
20 Sept. 2010...ခေတ်ပြိုင်...နအဖဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၉၇/၂၀၁၀ ဆိုတာကို ထုတ်ပြန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါပြီ။ မြန်မာပြည်နိုင်ငံရေးသဘောနဲ့ပြောရရင် ဒါဟာအင်မတန်အရေးပါတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေ နှစ်ပေါင်းနှစ်ဆယ်ကျော် တလျှောက်လုံး ကြံစည်နေတာကို အပြတ်အကောင်အထည်ဖော်ချလိုက်တာလို့ ပြောရမှာပါ။ သာမန်ကိစ္စမဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းကစပြီး လူထုရဲ့ ထောက်ခံမှု အများဆုံးရနေတယ်လို့ ဆိုရမယ့် နိုင်ငံရေးအဖွဲ့အစည်းတရပ်ကို အာဏာနဲ့ဖျက်သိမ်းလိုက်တဲ့ အမိန့်ဖြစ်ပါတယ်။
ဒါပေမယ့် နအဖရဲ့ ဒီလုပ်ရပ်ဟာ မြန်မာပြည်နိုင်ငံရေးလောကကို ထူးထူးခြားခြား မရိုက်ခတ်ခဲ့ပါဘူး။
နအဖ ဘယ်လိုပဲ မောက်မာ-မောက်မာ သူတို့အင်မတန်ဝါကြွားလှတဲ့ ဒီရွေးကောက်ပွဲကို တပြည်လုံးမှာ မကျင်းပ နိုင်ကြောင်းကိုတော့ သူတို့ဝန်ခံလိုက်ရပါပြီ။ အဲဒါက အပစ်ရပ်ဒေသတွေမှာပါ။ သူတို့ မနိုင်နိုင်ဘူး သေချာတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မှာမဟုတ်ဘူးဆိုတာဟာ ဘယ်သူမှ မစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ နိုင်ရင်လည်းနိုင်ရမယ်၊ မနိုင်ရင်လည်း နိုင်ရမယ်လို့ လုပ်မရတဲ့ နေရာတွေမှာတော့ ဒီလိုပဲဖျက်သိမ်းမှာပါ။
ဘာပဲပြောပြော ရွေးကောက်ပွဲနီးလေ ကြပ်လေ၊ ကြမ်းလေ ဖြစ်မယ်လို့ ထင်ထားတဲ့အတိုင်း ရှင်းသထက်ရှင်းလင်းစွာ သရုပ်ပေါ်လာပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်ကိုင်ပြလိုက်တာဟာ မြန်မာပြည်နိုင်ငံရေးမှာ စစ်အာဏာရှင်နဲ့ ပတ်သက်လာရင် ဘယ်လိုမှ စိတ်ကူးယဉ်လို့မရကြောင်း အားလုံးကိုထပ်ပြီး သတိပေးနေတာပါ။ ဒီချုပ်လို ဆန့်ကျင်သူတွေ အတွက် စစ်အာဏာရှင်တွေ ပေးသနားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီထဲမှာ စပေ့စ်လုံးဝမရှိကြောင်း ပြသလိုက်တာပါ။ ဒါ့အပြင် ဦးတူးဂျာတို့ကို ပါတီအနေနဲ့ရော လူတဦးချင်းအနေနဲ့ပါ ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာဟာလည်း အပစ်ရပ် အဖွဲ့ဆိုတာတွေကို နအဖအပေါ် စိတ်ကူးမယဉ်ကြဖို့ သတိပေးလိုက်တာပါပဲ။ နအဖဟာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ တချိန်မှာ သမိုင်းနဲ့ချည် ဖြေရှင်းရမယ့် ပြဿနာတွေ ဖန်တီးနေတာ ဖြစ်ပါတယ်။
ဒီလိုအခါမျိုးမှာ ဒီလောက်တောင် ညစ်ပတ်စုတ်ပဲ့တဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ နအဖကိုယ်စား သဘောတရားဆရာကြီး လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီးတယောက်က ဒီရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ နိုင်ငံရေး သူငယ်နာမစင်တာလို့ ရေးသားနေတာကို တွေ့ပါတယ်။ ဗိုလ်သန်းရွှေက အိမ်နီးနားချင်းက နိုင်ငံကြီးတွေကိုသွားပြီး မျက်နှာချိုသွေးနေတာနဲ့ တချိန်တည်းမှာ ဗိုလ်ခင်ညွန့် မွေးထားခဲ့တဲ့ အီးလစ် (elite) ဆိုတဲ့ လူတွေကလည်း နအဖအတွက် ကမ္ဘာလှည့် ကြော်ငြာမောင်းခတ်နေကြပါတယ်။ ပညာတတ်ဖောက်ပြန်တော့ သူများထက်ကဲတယ်ဆိုတာ အမှန်ပါပဲ။ ဒီလူတွေဟာ “နအဖကိုဆန့်ကျင်နေမယ့်အစား ကျနော်တို့နဲ့ လာဆွေးနွေးလှည့်စမ်းပါ” ဆိုတဲ့ အပြောမျိုးတွေလည်း လျှောက်ပြောနေကြပါတယ်။ အားနာစွာနဲ့ ပြောရရင် ဒီလိုပြောနည်းဟာ အင်တန်စော်ကားတာပါ။ နအဖဟာ ဘယ်သူနဲ့မှမဆွေးနွေးဘဲ အကြမ်းကိုင်နေတာကိုတော့ ဘာမှမပြောဘဲ နအဖက လိုက်ဖမ်း-လိုက်သတ်လို့ ရှောင်ထွက်လာရတဲ့လူတွေကို သူတို့က နားချပြမယ်လို့ ဆိုနေတာပါ။ သူတို့အပြောဟာ နအဖကို နာကြည်းစွာ ဆန့်ကျင်နေတဲ့လူတွေကို ဘယ်လိုမှ ဆွဲဆောင်လို့မရဘူးဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့် ဒီကြားထဲကပဲ သူတို့တတွေ ဒါမျိုးတွေ လျှောက်ပြောနေတာဟာ သူတို့ကို ထောက်ပံ့နေတဲ့ ဒိုနာတွေ (donor) နဲ့ နအဖကို သိစေချင်လို့ ဖြစ်ပါတယ်။
အရည်မရအဖတ်မရ၊ သတင်းစာမျက်နှာဖုံးမှာ ၀ါဒဖြန့်ဖို့လောက်သာ အဖြေပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ရဲ့ ဆွေးနွေးပွဲတွေဆိုတာဟာ အခုဘာဖြစ်သွားပြီလဲ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ရော၊ ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်လာမလဲ။ အဲဒီဆွေးနွေးပွဲတွေကို နအဖက ဘာလို့လုပ်စေခဲ့တာလဲ။ တင်းမာမှုတွေ လျော့ပါးစေရေးအတွက်လား၊ အမျိုးသားသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရေးအတွက်လား။ ဗိုလ်သန်းရွှေတို့က တခါမှ ရေရေရာရာမပြောခဲ့ပါဘူး။ စကတည်းက ဒါဟာ အနောက်နိုင်ငံတွေရဲ့အာရုံကို ဆွဲဆောင်ဖို့နဲ့ လှည့်စားဖို့သာဖြစ်ကြောင်း လူတိုင်းသိခဲ့ကြပါတယ်။ ဒီနေ့ မြန်မာပြည်နိုင်ငံရေးဟာ အဲဒီအဆင့်ကိုကျော်လို့ “ရွေးကောက်ပွဲ” အနားကပ်လာတယ်ဆိုတော့ နအဖက လုပ်နေတာတွေကြောင့် နိုင်ငံရေးတင်းမာမှုတွေ လျော့ပါးစေမယ့် လက္ခဏာတွေ ပေါ်ထွက်လာပါသလား။ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် အားတက်စရာတွေ ပိုတွေ့လာရပါသလား။ အဖြေက ပြောင်းပြန်ပါ။
ဒီတော့ ဒီရွေးကောက်ပွဲမတိုင်မီ နအဖလုပ်နေတာတွေကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှာ ပေါ်ထွက်လာမယ့်အစိုးရဟာ ပိုပျော့ပျောင်းမယ်၊ မတူတဲ့လူတွေနဲ့ အပေးအယူတွေ ပိုလုပ်လာမယ်လို့ ယူဆစရာရှိပါသလား။ နိုင်ငံရေးပါတီ ဆိုင်းဘုတ်တော့ တင်ခွင့်ပေးပါရဲ့။ သူတို့မကြိုက်တာကို မပြောရ၊ မရေးရ၊ မလုပ်ရဆိုလို့ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းရတာပဲဖြစ်မှာပါ။ အခု နအဖက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ အဲဒီရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အဖွဲ့တွေ၊ လူတွေထဲက ဘယ်သူကများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စာနာသံ၊ နအဖကို မကျေနပ်သံတွေ ဖော်ပြရဲလို့လဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ပြောရရင်တော့ ကိုယ့်ပြည်သူလူထုမှတပါး အခြားအားကိုးစရာမရှိပြီဆိုတာ ပိုလို့၊ ပိုလို့ ထင်ရှားသွားပါပြီ။ မဖြစ်နိုင်တဲ့၊ အကောင်အထည်မရှိတဲ့ အကောင်းမြင်စိတ်တွေကို စွန့်ပစ်ပြီး လက်တွေ့အကျပ်အတည်းကို ရင်ဆိုင်ကြရပါတော့မယ်။ မကူးနိုင်ရင် မြုပ်သွားနိုင်တဲ့ အခြေအနေဖြစ်လာပါပြီ။ ဒီလိုအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူလူထုထဲကို ဖြန့်ဆင်းဖို့၊ ပြည်သူလူထုကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်းရံ ထောက်ခံကြဖို့ အထူးလိုအပ်လာပါပြီ။
