United Nation Security Council must act, take action on Myanmar military government about present situation of Myanmar ,The National League for Democracy (NLD) has announced that they will not register for Burma’s elections to be held in 2010. The declaration follows a series of recent changes to political party registration laws by the country’s military junta, in which they warned the NLD to expel its leader, Aung San Suu Kyi, or lose their eligibility to register, changes she has labelled “unjust and unfair.” call for the immediate release of detained Burmese democracy leader Aung San Suu Kyi and more than 2,000 political activists as well as for national reconciliation prior to the 2010 election
မြန်မာ ပြည်တွင်း ဖြစ်ပေါ်ခဲ့သော စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက်ခဲ့သော ပြည်တွင်း မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့ (လူငယ်) လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ တာဝန်ခံ ကိုကျော်ကျော်၏ စက်တင်ဘာ လှုပ်ရှားမှု နှင့် ရင်တွင်း ခံစားချက် ……

၂၆ ရက်နေ့ တွင် စတင် ပစ်ခတ်ခံရပြီး အလုံ သခင်မြပန်းခြံဘက် ချီတက်နေကြပုံ

ဆရာတော် ဦးနေမိန္ဒ နှင့် မြေသြဇာ အဖွဲ့ဝင်များ -
ကျနော်တို့မြန်မာနှိင်ငံမှာ မွေးဖွား ကြီးပြင်း ခဲ့တဲ့ တစ်လျောက်မှာ ဒီ နအဖရဲ့ ဖိနှိပ်မှုအောက်မှာ တစ်သက်လုံး ဒီအတိုင်းကြီး အကြောက်တရား လွမ်းမိုးပြီး နေသွားလို့ မရတော့ဘူးလို့ သိလိုက်ရတဲ့ အချိန်မှာ အရင်ဆုံး လုပ်ဖြစ်တာက ဒီအကျင့်ပျက် အစိုးရကို ပယ်ချဖို့ အတွက် လူထု အပေါ် ထာဝရ နွေးထွေးမှု ပေးနိုင်မယ်လို့ ယုံကြည်တဲ့ လူထု ခေါင်းဆောင် ဆိုတာကို အရင် လေ့လာ ဖြစ်ခဲ့တယ်။ တဆက်တည်းမှာပဲ တွေ့သင့် သူကိုတွေ့။ လိုအပ်တဲ့ ပညာ ယူသင့်တာ ယူဆွေးနွေးသင့်တာ တွေဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တခုကို အခိုင်အမာချလိုက်တယ်။ လူထု တရပ်လုံးနှင့် နောင်မျိုးဆက် အားလုံးအတွက်ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးမဲ့-အစတေးခံလူငယ်များနဲ့ သမိုင်းဝင် သာဓုကန် စေတီ (ရွှေပြည်သာမြို့သစ်)မှာ အကောင်းဆုံး မြေသြဇာ ဆိုတဲ့ အဖွဲ့ ဖွဲ့စည်းပြီး အောက်ပါ အလုပ်တွေ ဆက်လုပ် ခဲ့ပါတယ်။။

