိုင်နေသည်။ စိတ်ဖိစီးမှုကြောင့် ဘဝကို တိုးတက် စေသကဲ့သို့ ဘဝကိုဆုံးရှုံးစေနိုင်ပြန်သည်။ အထူးသဖြင့် စိတ်ဖိစီးမှုကို အကြောင်း အရာတစ်မျိုးတည်း တသမတ်တည်း သတ်မှတ်မရနိုင်သည်ကို လက်ခံရမည် ဖြစ်သည်။ ဘဝတွင်ကြုံတွေ့ရသည့် အကျပ် အတည်း၊ အခက်အခဲမှန်သမျှ ကျော်လွှား နိုင်ရန် ကြိုးစားဆောင်ရွက်ရင်း အောင်မြင် သူများအဖို့ ဘဝပန်းတိုင်သို့ ရောက်ရှိပြီး စိတ်ဖိစီးမှုကို ချေဖျက်နိုင်သော်လည်း တစ် ကြိမ်၊ နှစ်ကြိမ် အကြိမ်ကြိမ်ကြိုးစားရုန်း ထွက်သော်လည်း မအောင်မြင်သည့်အခါ ထုထည်ကြီးမားသော စိတ်ဖိစီးမှုကို ခံစားရတတ်ပြန်သည်။ လူ့ဘဝတစ်သက်တာတွင် များစွာသော အဖြစ်အပျက်အကြောင်းအရာများအနက် စိတ်ဖိစီးမှုဖြစ်ပေါ်စေနိုင်သည့် အကြောင်းအချက်များမှာ- -မမျှော်လင့်ဘဲဖြစ်ခြင်း -ပြောင်းလဲမှုကြီးမားခြင်း -ရှောင်လွှဲမရ၍ ထိပ်တိုက်ရင်ဆိုင်ရခြင်း -မကြုံဖူးသောအကြောင်းအရာနှင့်ကြုံတွေ့ခြင်း -စိတ်ခံစားမှုပြင်းထန်ခြင်း -ထိပ်တိုက်တွေ့ကြုံရင်ဆိုင်ရခြင်း စသည်တို့ပါဝင်ကြောင်းပညာရှင်များက အကြမ်း ဖျင်းအားဖြင့် သတ်မှတ်ထားသည်။ စိတ်ဖိစီးမှုဖြစ်နိုင်သည့် အဆင့်(၃)ဆင့်ကို (၁)စိတ်ဖိစီးမှုအမြင့်ဆုံးအကြောင်းအရာ များ၊ (၂)စိတ်ဖိစီးမှုမြင့်သော အကြောင်းအရာများ (၃)စိတ်ဖိစီးမှုအဆင့်ဖြစ်သော အကြောင်း အရာများဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ ယင်းအဆင့် သတ်မှတ်ချက် များစွာအနက် ရုံးလုပ်ငန်း ဆိုင်ရာကိစ္စများကို သီးခြားခွဲထုတ်လေ့လာကြည့်လျှင် အလုပ် ပြုတ်ခြင်းသည် စိတ်ဖိစီးမှုကိုအမြင့်ဆုံးဖြစ်ပေါ်စေသည်။ အလုပ်မှ အငြိမ်းစားယူခြင်းနှင့် အလုပ်ပြောင်းရခြင်းတို့သည် စိတ်ဖိစီးမှုမြင့်စေနိုင်သည်။ လုပ်ငန်းအကြီးအကဲနှင့်ပြဿနာ ဖြစ်ခြင်းနှင့် လုပ်ငန်းတာဝန် ပြောင်းလဲမှုပေါ်ခြင်းတို့သည် စိတ်ဖိစီးမှု အဆင့်သာဖြစ်သော အကြောင်း အရာများဖြစ်သည်။ သို့သော် ရုံးလုပ်ငန်းခွင်တွင် မိမိ၏လုပ်ငန်းအကြီးအကဲသို့မဟုတ်ပတ်ဝန်းကျင်တွင် ပြဿနာဖန်တီးတတ်သူရှိနေလျှင်မှု အချိန်တိုအတွင်း အကြိမ်ကြိမ် ဖြစ်ပေါ်လာသည့် ပြဿနာတစ်ခုနှင့် တစ်ခုပေါင်းစပ်ကာ ထုထည်ကြီးမားသော စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေနိုင် ပေသည်။ ဖြစ်ပေါ်လာသည့် အကြောင်းအရာအလိုက် စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်ခြင်း၊ မဖြေရှင်းနိုင်ခြင်းမှာလည်း ယင်းအကြောင်းအရာများနှင့် သာသက်ဆိုင်သည်။ စိတ်ဖိစီးမှုဖြစ်ရာမှ စိတ်ဓာတ်ကျရောဂါဖြစ်ပေါ်စေနိုင်သည်။ စိတ်ဓာတ်ကျ ရောဂါကြောင့် စိတ်ဖိစီးမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပြန်သည်။ သို့သော်စိတ်ဖိစီးမှု (Stress) နှင့် စိတ်ဓာတ်ကျရောဂါ (Depression)မှာ အကြောင်းအရာ ဆက်စပ်မှုရှိသော်လည်း ကွဲပြားခြားနားသည်။ စိတ်ဓာတ်ကျခြင်းသည် ရောဂါတစ်ခုမျှသာဖြစ်သည်။ စိတ်ဓာတ် ကျရောဂါနှင့်ပတ်သက်၍ စိတ်ကျန်းမာရေး ဆရာဝန်ကြီး ပါမောက္ခဦးသုတ M.B.B.S, M. Med.SC (Psych), D.P.M (U.K) ကစိတ်ဓာတ်ကျရောဂါဖြစ်တာ စိတ်ဓာတ် မခိုင်မာလို့ဖြစ်တာမဟုတ်ဘူး။ (It is not due to weakness of the will) ဟုဆိုသည်။ ထိုနည်းတူစွာပင် (due to weakness of the will)ဟုဆိုသည်။ ထိုနည်းတူစွာပင် ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းလို့ဖြစ်တာလည်းမဟုတ်ဘူး။ (It is not due to personality flaw)ဟုလည်းဆိုသည်။ လုပ်ငန်းခွင်တွင် စိတ်ဓာတ်ကျရောဂါခံစားနေရသူတစ်ဦးသည် လုပ်ငန်းခွင် စွမ်းဆောင်ရည်မည်မျှ မြင့်မားနေသူဖြစ်စေ လုပ်ငန်းစွမ်း ရည်ကျဆင်းသွားခြင်းနှင့် အလုပ် တွင်တိကျစွာ ဆောင်ရွက်တတ်သူသည်လည်းလိုအပ်သည်ထက်ပို၍ တိကျစွာ ဆောင်ရွက် လာခြင်းတို့မှာ ရောဂါလက္ခဏာများပင်ဖြစ်သည်။ စိတ်ဓာတ်ကျရောဂါခံစားနေရသူသည် သာမန်လူသားတိုင်းဖြစ်လေ့ဖြစ်ထ ရှိသည့် အသေးအမွှားကိစ္စ၊ ဒုက္ခကလေးများကိုပင် အမြင့်မားဆုံးစိတ်ဖိစီးမှုဖြစ်ပေါ်စေ တတ်သည် ဟုဆိုသည်။ စိတ်ဓာတ်ကျရောဂါ ပြင်းထန်လာလျှင်မှု ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသည်ဟု ယုံကြည် လာသည်။ နောက်ဆုံးအဆင့် လူ့ဘဝကြီး တွင်နေလိုစိတ်မရှိဘဲ သေလိုစိတ်များလာပြီး မိမိကိုယ်မိမိသတ်သေတတ်သည်။ Suicide လုပ်တတ်သည်။ အထူးသဖြင့် စိတ်ဓာတ်ကျရောဂါဖြစ်သူ (၇ဝ)ရာခိုင်နှုန်းခန့်သည် မည်သည့် အကြောင်းအရာမျှမရှိဘဲ စိတ်ဓာတ်ကျရောဂါခံစား နေရခြင်းဖြစ်သည်ဟု ပညာရှင်များ ဆိုသည်။ ယနေ့ခေတ်ကြီးတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိလူအချို့သည် စိတ်ဖိစီးမှုကြီးမား စွာခံစားနေကြရသည်။ မိမိကိုယ် မိမိသတ်သေခြင်း အဆုံးစီရင်ခြင်း ကိစ္စများကြီးထွားလျက်ရှိသည်။ အထူးသဖြင့် ဂျပန်နိုင်ငံ၊ တောင် ကိုရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့တွင် မိမိကိုယ်မိမိ သတ်သေမှုများ များပြားလာသည်။ ပျမ်းမျှလူ(၁ဝဝဝဝဝ)၌ ဂျပန် နိုင်ငံတွင် (၂၃ဒသမ ၇ရာခိုင်နှုန်း)၊ တောင်ကိုရီးယားနိုင်ငံတွင် (၂၁ဒသမ ၄ရာခိုင်နှုန်း)၊ အမေရိကန်နိုင်ငံတွင် (၁၁ဒသမ ၁ရာခိုင်နှုန်း)၊ ဗြိတိန်နိုင်ငံ တွင် (၆ဒသမ ၇ရာခိုင်နှုန်း) မိမိကိုယ် မိမိ သတ်သေကြသည်။ ယင်းသို့ မိမိကိုယ်မိမိ သတ် သေမှုများသည်အများအားဖြင့် စီးပွား ရေး အကျပ်အတည်းကြောင့် ဖြစ် ပေါ်လာသည့် စီးပွားပျက်မှုနှင့် အလုပ်အကိုင်ဆုံးရှုံးမှုများကြောင့် ဖြစ်သည်ဟု မိမိကိုယ်မိမိ သတ်သေမှု လေ့လာရေးပညာရှင်များကဆိုသည်။ မကြာသေးမီက မိမိ၏လုပ် ဖော်ကိုင်ဖက်တစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ် အတည်းနှင့် မသက်ဆိုင်။ မိသားစုတွင်လည်း ဘာပြဿနာမျှမရှိဟုဆိုလျှင် ယင်း လုပ်နေသည့်လုပ်ငန်းခွင်နှင့်သာ သက်ဆိုင်သည်ဟု ဆိုနိုင်သည်။ သူ့ကိုယ်သူ သတ်မသေမီ အစည်းအဝေးများအတွက် ပြင်ဆင် စရာရှိသည်များကို စနစ်တကျပြင်ဆင် ပေးခဲ့သည်။ နောက်ရက် အစည်း အဝေးများအတွက် ဆောင်ရွက်ရန် ကျန်ရှိသည့်ကိစ္စများကို လွှဲပြောင်း ပေးသင့်သူများကို လွှဲပြောင်းပေးခဲ့ သည်။ မှာစရာရှိသည်များကို မှာကြားခဲ့သည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် စိတ်ဓာတ် ကျရောဂါလက္ခဏာများအနက် တစ်ချက်ဖြစ်သည့်ယခင်ကအလုပ် ကိုတိကျစွာဆောင် ရွက်တတ်သူသည်လည်း လိုအပ်သည်ထက်ပိုမို တိကျဆောင်ရွက်လာခြင်းဖြစ်သည်ဟု ယူဆနိုင်လေသည်။ ထို့အတူ ရုံးလုပ်ငန်းတွင် ပင်စင်ယူပြီးသည်အထိ လုပ်ဆောင်ခဲ့ပြီးသူတစ်ဦးက ထပ်မံအလုပ်လုပ်ရင်း လုပ်ငန်းခွင်တွင် ရုံးလုပ်ငန်း တစ်ခုတည်းကိုသာ နှစ်မြုပ်၍ အလုပ်ကိုတိကျစွာလုပ်သူ၊ အချိန်ကိုတိကျစွာအသုံးချ၍ ရုံးဆင်း ရုံးတက်မှန်သူ၊ ဝန်ထမ်းကြီးငယ်မှန်သမျှ မှားမှားမှန်မှန်ပြန်မပြောတတ်သူ၊ ခိုက်ရန်မဖြစ်ပွားတတ်သူတစ်ဦး က ဘာကြောင့် မိမိကိုယ် မိမိသတ်သေရသနည်းဆိုသည်မှာ စဉ်းစားရ ခက်လှသည်။ တွေးရခက်လှသည်။ အသက်(၆ဝ)အရွယ်က ပင်စင်ယူစဉ်က စိတ်ဖိစီးမှုမဖြစ်ဘဲ အသက်(၆၅)နှစ် အရွယ်ကျော်လာ၍ စိတ်ကျရောဂါဖြစ်သလားဟုလည်း တွေးဆမိသည်။ သို့သော် သက်ကြီး ရွယ်အိုများတွင်ဖြစ်လေ့ရှိသည့် စိတ်ကျရောဂါ အန္တရာယ်ဖြစ်စေနိုင်သည့် အချက်အလက် များတွင်လည်း အကျုံးမဝင်သည်ကိုလည်းတွေ့ရသည်။ သေချာသည်က ရုံးလုပ်ငန်းနှင့်တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းနှင့် သက်ဆိုင်နေသည်။ သေဆုံးသူမကွယ်လွန်မီက ရေးခဲ့သည့် သေတမ်းစာအရဆိုလျှင် ရုံးကိစ္စ နှင့် တိုက်ရိုက်သက်ဆိုင်နေသည်ဟု ယူဆနိုင်သည်။ ယူဆရမည်ဖြစ်သည်။ သေတမ်းစာတွင် မိမိကိုယ်မိမိအပြစ်ရှိသည်ဟု ယူဆသဖြင့် မိမိအပြစ်ကို မိမိတာဝန်ယူဖြေရှင်းလိုက်သည် ဆိုသည့်စာသားမှာ သူ့တွင်စိတ်ကျရောဂါ ခံစားခဲ့ရသည့် အဓိပ္ပာယ်ကို ပေါ်လွင်စေသည်။ စိတ်ဖိစီးမှုဖြစ်စေရန်၊ စိတ်ဓာတ်ကျရောဂါဖြစ်စေရန် သူလုပ်ကိုင်ဆောင်ရွက်ရသည့် လုပ်ငန်းခွင်တွင်နှစ်ရှည်လများ အမြဲလိုလိုပြဿနာဖန်တီးတတ်သူတစ်ဦး သို့မဟုတ် တစ်ဦးမကရှိနိုင်သည်။ ရှိခဲ့လျှင်မူ ထိုသူက သွယ်ဝိုက်သောနည်းဖြင့် မိမိကိုယ်မိမိသတ်သေ ရန် စီရင်ချက်ချလိုက်ခြင်းသာဖြစ်ပေတော့မည်။ သတိပြုဆင်ခြင်ဖွယ်ကောင်းလေစွ။ ပုရွက်ဆိတ်တစ်ကောင်သတ်ရခြင်းထက် ဆင်တစ်ကောင်သတ်ရသည်က ပို၍ လုံ့လ စိုက်ထုတ်ရသည်။ ဆင်တစ်ကောင်သတ်ရခြင်းထက် လူတစ်ယောက်ကို သတ်ရသည်က ပို၍ ပို၍ လုံ့လစိုက်ထုတ်ရသည်။ ယခုတော့ ပုရွက်ဆိတ်အသက်နှင့် လူ့အသက်က တူသယောင်ယောင်ပင်။ မောင်ခိုင်ခန့် (အမျိုးသားစာပေဆု) REF အာရောဂျံမဂ္ဂဇင်း၊ (၂ဝဝ၅)ခုနှစ် နိုဝင်ဘာ။ အာရောဂျံမဂ္ဂဇင်း၊ (၂ဝဝ၉)ခုနှစ်၊ ဖေဖော်ဝါရီ CURRENT TIMES (၂ဝဝ၉)ခုနှစ်၊ မတ်(၃၁