မြန်မာပြည်ရဲ့ နိုင်ငံရေးသွင်ပြင်ဟာ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တဲ့ အရိပ်အရောင်တွေ ပြနေပါတယ်။ အကောင်းဘက်ကို ပြောင်းတာဖြစ်မလား၊ အဆိုးဘက်ကို ပြောင်းတာဖြစ်မလား ဆိုတာကတော့ ပါဝင်သူတွေအပေါ်မှာပဲ မူတည်ပါတယ်။
တစက်စက်ကျတဲ့ သွေး
ငါတို့တတွေရဲ့ သွေး
ဘယ်တော့မှ မတိတ်တဲ့ သွေး
အရေးတော်ပုံ သွေး။
သွေးနဲ့ရေးတဲ့ သမိုင်းစာမျက်နှာ
အရှည်ကြီး၊ အထူကြီး၊ အများကြီးပါ
မော်ကွန်းထိုးလို့ မဆုံးနိုင်ပါ။
အာဇာနည်များရဲ့ မော်ကွန်းကျောက်စာတိုင်
ရန်သူများ
သစ္စာဖောက်များ
ကိုယ်ကျိုးရှာသမားများ
သတင်းပေးများက
မတရားဖြိုလှဲလို့မပြိုကွဲနိုင်ပါ။
နှလုံးသားထဲက ကျောက်တိုင်
ကမ္ဘာတည်အောင် ခိုင်လိမ့်မယ်
အောင်လံကိုင်သူ အစစ်အမှန်ဟာ
ပြည်သူတွေဖြစ်ရမှာ မုချပါ။ ။
တင်မိုး
နိုဝင်ဘာ ၇ ရက်နေ့ကျရင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလို ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် လမ်းစလည်း မမြင်ဘူးလို့ ဗြိတိသျှ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့ထဲက လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်း (Jeremy Richard Browne) က ပြောပါတယ်။ ဒါ့ကြောင့် စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံသလို အတိုက်အခံတွေ ကြိုးစားနေကြတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကိစ္စတွေမှာ ဘယ်လို ကူညီပေးရမလဲ ဆိုတာကိုလည်း လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းလိုက်တယ်လို့ NLD-LA အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။
ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ကျင်းပနေတဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ ညီလာခံကို တက်ရောက်နေတဲ့ ဦးညိုအုန်းမြင့်နဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်းတို့ စက်တင်ဘာလ ၁၉ ရက် မနေ့က တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးစဉ်တွင်း အခုလို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။
“အဓိကကတော့ ဗိုလ်ချုပ်သန်းရွှေလုပ်မယ့် ရွေးကောက်ပွဲက တရားမျှတမှုလည်း မရှိဘူး၊ အင်မတန်မှ ရှက်စရာလည်း ကောင်းတယ်၊ ဒီ့အတွက်ကြောင့် မြန်မာပြည်မှာ ဒီရွေးကောက်ပွဲ ဆိုတာကနေပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ သူတို့အနေနဲ့ မမြင်ဘူးဆိုပြီး ကျနော့်ကို ပြောပါတယ်။ မြန်မာပြည်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ကိစ္စမှာ သူတို့ ဗြိတိသျှ အစိုးရဘက်ကနေ ဘာဆောင်ရွက်ပေးရမလဲ ဆိုတဲ့ အချက်ကို သူ့အနေနဲ့လည်း တင်ပြပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်လာရင် သူတို့ ဘယ်လိုဆက်ပြီး ဆောင်ရွက်ရမယ်ဆိုတာ သူတို့ဘက်ကနေပြီး အရေးတယူ ဆွေးနွေးတာကိုလည်း တွေ့ရပါတယ်။”
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာဟာ စစ်အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဆောင်ရွက်လိုခြင်း မရှိဘူးဆိုတဲ့ သဘောလို့ သူတို့ နားလည် လက်ခံထားသလို မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေး အမှန်တကယ် ဖြစ်လာအောင် အတိုက်အခံ အင်အားစုတွေနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်ရမလဲဆိုတဲ့ အချက်ကိုလည်း လစ်ဘရယ် ဒီမိုကရက် ပါတီ ခေါင်းဆောင်တွေက အဓိက ကြိုစားလိုတယ်လို့လည်း ဦးညိုအုန်းမြင့်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းဟာ နအဖရဲ့ အင်မတန်မှ ဆိုးဝါးတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဒါမှမဟုတ် နိုင်ငံရေးကို မပြောင်းချင်တဲ့ အတွက်ကြောင့် ဒီလို ဘယ်သူမှ ပါလို့မရတဲ့ နိုင်ငံရေး အခင်းအကျင်းတခုကို လုပ်ထားတယ်ဆိုတဲ့ အပေါ်မှာ သူတို့အနေနဲ့ တော်တော်လေး စိတ်လည်းတိုတယ်၊ ဒီအပေါ်မှာလည်း ဒီနေ့ ညီလာခံ လာရောက်တဲ့ နိုင်ငံခြားရေး ၀န်ကြီးရော၊ လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်ကပါ ဒီကိစ္စအပေါ်မှာ အထူးစိတ်ဝင်စားတာကို ကျနော်တို့ တွေ့ရတယ်။ သူတို့ အကုန်သိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အဖြေတခုရအောင် ဘယ်လို ရှာဖွေမလဲဆိုတဲ့ အချက်က သူတို့ရဲ့ အဓိက လိုလားချက်ဆိုတာ တွေ့ရပါတယ်။”
စက်တင်ဘာလ ၁၉ ရက်ကနေ ၂၂ ရက်နေ့ထိ လီဗာပူးမြို့မှာ ကျင်းပနေတဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီ ညီလာခံမှာ နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မှာလည်း ဖြစ်ပါတယ်။
“အာရှတိုက်မှာ ရှိနေတဲ့ အဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ လစ်ဘရယ်ပါတီများ အဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးပြီးတော့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ချီးမြှင့်မယ့် အခမ်းအနားလည်း ရှိပါတယ်။ ကိုယ်စားလှယ် ၂,၀၀၀ လောက် တက်တဲ့နေရာမှာ ကျနော်တို့ အနေနဲ့ ဒီနေ့မနက်မှာ တွေ့ရတာတော့ မြန်မာပြည်ရဲ့ အရေးကို သူတို့ရဲ့ Emergency Motion လို့ခေါ်တဲ့ အရေးပေါ် တင်ပြချက်တခုမှာ ပါဝင်နေတဲ့ အတွက်ကြောင့် ဒါ အင်မတန်မှ ထူးခြားတဲ့၊ မြန်မာပြည်အတွက်လည်း ဘာပဲပြောပြော ကျနော်တို့ အတွက်လည်း အနည်းနဲ့ အများ ဆိုသလို မျှော်လင့်ချက် အပြည်ပြည်ဆိုင်ရာရဲ့ ထောက်ခံမှု ဆိုတာကိုလည်း တွေ့ရပါတယ်။”
လီဗာပူးမြို့မှာ ကျင်းပနေတဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ ညီလာခံကို တက်ရောက်နေတဲ့ NLD–LA အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အခြား ပါတီ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ ထပ်မံတွေ့ဆုံပြီး မြန်မာပြည် ပြုပြင်ပြောင်းလဲရေး ကိစ္စမှာ တရုတ်ပြည် အပါအ၀င် ဒေသတွင်း နိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှု အခြေအနေတွေကို ဆက်လက် ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

20 Sept. 2010...ဧရာဝတီ...စစ်အစိုးရက ယနေ့ထုတ်ပြန်လိုက်သော မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းမရှိကြောင်း သိရှိရသည်။
နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းမရှိနိုင်ရန် ဥပဒေ အမျိုးမျိုးကို ထုတ်ပြန်ခဲ့ကြောင်း၊ ယနေ့ ထုတ်ပြန်လိုက်သော မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ စာရင်းအရ နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်သာမကဘဲ မဲပေးခွင့်ပါ ရရှိတော့မည် မဟုတ်ကြောင်း အေပီ သတင်း တွင် ဖော်ပြထားသည်။
ယခုနှစ် ရွေးကောက်ပွဲသည် ၁၉၉၀ တွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး နှစ်ပေါင်း ၂၀ အတွင်း ကျင်းပမည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရခဲ့ သော်လည်း စစ်အစိုးရက အသိအမှတ်မပြုခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြီးခဲ့သည့် ၂၁ နှစ်တာ ကာလ အတွင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။
ယခုနှစ် မတ်လတွင် အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဥပဒေများ၌ ပြစ်ဒဏ် ကျခံနေရသူများသည် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း၊ မဲပေးပိုင်ခွင့် မရှိကြောင်း ပြဌာန်းထားသည်။
လာမည့် ရွေးကောက်ပွဲသည် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် စစ်အာဏာရှင် စနစ်ကို ဆက်လက် အသက်သွင်းမည့် ရွေးကောက်ပွဲသာဖြစ်သည်ဟု လေ့လာသူများက ပြောဆိုကြောင်းလည်း အေပီ သတင်းတွင် ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရန် ၃ လ အလို ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော နေအိမ်အတွင်းသို့ ဝင်ရောက်မှုဖြင့် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက် သည်ဟုဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့် ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။
စစ်အစိုးရက ၁၉၈၈ တွင် အာဏာရယူပြီးနောက် ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံ ဥပဒေဖြင့် အစားထိုးခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာတွင်မူ အခြေခံဥပဒေဟောင်းကို အသုံးပြုထားသဖြင့် တရားမဝင်ဟု အမေရိ ကန် နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် Freedom Now ဥပဒေ ရေးရာအဖွဲ့က ယခုလ ၁၅ ရက်နေ့တွင် ပြောဆိုထားသည်။
မြန်မာ အစိုးရ၏ တည်ဆဲ ဥပဒေများအရ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရမည် ဖြစ်ကြောင်းလည်း Freedom Now က ကြေညာချက် ထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံမှာ စံချိန်တင်လောက်အောင် မြင့်တက်ခဲ့တဲ့ နွေရာသီအပူရှိန်ကြောင့် သေဆုံးသူ ၁၇၀ ရှိပြီး၊ လူပေါင်း ၅၄၀၀၀ ကျော်ကို ဆေးရုံကို အရေးပေါ် တင်ရတယ်လို့ အစိုးရက စက်တင်ဘာ ၁၄ ရက်က ပြောပါတယ်။
မေလ ၃၁ ရက်နဲ့ စက်တင်ဘာ ၁၂ ရက်အတွင်းမှာ လူပေါင်း ၅၄၃၈၆ ဦးကို ဆေးရုံ တင်ပို့ခဲ့ရကြောင်း၊ ထက်ဝက်ကျော်မှာ အသက် ၆၅ နှစ်အထက်ရှိသူတွေ ဖြစ်ကြောင်း ယင်းတို့အနက် ၁၈၂၄ ဦးမှာ ရောဂါပြင်းထန်ကြောင်း မီးဘေးနဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီက ပြောပါတယ်။ လူ ၁၇၀ မှာ ဆေးရုံရောက်ပြီး မကြာမီ သေဆုံးကြကြောင်း နောက်ထပ်သေဆုံးနိုင်သေးကြောင်း ပြောကြားပါတယ်။
ဂျပန်နိုင်ငံဟာ မှတ်တမ်းစတင်ခဲ့တဲ့ ၁၈၉၈ ခုနှစ်နောက်ပိုင်းတွင် ယခုနှစ်ဟာ အပူဆုံး ဖြစ်တယ်လို့ မိုးလေဝသ အေဂျင်စီက ပြောပါတယ်။ ဇွန်နဲ့ ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှအပူချိန်က ၁ ဒဿမ ၆၄ ဒီဂရီ စင်တီဂရိတ်ရှိပြီး ပုံမှန်အပူချိန်ထက် မြင့်တက်တယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေ ပြောပါတယ်။ ယခင်က အမြင့်ဆုံး အပူချိန်ဟာ ၁၉၉၄ ခုနှစ်က ဖြစ်ပြီး ၁ ဒဿမ ၃၆ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပါတယ်။
( မြန်မာသတင်းရပ်ဝန်း )
ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်း
- ချင်းဖျော်ရည်သောက်ပါ
ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန်ချင်တိုင်းသောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။
- စမုန်စပါးစေ့ကို ဝါးစားပါ
စမုန်စပါးစေ့ဟာလည်း ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန်စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေ အတွက်လည်း နို့ထွက်အား ကောင်းစေပါတယ်။
- နှိပ်နယ်နည်း
သင့်ညာလက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ရိုးနှစ်ခုကြားမှာ ထားပြီး ညာဘက်ညှပ်ရိုး ထိပ်အလုံးကို အသာအယာ ဖိအားပေးပါ။ တစ်မိနစ်ခန့် ဖိအားပေးပါ။ ပျို့အန်ချင်တိုင်း ဖိနှိပ်ပေးနိုင်ပါတယ်။
- နံနက်တိုင်း အချဉ်ရည်သောက်ပါ
မနက်တိုင်း အိပ်ရာထကာစမှာ ရေတစ်ခွက်ကို ရှာလကာရည် တစ်ဇွန်းနဲ့ ရောစပ်ပြီး သောက်ပေးပါ။ ပျို့အန်တာ အမြန်သက်သာသွား နိုင်ပါတယ်။
( မြန်မာသတင်း ရပ်ဝန်း )
ထိုသို့သွားရောက်တွေ့ဆုံရာတွင် ဦးဟန်ညောင်ဝေတို့နှင့်အတူ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့(ဂျပန်) Association of United Nationalities in Japan, AUN (Japan) ရှိ တိုင်းရင်းသားအဖွဲ့အစည်း တချို့မှ တာဝန်ရှိသူများ အတူတကွ လိုက်ပါသွားကြောင်း ခရီးစဉ်ပြီးဆုံးမှ သိခဲ့ရပါသည်။
မိမိတို့ AUN(Japan)အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဒီမိုကရေ စီအဖွဲ့ချုပ်နှင့် ပြည်သူလွတ်တော် ကိုယ်စားပြုကော်မတီတို့၏ မူဝါဒများကို လိုက်နာရန် ဘုံနိုင်ငံရေး ရည်မှန်း ချက်များချမှတ်ပြီး စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေးနှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး လုပ်ငန်းစဉ်များတွင် တခြားသော ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။
ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားပါတီများ ပါဝင်သော ပြည်သူ့လွတ်တော်ကိုယ်စားပြု ကော်မတီကပါ စစ်အစိုးရက ကြီးမှူးပြုလုပ်မည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြောင်း အသီးသီး ကြေညာခဲ့ကြပြီး ဖြစ်ပါသည်။ AUN (Japan)ရှိ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးကလည်း ဤလမ်းစဉ်ကို အကောင်အထည်ဖေါ်ရန် သဘောထားများကို အတိအလင်း အသီးသီး ကြေညာခဲ့ကြပြီး ဖြစ်ပါသည်။