(၉-၁-၂၀၀၅) ရန်ကုန်တိုင်း အတွင်းရှိ ကျောင်းများမှ လူငယ်များအား စည်းရုံးခြင်း။ ကျောဘက်တွင် (?) တံဆိပ်နှင့် ရှေ့တွင် စည်းရုံး လှုံ့ဆော် စာများ ရေးသားထားသော (T-shirt)များ အခမဲ့ ဖြန့်ဖြူး ဝတ်စေခြင်း။ ဘောပင်-သော့ချိတ်)များ ပြုလုပ်ဝေခြင်း။ နအဖ ဆန့်ကျင် စာများအား ကျောင်းဝင်း အတွင်း ကပ်ခြင်း။ မြို့နယ်များရှိ ရပ်ကွက်များ အတွင်း ဖြန့်ဝေ ကျဲချခြင်း။ အဖွဲ့လူငယ် များနှင့် တွေ့ဆုံ ဆွေးနွေး ဖလှယ်ခြင်းများ စဉ်ဆက် မပျက် ပြုလုပ် ခဲ့ပါတယ်။။ ဒီလို ဖြတ်သန်း လာရင်းနဲ့ စက်တင်ဘာ သံဃာတော်များ ဦးဆောင်တဲ့ လှုပ်ရှားမှုကြီးမှာ ဆရာတော်များရဲ့ လုံခြုံရေးနှင့် ပြည်သူ လူထု တရပ်လုံးနှင့် ကျောင်းသား လူငယ်ထု တရပ်လုံး ပါဝင် လှုပ်ရှား ဆောင်ရွက် နိုင်စေဖို့ အတွက် ပြည်တွင်း မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့များနည်းတူ တဖက် တလမ်းက ပါဝင် ဆောင်ရွက် ခဲ့ပါတယ်။ ဒီလို ဆောင်ရွက် ခဲ့တဲ့ အတွက် (နအဖ) မှ လိုက်လံ စုံစမ်း ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအချိန်မှာ သူတို့ ဖမ်းဆီးတာကို မခံပဲ လွတ်မြောက် နယ်မြေကို ထွက်လာခဲ့ခြင်း အားဖြင့် ဆက်လက် တော်လှန် သွားမှာ ဖြစ်ပြီး ပြည်တွင်း ကျန်ရှိတဲ့ ဗကသ၊ (၈၈) နှင့် ကျန်အဖွဲ့အစည်းများ။ ပြည်တွင်းရှိ လူထုတရပ်လုံး အတွက် တက်နိုင်တဲ့ ဘက်က ဆက်လက် လှုပ်ရှား ဆောင်ရွက် သွားမယ် ဆိုတာ အသိပေး လိုက်ပါတယ်။။

စက်တင်ဘာ လှုပ်ရှားမှု တစိတ် တဒေသ … … …

(၂၄-၉-၂၀၀၇) - ရွှေတိဂုံ အရှေ့ဘက် မုဒ်မှ စတင် ထွက်ပြီး ဗားကရာလမ်း အတိုင်း။ တဆင့် လှည်းတန်း လမ်းဆုံ မှတဆင့် ရှစ်မိုင် လမ်းဆုံ။ တဆင့် ကျိုက်ဝိုင်း-ဘုရားလမ်း။ တဆင့် ကမ္ဘာအေး ဘုရား ရင်ပြင်တွင် သံဃာ တပ်ပေါင်းစု ဆရာတော်များမှ အထွေထွေ တရားများ ဟောကြားပြီး လမ်းခွဲ …..။

(၂၅-၉-၂၀၀၇) - ကြေးသွန်း ဘုရားရှေ့တွင် သပိတ် စခန်းဖွင့်ပြီး ယောက်လမ်း အတိုင်း ချီတက်။ ဆူးလေ ဘုရား ရှေ့တွင် သံဃာတော်များ၊ ကျောင်းသားများ ၊ အနုပညာရှင်များ မှ တရားဟောပြီး သိမ်ဖြူလမ်းအတိုင်း။ တဆင့် ပုဇွန်တောင်။ ကျောက်မြောင်း တို့မှ ဖြတ်ပြီး ဗိုလ်ချုပ် ပန်းခြံလမ်း။ တဆင့် ကြေးသွန်း ဘုရားရှေ့တွင် သံဃာ တပ်ပေါင်းစု ဆရာတော်များမှ အထွေထွေ တရားများ ဟောကြားပြီး လမ်းခွဲ………။