သို့သော်ယခု ဦးဟန်ညောင်ဝေ၏ ခရီးစဉ်သည် AUN-Japan ၏မူဝါဒနှင့်လုံးဝ ကွဲပြားခြားနားနေကြောင်း သိရှိခဲ့ရပေသည်။ သို့ဖြစ်ပါ၍ ယခု ဦးဟန်ညောင်ဝေ၏ စစ်အစိုးရ တရားဝင်ရေးကြိုးပမ်းမှုတွင် AUN (Japan) အနေနှင့်ပါဝင် ပတ်သတ်မှုမရှိကြောင်းနှင့် ယင်း၏လုပ်ရပ်မှာမိမိတို့၏မူဝါဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သော လုပ်ရပ်ဖြစ်ပါကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်)
၂၀၁၀ခုနှစ် စက်တင်ဘာလ (၂၀)ရက်
ဆက်သွယ်ရန်- ၈၁-၈၀ ၂၀၄၈ ၅၈၃၄၊ ၈၁-၈၀ ၂၀၃၄ ၁၈၇၈
ကိုမိုင်ကျော်ဦး http://www.pnsjapan.org/ မှ ကူးယူဖော်ပြပါသည်။
18 Sep 2010 (မြန်မာသတင်းရပ်ဝန်း)...ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ် များတဲ့
ကင်ဆာရောဂါတစ်မျိုး ဖြစ်တဲ့အတွက်ကြောင့်
တချို့ အမျိုးသမီးတွေဟာ ရင်သား ကင်ဆာ ဖြစ်မှာကို
အလွန်အကျွံ စိုးရိမ်ပူပန် တတ်ကြပါတယ်။ ဒါပေမဲ့
ရင်သားမှာအဖု၊ အကျိတ်၊ အသီး၊ အရည်အိတ်စတာတွေ
ဖြစ်ပေါ်တိုင်း ကင်ဆာဖြစ်ပြီလို့ အလွန်အကျွံ မစိုးရိမ်ပါနဲ့။
ဖြစ်နိုင်တဲ့ အကြောင်းရင်း တွေက အများအပြားရှိတာကြောင့်ပါ။
အကြောင်းအရင်းများ
ရင်သားမှာ အဖုအကျိတ်ဖြစ်တာဟာ အဲဒီနေရာမှာ ထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် ကလေးကိုနို့တိုက်ကျွေးနေတဲ့ မိခင်တွေမှာ နို့သီးခေါင်းဝန်းကျင်က အရေပြားမှာ ဒဏ်ရာရတဲ့အခါ ရောဂါပိုးဝင်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ နို့တိုက် မိခင်တွေမှာ နို့ပြွန်ပိတ်ဆို့ခြင်းကြောင့်လည်း ရင်သားအတွင်းမှာ အဖုသေးလေး တစ်ခု ဖြစ်လာနိုင်ပါတယ်။
ရင်သားထဲမှာ ရှိတဲ့ ကင်ဆာ မဟုတ်တဲ့ဆဲလ်တွေရဲ့ ကြီးထွားမှုကြောင့်လည်း အဖု အကျိတ်တွေ ဖြစ်နိုင်ပါတယ်။ ဒီကင်ဆာ မဟုတ်တဲ့ အဖုအကျိတ်တွေကို Fibroadenoma လို့ခေါ်ပြီး အများအားဖြင့် မာပြီး အစိုင်အခဲ ဖြစ်နေကာ မနာတတ်ပါဘူး။ အသက် ၃၅ နှစ်ဝန်းကျင် အရွယ်အမျိုးသမီးတွေမှာ အဖြစ်များပြီး တစ်ခါတစ်ရံ ကိုယ်ဝန်ဆောင်ချိန် အတွင်းမှာလည်း ဖြစ်တတ်ပါတယ်။
ရင်သားအတွင်းမှာ ဖြစ်တတ်တဲ့ အရည်အိတ်တွေကတော့ ပျော့ပျောင်းပြီး လုံးဝိုင်း နေတတ်ပါတယ်။ ထိတွေ့တဲ့အခါ အရည်အိတ် ကိုယ်တိုင်ကို ရွှေ့ကြည့်လို့ ရပါတယ်။ အများအားဖြင့် ဒီလိုအရည်အိတ်တွေ ကတော့ ရာသီမလာခင် အချိန်ကလေးမှာ ပိုမို ထင်ရှားလာပြီး ရာသီလာပြီးရင် လျော့သွားတတ်ပါတယ်။
ရင်သားမှာ အရည်အိတ်တစ်ခုထက် ပိုပြီးတော့လည်း ရှိနိုင်ပါတယ်။ ကလေးမွေးဖွားနိုင်တဲ့ အသက်အရွယ် အတွင်းရှိ အမျိုးသမီးတွေမှာ ဒီလိုအရည်အိတ် ဖြစ်တတ်ပြီး အနည်းငယ် ကတော့ ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။ ရင်သားမှာ အဖုအကျိတ် ဖြစ်ရတဲ့ အကြောင်း အရင်းကို တိတိကျကျမသိပေမယ့် မဟော်မုန်း အီထရိုဂျင်က အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်တယ်လို့ ယုံကြည်ကြပါတယ်။
ကင်ဆာရောဂါကို စစ်ဆေးရန်
နို့တိုက်မိခင် မဟုတ်ဘဲ နို့သီးခေါင်းမှာ အရည်ဆင်းခြင်းနဲ့ နို့သီးခေါင်းဝန်းကျင်မှာ ရောင်ရမ်းမှုတွေနဲ့ အတူ ရင်သားတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးရဲ့ ပုံသဏ္ဌာန်နဲ့ အရွယ်အစားတွေမှာ ပြောင်းလဲမှု တွေ့ရင်တော့ ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင် ဆွေးနွေးပါ။ တချို့ အဖုအကျိတ်တွေက အလွန်သေးငယ်တဲ့ အတွက် အပြင်ကနေ လက်နဲ့စမ်းရုံနဲ့ မသိတာမျိုးရှိနိုင်ပါတယ်။
ဒါကြောင့် သင့်ရင်သားကို ပုံမှန်ဆေးစစ်မှု လုပ်တာက အကောင်းဆုံးပါပဲ။ ရင်သားက အဖုအကျိတ်ကို ဘိုင်အော်စီ (Biopsy)၊ ရင်သားဓာတ်မှန် (Mammogram)၊ အာလ်ထရာဆောင်း ဒါမှမဟုတ် MRI စမ်းသပ်မှုတွေ လုပ်မှသာ ကင်ဆာဟုတ်၊ မဟုတ် သိနိုင်မှာပါ။
ရင်သားကင်ဆာဟာ သွေးဆုံးပြီး အမျိုးသမီးတွေ၊ မိသားစု မျိုးရိုးမှာ ရင်သား ကင်ဆာ ရောဂါ ရာဇဝင်ရှိသူတွေ ဒါမှမဟုတ် ရင်ဘတ်နေရာ တစ်ဝိုက်မှာ ဓာတ်ကင်ဖူးသူတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီလိုရင်သား ကင်ဆာ ဖြစ်နိုင်ခြေသူတွေ အနေနဲ့ ပိုသတိထားပြီး ကိုယ့်ရင်သားကို အမြဲစစ်ဆေးနေသင့်ပါတယ်။
ကာကွယ်မှု
ရင်သားကင်ဆာ ကာကွယ်ဖို့ တိကျတဲ့နည်းလမ်း မရှိပေမယ့် အသီးအရွက်များများ စားတာ၊ အနီရောင် အသားနဲ့ တိရစ္ဆာန် အဆီတွေနည်းနည်းပဲ စားတာ၊ ဆားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံကို ကျင့်သုံးသူတွေမှာ ကင်ဆာဖြစ်ပွားမှု လျော့နည်းနိုင်ပါတယ်။
သွေးဆုံးပြီးနောက် အဝလွန်တဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတဲ့ အတွက် အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ဖို့လည်း အရေးကြီးပါတယ်။ အရက်သောက်ခြင်းက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို များစေတဲ့အတွက် အရက်သောက်တတ်ရင် လျှော့သောက်ပါ။ Evening Primrose Oil ကတော့ ရင်သား အရည်အိတ် ဖြစ်တာကို သဘာဝနည်းလမ်းနဲ့ ကာကွယ် ကုသနိုင်တယ်လို့ ယုံကြည် ကြပါတယ်။

ဒီ Firewall ဆောင်းပါးနဲ့ပတ်သက်ပြီး အနည်းငယ်ပြောရရင်.. Firewall အကြောင်းကိုမသိသေးတဲ့သူတွေ .. သိပေမဲ့လည်း Firewall ကို အကြောင်း အမျိုးမျိုး ကြောင့် မသုံးဖြစ်တဲ့သူတွေ အတွက် Firewall ရဲ့ စွမ်းဆောင်ရည်များကို သိရှိစေရန်ရည်ရွယ်ပြီးရေးသားလိုက်တာပါ .. ဘာဖြစ်လို့လဲဆိုတော့ .. Internet ဆိုတာရှိရင် .. Firewall ဆိုတာလည်းရှိကောင်းပါတယ်.. ခေတ်အခြေအနေအရ.. သိဖို့လည်းလိုအပ်လာတယ်ထင်လို့ပါ....ဒီနေ့ခေတ် Firewall များဟာ အရင်ကထက်စာရင် Security ပိုင်းမှာ အရမ်းကောင်းမွန်ပါတယ်..ကျွန်တော်လည်း အရင် Firewall ရဲ့ စွမ်းဆောင်ချက်များကို မသိခင်တုန်း သိပ်မသုံးဖြစ်ပါဘူး ..XP2 နောက်ပိုင်း Firewall ရဲ့ အားသာချက်တွေရှိလာမှ သုံးလာတာဖြစ်ပါတယ်..အဲဒီမှာ စပြီး သိလာတာပါ.. တတ်နိုင်သလောက် ပြည့်စုံအောင်တော့ကြိုးစားပြီးရေးသားထားပါတယ် .. ဒါပေမဲ့ .. ဖြစ်နိုင်ရင် ကုမ္ပဏီတစ်ခုချင်းရဲ့(အထူးသဖြင့် CISCO ရဲ့ Firewall တွေ) Firewall Software Hardware Product များရဲ့စမ်းသပ်ချက်များကိုပါ ရှာဖွေပြီးတင်ပေးလိုက်ချင်ပေမဲ့ .. အရမ်းစာရှည်ပြီး လေးသွားမှာစိုးတဲ့အတွက် ...ပင်ပန်းပေမဲ့ ကြုံရင်နောက်တစ်ခေါက်ရေးသားပါဦးမယ်.. ဒါပေမဲ့ .. Software Firewall ဘဲဖြစ်ဖြစ် .. Hardwae Firewall ဘဲဖြစ်ဖြစ်Concept ပိုင်းတွေဟာ အားလုံးနီးပါးအတူတူပါဘဲ..(တစ်ချို့နေရာလေးတွေမှာတော့ကွဲပါတယ်) လိုအပ်တာများရှိခဲ့ရင်လည်း..ပညာရှင်များက ထောက်ပြပြီးနားလည်ခွင့်လွတ်ပေးကြပါ.. ကျေးဇူးတင်ပါတယ်..
Firewall အခေါ်အဝေါ်စတင်ပုံ
Firewall ဆိုတဲ့ အခေါ်အဝေါ်ဟာ မူလအားဖြင့် Construction ဘက်ကလာတဲ့ အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်.. မီးကိုကာကွယ် တားဆီးတဲ့နေရာမှာ သုံးခဲ့သလို တံခါးတွေအဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်.. နောက်ပြီး ကားတွေရဲ့အင်ဂျင်ခန်း ဒါမှမဟုတ် လေယာဉ် တွေရဲ့ အင်ဂျင်ခန်းတွေမှာ ကာပေးထားတဲ့ Metal sheet အကာအကွယ်ကိုလည်း Firewall လို့ခေါ်ပါတယ်.. ကွန်ပျူတာမှာ သုံးနေတဲ့ Firewall အခေါ်အဝေါ်ကတော့ 1980 နှစ်များနောက်ပိုင်း အင်တာနက်ကြီးလွမ်းမိုးစပြုလာတဲ့ အချိန်ကျမှ..Internet Security မလုံခြုံမှု များကြောင့် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ .. security ချိုးဖေါက်မှုများကြုံတွေ့လာရသောကြောင့် .. ဖြစ်ပါတယ်..
င်္[URL="http://en.wikipedia.org/wiki/Firewall"]Firewall[/URL] ဆိုတာ
[URL="http://en.wikipedia.org/wiki/Firewall"]Firewall[/URL] ဆိုတာဘာလဲလို့ဆိုတော့။ Firewall ဆိုတာ အရပ်စကားနဲ့ပြောမယ်ဆိုရင် ပြင်ပ ပယောဂအနှောက်အယှက်များ မ၀င်ရောက် နိုင်အောင် နှင့် ကိုယ့်ဖက်က လုံခြုံရေးချို့ယွင်းကြောင့် ပြင်ပကို မပေါက်ကြားနိုင်အောင် ကာကွယ်တားဆီးပေးနိုင်တဲ့ နည်းပညာတစ်မျိုးဘဲဖြစ်ပါတယ်.. ဒါက.. အလွယ်တကူပြောလိုက်တာ .. တကယ်တမ်း သီအိုရီအရ ပြောရမယ်ဆိုရင် Firewall ဆိုတာ Network Computer System တွေကို Electronically အရ Network တွေတစ်ခုနဲ့တစ်ခုကြားမှာ လုံးဝဆက်သွယ်မှု ဖြတ်တောက်ထားခြင်းမဟုတ်ဘဲ မသက်ဆိုင်တဲ့ ကူးလူးဆက်သွယ်မှုတွေကို ပိတ်ပင်တားဆီးပြီး သက်ဆိုင်လိုအပ်တဲ့ကူးလူး ဆက်သွယ်မှုတွေကို လိုအပ်သလို စီစစ်ခွင့်ပြုမှတ်တမ်းတင်ထားနိုင်တဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာတစ်ရပ်ပါပဲ... [URL="http://en.wikipedia.org/wiki/Firewall"]Firewall[/URL] က ဘာတွေလုပ်ပေးလဲဆိုတော့ .. သူ့ကို .. Administrator က သတ်မှတ်ပေးထားတဲ့ Rules တွေ အခြေအနေတွေ အခြားသော Criteria တွေပေါ်မူတယ်ပြီး မတူညီတဲ့ Security Domain တွေကြား အားလုံးသော Network Traffic များကို Allow လုပ် မှာ လား Deny လုပ်မှာလား Encrypt လုပ်မလား Decrypt လုပ်မလား Proxyfy လုပ်မလား စသဖြင့် အလုပ်တွေကို လုပ်ဆောင်ပေးမှာပါ.. အထူးသဖြင့် Network Traffic များကို [URL="http://en.wikipedia.org/wiki/Perimeter"]perimeter[/URL] (zone ပတ်ပတ်လည်) စစ်ဆေးပြီး ကာကွယ်ပေးနိုင်တယ်လို့ဆိုလိုတာပါ ..
အဲဒီ Firewall နည်းပညာဟာ Hardware-Based အနေနဲ့လည်းရနိုင်ပါတယ်။ Software-Based အနေနဲ့လည်းရနိုင်ပါတယ်။
Hardware-Based တွေကိုတော့ Firewall တစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ Commector Ports တွေနဲ့ Built-in Firewall OS တစ်ခု ပါဝင်ဖွဲ့စည်းထားတဲ့ Special Purpose Computer တစ်လုံးအသွင်နဲ့ တွေ့မြင်ရနိုင်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ပုံစံကတော့ Computer တစ်လုံးအသွင်ရှိနေမှာ မဟုတ်ပါဘူး။ သူ့ရဲ့ Firewall Configuration တွေကို ပြင်ဆင်ချင်ရင်တော့ သူ့မှာပါလာမယ့် Console Port နဲ့ Computer နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး Browser မှ (သို့မဟုတ်) DOS မှဝင်ရောက်ပြင်ဆင် Configured လုပ်ပေးရမှာ ဖြစ်ပါတယ် အဲဒီလိုမျိုး နည်းပညာကို
တကယ့် Enterprise Level Company ကြီးမှာ သာအသုံးပြုတာများကြပါတယ် ..သူတို့က ဈေးအရရော နည်းပညာအရမှာပါ မြင့်မားရှုပ်ထွေးမှုရှိပါတယ်။ လုံခြုံရေးအရလည်း အထူးပိုပြီးအားကောင်းပါတယ်။
Software-Based Firewall တွေကတော့ ဈေးနှုန်းအရမှာရော နည်းပညာအရမှာပါ သက်သာလွယ်ကူပါတယ်။
သူတို့ကိုတော့ မိမိနှစ်သက်ရာ Performance ကောင်းတဲ့ Computer တစ်လုံးမှာ Install လုပ်ပေးထားရမှာပါ။ Install လုပ်ထားမယ့် Firewall အဖြစ်သုံးဖို့ ရွေးချယ်ထားတဲ့ Computer ဟာ Performance ပိုင်းမှာတော့ စိတ်ချရဖို့လိုအပ်ပါတယ်။
ဒါမှသာ လိုအပ်တဲ့ Processing လုပ်ဆောင်မှုတွေကိုမြန်မြန်ဆန်ဆန် ဆုံးဖြတ်လုပ်ဆောင်ပေးနိုင်မှာပါ။ သူတို့အများစုကတော့ Installed လုပ်ထားတဲ့ Computer ကနေပဲ တိုက်ရိုက် GUI နဲ့ဖြစ်စေ DOS နဲ့ဖြစ်စေ Configured လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် Astaro လိုတချို့ Firewall မျိုးကတော့ Installed လုပ်ထားတဲ့ Computer က direct မရဘဲ အခြား Computer တစ်လုံးကနေသူ့ရဲ့ IP Address ကို Browser ကခေါ်ပြီး Configured လုပ်ရပါလိမ့်မယ်။ ဘယ်လိုပင် ဖြစ်စေ Software Firewall တွေဟာ Hardware Firewall တွေနဲ့ယှဉ်ရင် ဈေးနှုန်းအရလည်း လေးငါးဆမကကွာခြားသက်သာပါတယ်။ နည်းပညာရှုပ်ထွေးမှုလည်း နည်းပါးပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ Company ကြီးတွေမှာတောင် Software Firewall ကိုသုံးစွဲတာများကြပါတယ် ဒါပေမဲ့ အရာရာတိုင်းဟာ အကောင်းနဲ့အဆိုးဒွန့်တွဲနေတာ ပါဘဲ။ တစ်ချို့.. သိပ်ကို အရေးကြီးတဲ့နေရာတွေမှာဆိုရင် Firewall ကို ပုံစံအမျိုးမျိုးနဲ့ အဆင့်ဆင့် ခံထားတတ်ကြပါတယ် .. အထူးသဖြင့် ISP လိုနေရာမျိုးတွေမှာပါ.. တခြား သုံးတဲ့နေရာတွေလည်း အများကြီးရှိပါတယ်.. ထပ်ပြီး ပြောရမယ်ဆိုရင် .. Firewall ဆိုတာ [URL="http://en.wikipedia.org/wiki/Private_network"]private Network[/URL] တစ်ခု နဲ့ Public Network (Internet Connection) တို့ရဲ့ ကြားသူတို့ နှစ်ခု ချိတ်ဆက်တဲ့ နေရာမှာ ကြားခံထားရမယ့် Security ထိန်းချုပ်ပေးတဲ့ ပစ္စည်း ကိရိယာ (Hardware_based) သို့မဟုတ် နည်းပညာ software (Software _based) တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ရဲ့ Network က Public Network (Internet) နဲ့ ချိတ်ဆက်ထားခြင်းမရှိရင် (သိုမဟုတ်) အရေးကြီးတဲ့ Data မျိုးတွေ မရှိဘူးဆိုရင် တော့ Firewall မတပ်ဆင်ထားလဲ ပြဿနာ မရှိနိုင်ဘူးပေါ့။ တကယ်လို့ ကိုယ့်ရဲ့ Network က Public Network နဲ့လည်းချိတ်ဆက်ထားတယ်။ Data တွေကလည်းအရမ်းအရေးကြီး တယ်လို့ထင်ရင် .. Firewall ကို တပ်ကိုတပ်သင့်ပါတယ် .. အဲဒါကြောင့် Router တွေမှာပါ Firewall Function တွေကို ထည့်သွင်းလာရခြင်းဖြစ်ပါတယ်.. မဟုတ်ရင် .. [URL="http://en.wikipedia.org/wiki/Packet_sniffer"]packed sniffer [/URL] တွေရဲ့ရန်က ကင်းနိုင်မှာမဟုတ်ပါဘူး..