(၂၆-၉-၂၀၀၇) - နေ့လည် (၁၁း၃၀) နာရီ ခန့်တွင် ကြေးသွန်း ဘုရားရှေ့တွင် စုဝေး ရောက်ရှိ နေသော သံဃာတော်များ၊ ကျောင်းသားများ နှင့် ပြည်သူ လူထု အတွင်းသို့ စစ်ကားများ။ လုံထိန်းကားများ။ နအဖလက်ကိုင်ဒုတ်(ရပ်ကွက် အတွင်းရှိ ခိုး၊ ဆိုး၊ နှိုက်) များ ဦးဆောင်ပြီး အကြမ်းဖက် ရိုက်နှက်၊ ဖမ်းဆီး၊ နှိပ်စက်၊ ပစ်ခတ်မှုများ လူမဆန်စွာ ပြုလုပ်လာ သဖြင့် ကြေးသွန်း ဘုရား အနောက်ဖက်ရှိ ညောင်တုန်း ကျောင်းတိုက် အတွင်းတွင် ဆရာတော်များ စုစည်းပြီး အင်အား(၇၀၀၀) ခန့်ဖြင့် ရွှေဂုံတိုင်လမ်း အတိုင်း ထွက်ခွါ လာရာ (NLD) ရုံးတွင်းမှ သံဃာတော်များနှင့် အတူ အဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ချီတက် ဆန္ဒပြကြရာ လမ်းတလျှောက်တွင် နအဖ အာဏာ မပိုင်များက မိမိတို့ ကဲ့သို့ အကြမ်းဖက် ခံရပြီး ကွဲထွက်သွားသော တပ်ပေါင်းစု များနှင့် မစု မိစေရန် လိုက်လံပြီး ချီတက်ရာ လမ်းကြောင်း ပိတ်ခြင်းများဖြင့် လိုက်လံနှောက်ယှက်ခြင်း များပြုလုပ်နေသော်လည်းဘုရင့်နောင်လမ်း(ကန္နားလမ်း)ရှိ သခင်မြ ပန်းခြံ ရှေ့ထိ ချီတက် ဆန္ဒပြခဲ့ကြရာ ဆူးလေဘက် တက်မည့် ဘက်မှ ပိတ်ဆို့ ထားခြင်း ခံရပါတယ်။ ဒါကြောင့် ချီတက်ရာ လမ်းကြောင်း ပြောင်းကာ ဘုရင့်နောင် ဘက်သို့ ထပ်မံ ချီတက် ခဲ့ပါတယ်။ အလုံမြို့နယ် ဆင်မင်း ဈေးနား အရောက်တွင် ရှေ့နောက် နှစ်ဘက် ညှပ်ပြီး ထပ်မံ ပိတ်ဆို့ ခံရပါတယ်။ (၂) မိနစ် အတွင်း လူစုခွဲခိုင်းပြီး ပစ်ခတ်။ ရိုက်နှက် ခံရပါတယ်။ နာရီဝက်ခန့် အကြာတွင် ဆင်မင်း ဈေးဘက်မှာ နအဖ အရာရှိမှ သံဃာတော်များ ငြိမ်သက် တိတ်ဆိတ်စွာဖြင့် နှစ်ပါးစီ သွားခွင့် ပြုပြီး သံဃာတော်များနှင့် လူထုကို ဖြိုခွဲခဲ့ပါတယ်။

(၂၇-၉-၂၀၀၇)- ကျိုက်က္ကဆံကွင်း အနီး အထက(၃)ကျောင်း အရှေ့တွင် ဆန္ဒပြ ကျောင်းသား၊ သံဃာ၊ လူထုအား ဖမ်းဆီး ပိတ်ဆို့ ထားသော စစ်တပ် လုံထိန်းနှင့် စွမ်းအားရှင် များအား ပြန်လည် ပိတ်ဆို့ပြီး ပြန်လွတ် ပေးရန် တောင်းဆိုခြင်း။ တိုင်ကီ များ ချပြီး တောချောက် မောင်းထုတ်သလို ထုခြင်း ကမ္ဘာမကြေ သီဆိုခြင်းများ ပြုလုပ်နေချိန်တွင် ခွတ်ဒေါင်း အလံ လွှင့်ထူပြီး အင်အားဖြည့် လာရောက် ပူးပေါင်းသော ကျောင်းသား လူငယ်များ။ ကျောင်းကြိုရန် ရောက်ရှိနေသော ကျောင်းသား မိဘများနှင့် လူထုအား တာမွေ အဝိုင်းထိပ် မီးပွိုင့်ဘက်မှ တရကြမ်း မောင်း ဝင်တိုက်သတ်။ ပစ်ခတ် ၊ ရိုက်နှက်၊ ဖမ်းဆီး ခေါ်ဆောင်ကာ လူစုခွဲ ဖြိုခွင်း ခဲ့သော်လည်း ကန္နားလမ်း တလျှောက် ဆန္ဒပြနေသော ကျောင်းသား တပ်ပေါင်းစုနှင့် ထပ်မံ အင်အား ဖြည့် ပါဝင် ဆောင်ရွက်ရာ ဆင်မလိုက် အဝေးပြေးဝင်း အနီးတွင် ထပ်မံ ပစ်ခတ် ဖြိုခွဲ လူစုခွဲခြင်း ခံရပြန် ပါသည်။