Firewall နဲ့ပတ်သက်ပြီး နောက်ထပ်နည်းနည်းပြောစရာရှိတာက Firewall ဆိုတာကို တပ်ထား/သုံးထား ပေမဲ့ သုံးမဲ့ Administrator က configuration ကို သေသေချာချာသတ်မှတ်ပေးရပါဦးမယ်.. ဒါမှမဟုတ်ရင် .. Firewall ကို သေချာ Rule တွေ သတ်မှတ်မထားရင် တပ်ထားတာ အလကားဖြစ်နိုင်ပါတယ် .. တစ်ချို့ Firewall များဟာ Configure လုပ်ရတာ တော်တော် ခက်ခဲ ပါတယ်.. နောက်ပြီး Rules တွေကို တော်တော်အသေးစိတ်သတ်မှတ်ပေးရတယ်......ဒါကြောင့် တစ်ချို့ Firewall များကို Default Deny အတိုင်းထားကြပြီး လိုအပ်မယ်ထင်တဲ့ ခွင့်ပြုစေချင်တဲ့ traffic များကို Manually တိုက်ရိုက် Explicity နည်းနဲ့ပြန်ပြီး Allow လုပ်ပေးကြတာများပါတယ်.. Firewall ကို Administrator ကအခါအားလျှော်စွာစောင့်ကြည့်နေဖို့လိုပါတယ် .. တစ်ခါတစ်ခါ .. အကြောင်းအမျိုးမျိုးကြောင့် ... Default Allow ဖြစ်သွားတတ်တာတွေရှိပါတယ် .. အဲဒါဆိုရင် တော့ အနှောက်အယှက် ပေးနိုင်တဲ့ [URL="http://en.wikipedia.org/wiki/Network_traffic"]Network Traffic[/URL] တွေရဲ့ရန်ကလည်း မကင်းနိုင်ပါဘူး.. ၀င်ရောက်ပြီး .. ဒုက္ခပေးသွားနိုင်ပါတယ် ...
ုံ
Firewall ဘယ်နှစ်မျိုးရှိသလဲ..
ဘယ်နှစ်မျိုးရှိလဲဆိုတော့ လွယ်လွယ်ပြောရရင် ..၂ မျိုးဘဲရှိပါတယ် ..Software Firewall နဲ့ Hardware Firewall ပါ..
ဒါပေမဲ့ .. Firewall ကို အုပ်စု ၄ မျိုးခွဲထားပါတယ်.. ဒါတွေကတော့
1. Free Firewall
2. Desktop Firewall
3. Software Firewall
4. Hardware Firewall တို့ပါဘဲ..
Free Firewall ဆိုသည်မှာ..
Free Firewall တွေဟာ Software များဖြစ်ကြပြီး များသောအားဖြင့် ၄င်းတို့ဟာ အလွယ်တကူ Setup လုပ်နိုင်ကြပါတယ် သူတို့တွေ ဟာ ကုမ္ပဏီအသေးလေးတွေကနေ အလယ်အလတ်တန်းအစား အထိအသုံးပြုနိုင်ကြပါတယ်.. Free Firewall တွေဟာများသောအားဖြင့် Desktop Firewall ပုံစံနဲ့လာတတ်ကြပါတယ်.. ၄င်းကို Personal Firewall လို့လည်း ခေါ်ပါတယ်..
Desktop Firewall ဆိုသည်မှာ..
ကွန်ပျူတာ တစ်လုံးတည်းအတွက် ကာကွယ်ဖို့ဘဲ အဲဒီကွန်ပျူတာရဲ့ OS မှာ Installed လုပ်ထားတဲ့ မည်သည့် Software ကိုမဆို Desktop Firewall လို့ခေါ်တာဖြစ်ပါတယ်.. Desktop Firewall ကိုလည်း Personal Firewall လို့လည်းခေါ်ပါတယ်.. ဒီ Desktop Firewall များ ဟာ Single Desktop Computer တွေအတွက်ဘဲ ဒီဇိုင်းလုပ်ထားတာကဖြစ်ပါတယ်.. ဒါပေမဲ့.. Single Firewall ကို Network Firewall နဲ့တွဲပြီး သုံးလို့ရပါတယ်.. အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် .. စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာပါတယ်.. Windows မှာပါလာတဲ့ Firewall ဟာ Basic Firewall ဖြစ်ပါတယ်.. အဲဒါကို တစ်ခြား သောDesktop Firewall များနဲ့ အစားထိုးပြီးလုပ်ခိုင်းနိုင်သလို Hardware Firewall များနဲ့ လည်းတွဲဖက် အလုပ်လုပ်ခိုင်းလို့ရပါတယ်..
Desktop Firewall တွေရဲ့အကျိုးကျေးဇူးများ
1. Purchase version Desktop Firewall တွေဆိုရင် Virus Scanner များနှင့်တွဲဖက်လုပ်ဆောင်နိုင်ခြင်း..
2. Hardware Firewall မဟုတ်တာကြောင့် .. ကြိုးများနှင့်တစ်ခြား Installation အပိုင်းများတွင်လွယ်ကူခြင်း
3. နောက်ပြီး Portable Computer တွေမှာ(ဥပမာ-Laptop ) တွေမှာ Software Firewall တင်ထားလို့ရှိရင် ဘယ်နေရာကိုသွားပြီး
အင်တာနက်ချိတ်ချိတ် .. ကာကွယ်ပေးနိုင်ခြင်း စသည့်ဖြင့်.. လုပ်လည်းလုပ်ထားသင့်ပါတယ်..
Software Firewall ဆိုသည်မှာ..
ဒီ Software Firewall ဆိုတာ server OS တွေမှာ install လုပ်ရတဲ့ software package ဘဲဖြစ်ပါတယ်.. ဒီအမျိုးအစားကတော့ အလွန်ကို Secure ဖြစ်စေတဲ့ Firewall အမျိုးအစားဖြစ်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ အဲဒီ OS ကနေပြီး ခွဲသုံးကြတဲ့ Client တွေကို ကာကွယ် ပေးနိုင်တဲ့ security နည်းပညာများပါရှိနေလို့ပါဘဲ.. ဒီ Firewall ကို Application Firewall အဖြစ်လဲအသုံးချလို့ရပါသေးတယ်.. ဆိုလိုတာက Web Application တွေ Email server တွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်.. ဒါပေမဲ့.. ဒီလိုကာကွယ်ပေးနိုင်စေဖို့ အရမ်းကို ရှူပ် ထွေးတဲ့ Network Traffic Filter များကိုသတ်မှတ်ပေးရပါတယ်.. နည်းနည်းတော့ configure လုပ်ရတာ ခက်တယ်ပေါ့..