၂၅ ရက်နေ့ ထိ ချီတက်ရာ လမ်းကြောင်းတွင် တစုံတရာ နှောက်ယှက်မှု မရှိသော်လည်း (၂၆) ရက်နေ့ (၁၁း၃၀) ခန့်တွင် ကြေးသွန်း ဘုရား ရှေ့တွင် သပိတ် စခန်းဖွင့် စောင့်နေကြသော သံဃာတော်များ။ ကျောင်းသားများ။ လူထုများ ကြားထဲသို့ တရုတ် နိုင်ငံမှ လာဘ်ထိုး ထားသော (Faw) ကားကြီး (၆) စီးနှင့် စစ်သားများ၊ လုံထိန်းများ၊ဒိုင်နာလိုင်းကား(၃)စီးနှင့်နအဖ၏ လက်ကိုင်ဒုတ်(ကြံ့ဖွတ်-စွမ်းအားရှင်များ) မီးသတ်ကား အသေး(၂) စီး တို့ဟာ ယာယီ သပိတ် စခန်းထဲသို့ တရကြမ်း မောင်းဝင် ရိုက်နှက် လူစုခွဲခိုင်းခြင်း၊ သံဃာတော်နှင့် လူထု တချို့အား ပိတ်ထား ခြင်းများ ပြုလုပ်နေမှု၊ အပေါ် စည်းအပြင်ရှိ လူထုများမှ ၄င်းတို့အား ဖွင့်ခိုင်းခြင်း ကြိမ်းမောင်းခြင်း မျိုးစုံဖြင့် ဖိအားပေးနေခြင်း အပေါ် စစ်အာဏာရှင် ငရဲ မကြောက်သူများမှ တဆင့် တိုးပစ်ခတ်ခြင်း။ မျက်ရည်ယိုဗုံး ခွဲခြင်းဖြင့် ထပ်မံ ပြုလုပ်လာ သဖြင့် သံဃာ တပ်ပေါင်းစု၊ ကျောင်းသား၊လူထုသည် ဗဟန်း (၃)လမ်း၊ ကြားတောရလမ်း၊ ရွှေဂုံတိုင်လမ်း၊ အသီးသီး အဖွဲ့ ကွဲထွက်ပြီး (၁) နာရီတွင် စတင် လမ်းလျှောက် ဆန္ဒပြမည် ဆိုသော်လည်း နအဖ မိစ္တာတွေ၏ အကြမ်းဖက်မှုကြောင့် အသီးသီး ကွဲထွက် လာသည့် အင်အားဖြင့် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ မေတ္တာပို့ ထွက်ခဲ့ပါတယ်။ ဒီလို ထွက်ခဲ့တဲ့ ချီတက်ရာ လမ်းတလျှောက်မှာလည်း ငယ်ငယ်က စိမ်ပြေးတမ်း ကစားသလိုပဲ လိုက်လံ နှောက်ယှက် ပိတ်ဆို့မှုများ တောက်လျှောက် လုပ်လာ ပါတယ်။ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒပြနေတဲ့ တပ်ပေါင်းစုမှာ လက်နက်ဆိုလို့ အပ်တို တချောင်းတောင် မရှိသော်လဲ လိုက်လံ နှောက်ယှက် နေတဲ့ ဘုရား တည်၊ ကျောင်းဆောက် နေတဲ့ ဘုရား တကာတွေရဲ့ လက်ကိုင်ဒုတ် တပည့်ကျော် တွေရဲ့ လက်တွေ ထဲမှာတော့ အသေးဆုံး နံပါတ်ဒုတ်နဲ့ အကြီးဆုံး(40 နဲ.M-16) တွဲထားတဲ့ လက်နက်တွေနဲ့ လစ်ရင် လစ်သလို ချောင်းတဲ့ နေရာမှာ အပျောက် ရိုက်ဖြိုခွင်းဖို့ လိုက်လံ နှောက်ယှက် ပိတ်ဆို့မှုတွေ လုပ်သော်လဲ သံဃာ တပ်ပေါင်းစု ချီတက်ရာ လမ်းတလျှောက်မှာ လူထု ပါဝင်လာခြင်း။ ဆရာတော်များ ကံဆောင်ခြင်း အပေါ် ဝမ်းသာ မျက်ရည်ဆို့ခြင်း၊ နအဖ အကြမ်းဖက်ခြင်း အပေါ် မေတ္တာပျက် ဝမ်းနည်း မျက်ရည် ဆို့ခြင်း များဖြင့် အားပေး ဆုတောင်းမှုများ ရှိခဲ့ခြင်း များဖြင့် ကံဆောင် သံဃာတော်များ။ ကျောင်းသားများ။ NLD လူငယ်များနှင့် လူထု အတွက် အားဖြစ်ပေါ်လျက် ဆက်လက် ချီတက် ဆန္ဒပြ မေတ္တာပို့ ခဲ့ကြပါတယ်။။