Hardware Firewall ဆိုတာ ..
Hardware Firewall ဆိုတာ ပစ္စည်းတစ်ခုဖြစ်ပါတယ်.. အများအားဖြင့်တော့ Network Router တွေနဲ့တွဲပြီး Build in Firewall Function ပါလေ့ရှိကြပါတယ်.. Firewall Function ပါတဲ့ Router နဲ့ မပါတဲ့ Router ဟာဈေးနည်းနည်းဘဲကွာပါတယ်.. Firewall ပါတဲ့ဟာက ပိုကောင်း တာပေါ့ .. ဒီ Hardware Firewall များကို အရေအတွက်များပြားလှတဲ့ Network Traffic တွေကို ထိန်းချုပ်ကိုင်တွယ် နိုင်အောင် တီထွင် ထုတ် လုပ်ထားတာဖြစ်ပါတယ်.. Hardware Firewall များကို လုပ်ငန်းရဲ့ Boundry မှာထားလေ့ရှိပြီး အင်တာနက်ကနေ မလိုအပ်တဲ့ Traffic တွေကို ဖယ်ထုတ်ပြီး ကြိုတင်သတ်မှတ်ထားရှိတဲ့ Traffic များကိုဘဲ Internal Networking ထဲသို့ ၀င်ခွင့်ပေးတာပါ.. တစ်ခါတစ်ခါကျတော့ ဒီ Hardware Firewall များဟာ Software Firewall များနဲ့အတူတွဲပြီးလုပ်ရတာတွေလည်းရှိပါတယ်.. ဒီလိုသုံးရင် .. ပိုပြီး လုံခြုံသလို.. လုပ်ဆောင် ချက်များကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်..
OSI နှင့် TCP/IP Networking Models အကြောင်း
Firewall Types အကြောင်းတွေကို မပြောခင် ကြားဖြတ်ပြီး ပြောပြချင်သေးတာက OSI 7 layer နှင့် TCP/IP Network Models အကြောင်း တို့ပါဘဲ.. OSI ဟာ အလွှာ(၇) ခုနဲ့ ဖွဲ့စည်းထားပြီးတော့ တစ်လွှာချင်းစီမှာ သက်ဆိုင်ရာ တာဝန်ကိုယ်စီ ရှိကြပါတယ်..ကြုံလို့ OSI 7 Layer အကြောင်းအနည်းငယ်ပြောရရင်..
[URL="http://en.wikipedia.org/wiki/Osi_7_layer_model"]OSI ဆိုတာဟာဘာလဲ။[/URL] အရှည်ပြောရရင်တော့ Open System Interconnection လို့ခေါ်ပါတယ်။ သူဟာ Network တွေ တစ်ခုနဲ့တစ်ခု အပြန်အလှန် ချိတ်ဆက်ကြရာမှာ အခက်အခဲမရှိ လွယ်ကူချောမွေ့ စေဖို့အတွက် International Organization for Standardization (ISO) အဖွဲ့ ကြီးက သတ်မှတ်ထားတဲ့ စံတစ်ခုဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ကွန်ပျူတာ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတွေ အများကြီးရှိပါတယ်။ အဲဒီလိုပဲ ကွန်ပျူတာတွေ တစ်လုံးနဲ့
တစ်လုံးချိတ်ဆက်တဲ့အခါမှာသုံးတဲ့ Networking Devices တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိပါတယ်။ အဲဒီလိုမျိုး နည်းပညာပိုင်းဆိုင်ရာ မတူညီကြတဲ့ အမျိုးအစားအမျိုးမျိုးသော ကွန်ပျူတာတွေ၊ Networking Devices တွေကို အသုံးပြုထားကြတဲ့ Network တွေအသီးသီးဟာ တစ်ခုနဲ့တစ်ခု လွယ်လင့်တကူ အပြန်အလှန် ချိတ်ဆက်မိချင်တယ်ဆိုရင် သူတို့အားလုံးကြားထဲမှာ ပုံသေစံနှုန်း(ဘုံတူညီချက်များ) ရှိဖို့တော့လိုအပ်နေပါတယ်။ ဒါမှသာ အဲဒီ Network တွေဟာ အတူတကွ ချောမွေ့စွာ ချိတ်ဆက် အလုပ်လုပ်နိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့် ISO အဖွဲ့ကြီးဟာ အဲဒီလိုအပ်ချက်ကို ပြေလည်စေဖို့အတွက် OSI Layers (7)ခုကို ၁၉၇၄ ခုနှစ်လောက်ကတည်းက စတင်ဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။
အခုအချိန်မှာတော့ OSI(7) Layers စံနှုန်းများနဲ့ တိုက်ဆိုင်ကိုက်ညီမှုမရှိဘဲ ကွဲပြားနေတဲ့ Networking နဲ့ပတ်သက် ဆက်နွယ်နေသော Device ရယ်လို့ ဈေးကွက်ထဲမှာ မရှိတော့တဲ့အထိ တစ်ကမ္ဘာလုံးက OSI Layers (7) ခုကို အသိအမှတ်ပြုလက်ခံ နေကြပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေဟာ ယနေ့ခေတ်မှာ ဆက်သွယ်ရေးစနစ်ရဲ့အရေးကြီးပုံနဲ့အသုံးဝင်ပုံ တွေကိုပိုမိုခံစား သိရှိလာကြတာနဲ့အမျှ ကောင်းမွန်မြန်ဆန်တဲ့ ဆက်သွယ်ရေးစနစ်တွေကို အသုံးပြုခွင့်ရဖို့ လိုအပ်လာပါတယ်။ ဒီတော့ ကွန်ပျူတာ ကွန်ယက်တွေကြားမှာ နည်းပညာ Platform မတူသည်ဖြစ်စေ၊ အမျိုးအစား
တံဆိပ်မတူသည်ဖြစ်စေ အတူတကွ ချိတ်ဆက်လုပ်ဆောင် နိုင်ကြဖို့ဆိုတာ ဟာလည်း အမှန်တကယ်အရေးကြီးတဲ့လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။ ဒါမှသာ ကျယ်ပြန့်ကြီးမားတဲ့ ကွန်ပျူတာကွန်ယက်တွေ စီမံဖန်တီးချိတ်ဆက်နိုင်မှာပါ။ Networking ကိုစိတ်ဝင်စားတယ်ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ဒီ OSI Layers (၇) ခုဟာ ဘာတွေလဲဆိုတာလောက်တော့အနည်းဆုံး သိထားမယ်လို့ထင်ပါတယ်။
(၇) Application Layer
(၆) Presentation Layer
(၅) Session Layer
(၄) Transport Layer
(၃) Network Layer
(၂) Data Link Layer နဲ့
(၁) Physical Layer တို့ပဲဖြစ်ပါတယ်။ (အောက်ကနေ အပေါ်ကို ရေတွက်ပါတယ်)
Layer လုပ်ဆောင်ချက်
Physical Layer Transfer Medium ပေါ်မှာ Data သွားလာနိုင်ဖို့ ကူညီပေးပါတယ်။ Data တွေကို Transfer Medium နဲ့လိုက်လျောညီထွေရှိမယ့် Signal ပုံစံအဖြစ်ပြောင်းလဲပေးပါတယ်။ အဲဒီ Data Signal တွေကို Transmission လုပ်နိုင်ဖို့ရောပြန်ပြီး Synchronization လုပ်နိုင်ဖို့ရော လိုအပ်တဲ့ Voltage Levels ကိုဆုံးဖြတ်ပေးပါတယ်။
Data Link Layer Network လမ်းကြောင်းတစ်လျှောက်မှာအဆင်ပြေပြေသွားနိုင်မယ့် Frame လေးတွေဖြစ်လာအောင် Data ကိုတည်ဆောက်ပေးပါ တယ်။ Network Connection တစ်လျှောက်မှာ Collision မဖြစ်အောင်စောင့်ကြပ်ထိန်းသိမ်းပေးပါတယ်။ Collision ဖြစ်သွားရင် ဒါမှမဟုတ် Error Control Information နဲ့မတိုက်ဆိုင်ပဲ Error တွေ့နေရတယ်ဆိုရင် အဲဒီFrame ကိုချက်ချင်းထပ်ပို့ပေးပါတယ်။