((( စာကြွင်း - ချီတက်ရာ လမ်းတလျှောက်တွင် သံဃာတော်များမှ မေတ္တာပို့ခြင်း။ NLDလူငယ်များနှင့် ကျောင်းသား လူငယ်များမှ သံဃာတော်များ၏ လုံခြုံရေး အတွက် လက်ခြင်းချိတ်ပြီး ဘေးဘယ်ညာ ကာရံ ပေးထားခြင်း။ ဘာသာ ပေါင်းစုံ ပါဝင်သော လူထုမှ သံဃာတော်များ လူထု အတွက် နအဖ ကို မေတ္တာပို့ အမျှဝေခြင်း အပေါ်နအဖ မှ အကြမ်းဖက်သည့် အတွက် သံဃာတော်များနှင့် ဆန္ဒပြ ပြည်သူ လူထုကြီးတို့ ဘုရား ခြေတော်ရင်း တွေမှာ သွေးမြေကျ ကုန်ပါပြီ။ သံဃာတော် များကို လက်အုပ်ချီ ပူဇော်ပေးပါ။ အားပေးပါ။ ပူးပေါင်း ပါဝင်ကြပါဟု လမ်းတလျှောက် ကြွေးကြော် ကြပါတယ် )))

ကျော်ကျော် (တာဝန်ခံ)
လူထု တရပ်လုံး အတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့
www.thebestmanure.org
tbmstk1@gmail.com
မေလ(၁၁)ရက်မှ (၂၀)ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်သို့ စတင်ဝင်ရောက်ရာ၌ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလဒုတိယ (၁၀)ရက်ပတ်(၁၁ရက်မှ၂၀ရက်)၊ မြစ်ဝကျွန်းပေါ်ဒေသများသို့ မေလတတိယ (၁၀)ရက်ပတ်(၂၁ရက်မှ၃၁ရက်)၊ အလယ်ပိုင်းဒေသများသို့ မေလကုန်ပိုင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ ဇွန်လဆန်းပိုင်းတွင် အသီးသီးဝင်ရောက်မည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံလုံးကို လွှမ်းခြုံဝင်ရောက်ပြီးနောက် ဇွန်လဆန်းတွင် မိုးဦးရာသီ စတင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုးရာသီကာလမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများဖြစ်ပြီး စက်တင်ဘာနှင့် အောက်တိုဘာလတို့မှာ မိုးလွန်ကာလများ ဖြစ်သည်။ မိုးကြိုကာလဖြစ်သည့် ယခုအချိန်တွင် မုန်တိုင်းကို သတိပြုရန်လိုအပ်ပြီး မိုးဦးရာသီ ရောက်ရှိပါက မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းကို စိုးရိမ်ဖွယ်ရာ မရှိတော့ဟု ဆိုသည်။ မေလအတွင်းတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် (၁၃)ရက်မှ (၁၅)ရက်ခန့်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် (၈)ရက်မှ (၁၂)ရက်ခန့်နှင့် ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် ရက်သတ္တပတ်ခန့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။ ပြီးခဲ့သည့် မေလ(၆)ရက်နေ့ ညနေပိုင်းတွင် မန္တလေးမြို့၌ ရုတ်တရက် မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး ကြော်ငြာBillboardကြီးများ၊ သစ်ပင်များပြိုလဲခြင်း၊ လျှပ်စစ်ကြိုးနှင့် တယ်လီဖုန်းကြိုများ ပြတ်တောက်ခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မိုးသက်လေပြင်း ကျရောက်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)အထိ မြင့်တက်ခဲ့ကာ လေငြိမ်သွားပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်းလည်း သိရသည်။

Ref: မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန, BiWeeklyEleven
ဂျပန်နိုင်ငံမှာ ၀က်တုပ်ကွေးရောဂါ ဖြစ်သူများ ပထမဆုံးအကြိမ် ရှိနေပြီလို့ အတည်ပြုကြေညာပါတယ်။ ကျောင်းဆရာ တယောက်နဲ့ အထက်တန်းကျောင်းသား နှစ်ယောက်တို့မှာ H1N1 ရောဂါပိုး တွေ့ရှိရတယ်။ အမေရိကန်နိုင်ငံ မစ်ချီကန် ပြည်နယ် ဒီထရွိတ်မြို့ကပြန်အလာ တိုကျိုကို အရောက် တုပ်ကွေးရောဂါ ဖြစ်နေလို့ သူတို့ကို ဆေးရုံတင်ထားရကြောင်း ဂျပန် ကျန်းမာရေးဌာနက ဆိုပါတယ်။

သူတို့ခရီးစဉ်အတွင်း ကနေဒါနိုင်ငံကိုလည်း ၀င်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ ကနေဒါနိုင်ငံမှာလည်း H1N1 ၀က်တုပ်ကွေး ရောဂါ ဖြစ်နေသူတယောက် သေဆုံးသွားပါတယ်။ အသက် ၃၀ အရွယ်ရှိ အဲဒီအမျိုးသမီးမှာ တခြားရောဂါများလည်း ရှိနေတာ မို့ သေဆုံးရတဲ့နေရာမှာ အဲဒီ ၀က်တုပ်ကွေးရောဂါက ဘယ်လောက်အထိ ပါဝင်လဲဆိုတာ သေချာမသိရဘူးလို့ ကျန်းမာရေး တာဝန်ခံများက ပြောဆိုပါတယ်။

မက္ကဆီကိုမှာ နောက်တယောက် သေဆုံးပြန်လို့ ၀က်တုပ်ကွေးရောဂါနဲ့ သေဆုံးသူ ၄၅ ယောက် ရှိသွားပါပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်က နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ရောဂါပိုး ငြိနေသူ ၂,၅၀၀ လောက်ရှိပြီး အများစုကတော့ မက္ကဆီကို နဲ့ အမေရိကန်နိုင်ငံ မှာ ဖြစ်တယ်လို့ ကြေညာပါတယ်။
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန် ဆေးဝါး ကုသပေးနေတဲ့ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်း လည်း အထိန်းသိမ်းခံ ထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေနဲ့ ဒေါက်တာ
တင်မျိုးဝင်း ဘာကြောင့် အထိန်းသိမ်းခံရတာလဲ ဆိုတာတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အခြေအနေကတော့ အတော့်ကို ရှုပ်ရှုပ်ထွေးထွေး ရှိနေတယ်လို့ပဲ ပြောရမှာပါ။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး သူသိထားတာကို အခုလိုပြောပြပါတယ်။

“ကျနော် သိသလောက်လေ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်က pressure low ဖြစ်နေတာပေါ့။ နောက်ပြီးတော့ ရေဓါတ်လျော့နည်းတဲ့ အခြေအနေ တွေ့တယ်လို့ ပြောတယ်။ မနေ့ကပဲ အားဆေးသွင်းတယ်။ ဆက်ပြီးတော့လည်း သွင်းဖို့လိုတယ်လို့ ပြောတော့ အခု လောလောဆယ် ကျန်းမာရေးမကောင်းဘူးလို့ပဲ ပြောရမှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း က အဖမ်းခံထားရတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော လောလောဆယ် ဒေါက်တာ တင်မျိုးဝင်း က အိမ်ပြန်ရောက်ပြီလား။ ဘာကြောင့် အဖမ်းခံရတာလဲ။ ဘယ်နေ့ကရော အဖမ်းခံရတာလဲ၊ -

“၇ ရက်နေ့မှာ တွေ့ဖို့ သူတို့ အဲဒီခြံနားကို သွားတယ်။ တွေ့ရမယ့်သဘော ပြောတယ်။ စောင့်ပါဆိုတာနဲ့ ညနေ ၅ နာရီ လောက်ထိ ဘာမှမတွေ့ရဘူး။ မတွေ့ရတော့မှ ပြန်လာတယ်။ ပြန်လာပြီးတော့မှ လာခေါ်သွားတာ။ ၇ ရက်နဲ့ ညပိုင်း ၆ နာရီဝန်းကျင် လောက်မှာ ပြောစရာရှိလို့ ဆိုပြီး ခေါ်သွားတယ်။ ခေါ်သွားပြီးလို့ သုံးနာရီ လေးနာရီလောက် ကြာပြီးတော့ သူ ပြန်မလာရဘူး၊ သူ သုံးနေကျ ဆေးနဲ့ အ၀တ်အစား လာယူတယ်။ မနေ့က တခါ ၈ ရက်နေ့ပေါ့။ တခါ အ၀တ်အစား လာယူ တယ်။ မနေ့က ညအထိတော့ ပြန်မရောက်သေးဘူး။ ဆိုတော့ ဒါက under detention ပေါ့လေ။ ထိန်းသိမ်းခံထားရတဲ့ အခြေအနေမှာ ရှိပါတယ်။ ၈ ရက်နေ့ကျတော့ ဆရာ့ရဲ့ လက်ထောက် ဒေါက်တာ ပြုံးမော်အေး ကို ဒေါ်အောင်ဆန်းစုကြည် ကို ၀င်ရောက် ဆေးစစ်ခွင့် ပြုတယ်။”

ဟုတ်ကဲ့။ ရေကူးဝင်တဲ့ နိုင်ငံခြားသားနဲ့ပတ်သက်ပြီးတော့ နောက်ဆုံး ဆရာတို့ သိထားတာ ဘာများ ရှိပါသလဲခင်ဗျ။ -

“အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာမှ သတင်းထပ် မရဘူး။”

သံရုံးက တွေ့ခွင့်တောင်းတယ် ဆိုပြီးတော့ ကျနော်တို့ သတင်းတွေမှာ တွေ့ရပါတယ်။ သံရုံးနဲ့လည်း တွေ့ခွင့်မရဘူး ပြောတယ်။ -

“သံရုံးကတော့ ကျနော်တို့လည်း မေးပါတယ်။ သံရုံးကတော့ သူတို့ ၀န်ကြီးဌာန နှစ်ခုပေါ့လေ။ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးကို မေတ္တာရပ်ခံထားတယ်။ ဘာမှ မထူးသေးဘူးလို့ သူတို့ ပြောပါတယ်။”

ဟုတ်ကဲ့။ မနေ့ကတုန်းက ရန်ကုန်ကလာတဲ့ သတင်းတပုဒ်မှာ ကျနော်တို့ တွေ့ရတာက ဒီ နိုင်ငံခြားသား ရေကူးဝင်လာတဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် သိတဲ့ဆိုတဲ့ သဘောမျိုး သတင်းမှာ တွေ့ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒါကို လက်မခံဘူးပေါ့နော်။ ဒါ တရားမ၀င်ဘူး ဆိုတာ ပြောတယ်။ ဆိုတော့ အဲဒီဟာလေးနဲ့ ပတ်သက်လို့ရော ဘာများ တခုခု ပြောနိုင်မလဲ။ သတင်းက အဲဒီနေရာမှာ တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်ပေါ့။ -

“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ် မရှိလို့ဗျ။ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ အဆက်အသွယ်ရှိရင် သူက ကိစ္စတွေကို အမှန်အတိုင်း ပြောတတ်တဲ့ ခေါင်းဆောင်ပါ။ မမှန်တာ မပြောဘူး။ မှန်တာပြောမှာပဲ။ ထိမ်ချန်မှာလည်း မဟုတ်ဘူး။ အဲဒီတော့ ခုနက သတင်းက သူ့ဆီက တိုက်ရိုက်ရတယ်ဆိုရင်တော့ ဒါ မှန်တယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် ကျနော်တို့ မသိပါဘူးခင်ဗျာ။”

ဟုတ်ကဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အခုချိန်မှာ ကိုယ့် ခေါင်းဆောင်တယောက် နေအိမ်အကျယ်ချုပ်ကျတယ်။ ဒီလို အဖြစ်အပျက်တွေ ဖြစ်နေတယ်။ အဲန်ကယ်လ်တို့အနေနဲ့ ဒီလိုအချိန်မှာ အဖြစ်ချင်းဆုံးပေါ့ လိုချင်တာက ဘာပါလဲခင်ဗျ။ အဖြစ်သင့်ဆုံးကရော ဘာလို့ ယူဆပါသလဲ။ -

“အဖြစ်ချင်ဆုံး အဖြစ်သင့်ဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းကြာလှပြီ။ သိပ်ကောင်းတဲ့ အကြောင်းပြချက်လည်း မရှိဘဲနဲ့ ထိန်းသိမ်းနေတာ။ ဒီ ၂၇ ရက်နေ့ ဆိုရင်လည်း ၆ နှစ်ပြည့်ပါပြီ။ အဲဒီတော့ အခုလို ပြဿနာတွေ၊ လုံခြုံရေး ကောင်းတယ် မကောင်းတယ် တို့၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးတို့ ဒီလို အခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးခြင်းအားဖြင့် လက်ရှိ ကျနော်တို့ အုပ်ချုပ်ရေး စစ်ခေါင်းဆောင်များ အနေနဲ့လည်း ဂုဏ်သိက္ခာ ရှိပါတယ်လို့ အဲဒါပဲ ပြောချင်ပါတယ်။”

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့အပေါ် တင်သွင်းခဲ့တဲ့ အယူခံလွှာကို မြန်မာစစ်အစိုးရက ဒီသီတင်းပတ် ထဲမှာ ပယ်ချထားပါတယ်။ ၂၀၀၃ ခှုနှစ်၊ မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲရင်းမြို့နားမှာ အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် နေအိမ်အကျယ်ချုပ် ချထားခဲ့တာမို့ ဒီလဟာ ထိန်းသိမ်းခံကာလ ခြောက်နှစ်ပြည့်မြောက်တဲ့လ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိဥပဒေအရ ပြန်လွှတ်ပေးရတော့မယ့်အချိန် ရောက်နေပြီဖြစ်ပါတယ်။

ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၄ နာရီလောက်က ဆက်သွယ်မေးမြန်းခဲ့ချိန် အထိတော့ ဒေါက်တာတင်မျိုးဝင်း အိမ်ပြန် မရောက်သေးသလို သူ့ကို ဘာကြောင့်ဖမ်းထားတယ် ဆိုတာကိုလည်း မသိရသေးပါဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ အင်းလျားကန်ကို ဖြတ်ပြီး ရေကူးဝင်ရောက်ခဲ့တယ် ဆိုတဲ့ နိုင်ငံခြားသားနဲ့ ပတ်သက်လို့ လည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီကနေ့ ရန်ကုန်ကလာတဲ့ အေပီသတင်းတပုဒ်မှာတော့ သတင်းစာထဲမှာ ဖော်ပြထားတဲ့ အဲဒီလူရဲ့ နောက်ဆုံးနာမည် စာလုံးပေါင်း လွဲနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြောတာ ကို ကိုးကားဖော်ပြထားပြီး သူနဲ့တွေ့ခွင့်ရဖို့ သံရုံးက ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ၊ နေအိမ်အကျယ်ချုပ်သက်တမ်း ပြည့်မြောက်တော့မယ့်ကိစ္စ၊ ဒေါက်တာတင်မျိုးဝင်းကို ထိန်းသိမ်း ထားတဲ့ကိစ္စ၊ ရေကူးဝင်ရောက်တယ် ဆိုတဲ့ နောက်ဆက်တွဲအခြေအနေ စတာတွေနဲ့ပတ်သက်လို့ မြန်မာအာဏာပိုင်တွေ ဘက်ကနေ အခုချိန်ထိ ရှင်းရှင်းလင်းလင်း ပြောကြားတာမျိုး မတွေ့ရသေးပါဘူး။


သတိပြုပါရန်

အစိုးရလက်ပါးစေရဲ့ blog တွေကို အားလုံးက သတိပေးသည့်သဘောမျိုး ပြုလုပ်ပေးပါရန် တောင်းဆိုအပ်ပါသည်။
ကျွန်တော်အင်တာနက်ပေါ် ဒီနေ့သတင်းရှာတော့ http://kyeesaytaman.blogspot.com/ ယခု blog တွင် ဒေါ်စုနှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားပါသည်။ ဒေါသအရမ်းဖြစ်မိသောကြောင့် ယခုလိုရေးသားခဲ့ပါသည် ဒီblogရေးတဲ့ကောင် ဦးနှောက်ကော် ကောင်းသေးရဲ့လား မင်းအဖေ သမ်းစွေ လုပ်လို့ ဒို့နိုင်ငံသုံးမရတာကွ နိုင်ငံကိုတကယ်ချစ်ရင် ဆက်မရေးပါနဲ့ အောက်ခြေလူတန်းစားတွေ ရဲ့ဘ၀ကိုစာနာရင်ပေါ့