Network Layer မတူညီတဲ့ Network တွေကြားမှာ Connection ရအောင် ၊ Data Transfer လုပ်နိုင်အောင် ကြားခံဆက်သွယ်ပေးပါတယ်။ Network လမ်းကြောင်းတွေကိုလည်းရှာဖွေပေးပြီး Data Transfer လုပ်ရာမှာပိုမိုမြန်ဆန်အောင်ကူညီပေးပါတယ်။
Transport Layer Data Transfer လုပ်ရာမှာအစမှအဆုံးတိုင် Data Packet တစ်ခုချင်းစီအတိုင်းအတာအထိ စိတ်ချရတဲ့ Data Transmission တစ်ခု ဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ Error Control နဲ့ Flow Control ကို ဆောင်ရွက်ပါတယ်။ အကယ်၍ Data Packet တစ်ခုမှာများနဂို Packet အတိုင်းမဟုတ်ကြောင်းတွေ့ရှိပါကချက်ချင်းထပ်ပို့ပေးပါတယ်။
Session Layer Data Transfer လုပ်ဖို့အတွက် Sender နဲ့ Receiver ကြားမှာ Logical Connection တစ်ခုကို အစပြုတည်ဆောက်ပါတယ်။ အဲဒီ Connection ကို Data Transmission မပြီးမချင်းထိန်းသိမ်းထားပါတယ်။ Data တွေကိုလည်းအဲဒီ Connection ပေါ်မှာ အဆင်ပြေ ပြေ သွားနိုင်မယ့်အပိုင်းလေးတွေအဖြစ်ပိုင်းပါတယ်။ လက်ခံမယ့်ဘက်ရောက်တဲ့အခါမှာနဂိုမူရင်း Original Data ပြန်ရအောင် ပြန် လည်စုစည်းပါတယ်။
Presentation Layer Data တွေကိုအောက်ပိုင်း Layer တွေကနားလည်အဆင်ပြေမယ့် Format ပုံစံမျိုးပြောင်းလဲပေးပါတယ်။ လိုအပ်တဲ့ Encryption တွေနဲ့ Compression တွေကိုလည်းလုပ်ဆောင်ပေးပါတယ်။ လက်ခံမယ့်ဘက်မှာကျတော့ Decompression တွေနဲ့ Decryption တွေကိုလိုအပ်သလို လုပ်ဆောင်ပါတယ်။ User နားလည်လက်ခံနိုင်မယ့် Format မျိုးပြန်ရအောင် Data ကိုပြန်ပြီး Format ပြောင်း ပေးပါတယ်။
Application Layer User တွေပို့ချင်တဲ့ သတင်းအချက်အလက်တွေ၊ Data တွေကို အောက်ပိုင်း Layer တွေက နားလည်လက်ခံပြီးဆက်လက် Process လုပ်နိုင်ဖို့အတွက် Interface တစ်ခုအဖြစ်ကြားခံပြီး User တွေကို ပိုမို လွယ်ကူအဆင်ပြေစေပါတယ်။ လက်ခံမယ့်ဘက်မှာလည်း User တွေအနေနဲ့လက်ခံရရှိလာတဲ့ Data တွေကို အသုံးချချင်သလိုအသုံးချနိုင်ခွင့် ရရှိအောင် Interface တစ်ခုအနေနဲ့ Userတွေကို ပိုမိုအဆင်ပြေစေရန် လုပ်ဆောင်ပေးပြန်ပါတယ်။
TCP/IP Network Model
TCP/IP Network Model ကတော့ (၅) လွှာဘဲရှိပါတယ်.. အဲဒီအလွာတွေကတော့...
Firewall အမျိုးအစားများ
ထပ်ပြီး Firewall အမျိုးအစားများကို ခွဲလိုက်လို့ရှိရင် မတူညီတဲ့ Types ပေါင်း 4 မျိုးရှိပါသေးတယ်.. အဲဒါတွေကတော့
1. Packet Filters
2. Ciruit Filters or Circuit Level Gateways
3. Application Filters or Application Level Gateways နဲ့
4. Stateful Multilayer Inspection Firewall တို့ပါဘဲ..
1. Packet Filter ဆိုတာ..
Firewall ရဲ့ ပထမ မျိုးဆက်ပါဘဲ.. ၄င်း Packet Filter ဟာ အင်တာနက်ပေါ်က ကွန်ပျူတာတွေ တစ်ခုနှင့်တစ်ခုကြား Transfer လုပ်နေတဲ့ Data လေးတွေရဲ့ အခြေခံ Unit လေးဖြစ်တဲ့ Packet လေးတွေကို စစ်ဆေးတာဖြစ်ပါတယ်.. တကယ်လို့...packet တစ်ခုဟာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Rule တစ်ခုနှင့်ကိုက်ညီ ခဲ့မယ်ဆိုရင် Packet Filter ဟာ ၄င်း Packet လေးကို ဖယ်ထုတ်လိုက်ပါတယ်.. ဒါမှမဟုတ်လည်း ဖျက်စီးပစ်လိုက်ပါတယ်..ပြီးတော့ packet ထွက်လာခဲ့တဲ့ မူလနေရာ(ပေးပို့သူ) ကို Error တစ်ခုခုပြန်ပေးလိုက်ပါတယ်..
ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ကို မသုံးကြတော့ပါဘူး .. ဘာဖြစ်လို့လဲဆိုတော့ packet တွေကို ဘဲ အဲဒီ packet တစ်ခုချင်းထဲက အကြောင်းအရာ ကိုဘဲ လိုက်စစ်နေပြီး အဲဒီမှာ Connection နဲ့ ပတ်သက်တာတွေကိုကျတော့ မစစ်ပါဘူး .. အခုနောက်ပိုင်း Web Browsing တို့ Remote Printing တို့ E-mail Transmission တို့ File Transfer တို့က အသုံးများတဲ့ Port တွေကိုသုံးတဲ့ TCP, UDP Traffic တွေလေ .. အဲဒီလို Traffic Information တွေကို Attention မပေးတဲ့ Packet Filter ဟာ နောက်ပိုင်းမှာမသုံးကျတော့တာဖြစ်ပါတယ်.. အင်တာနက်မှာကလည်း TCP, UDP Traffic တွေကြီးပါဘဲ .. ဒါကြောင့် Connection State ကို မစစ်တဲ့ Packet Filter ကို နောက်ပိုင်းမှာ မသုံးတော့တာဖြစ်ပါတယ်.. Packet Filter က OSI Model မှာဆိုရင် Network Layer မှာ အလုပ်လုပ်တယ်လို့ ပြောရင်ရပါတယ်.. TCP/IP Model မှာကျတော့ IP Layer မှာ အလုပ်လုပ်တယ်ပေါ့ဗျာ.. Packet Filter မှာက နှစ်ပိုင်းရှိပါတယ်..
အဲဒါက Stateful and Stateless ဖြစ်ဘဲပါတယ်..
Stateful ဆိုတာ packet တစ်ခုနဲ့ဆက်စပ်ပြီးဖြစ်ပေါ်နေတဲ့ Active Session တွေကို ထိန်းသိမ်းထားပါတယ်.. ထိန်းသိမ်းထားတယ် ဆိုတာက control လုပ်တဲ့သဘောမျိုးမဟုတ်ဘဲ detect ဖြစ်နေတယ်ဆိုတဲ့သဘောပါဘဲ.. တနည်းအားဖြင့်တော့ connection နှင့် ပတ်သက် တဲ့ state တွေကို သိနေတယ်.. stateless ကျတော့ connection State တွေနဲ့ပတ်သက်ပြီး ဘာမှမရှိဘူး.. Stateless Firewall က Memory နည်းနည်းဘဲလိုပါတယ်.. အရမ်း Simple ဖြစ်တယ်.. ပြီး အလုပ်လုပ်တာမြန်ဆန်တယ်.. ဒါပေမဲ့ သိပ်ရှူပ်ထွေးတဲ့ ဆုံးဖြတ်ချက်မျိုးတွေ သူက မသတ်မှတ်နိုင်ဘူး ... ဒါကြောင့် ..နောက်ပိုင်း Firewall တွေမှာ Stateless ကိုမသုံးတော့ဘဲ .. stateful Firewall ကိုဘဲဆက်လက်သုံးစွဲခဲ့ပါတယ်
Stateful Filter ဆိုတာ..
Stateful ဆိုတာက အရင်တုန်းက သတ်မှတ်ခဲ့တဲ့ Firewall နည်းပညာကို Develop ဆက်လုပ်ခဲ့တဲ့ နည်းပညာမျိုးဆက်တစ်ခုကို .. Stateful လို့သတ်မှတ်လိုက်တာပါ.. အဲဒီ Generation ကိုဘဲ Stateful လို့ခေါ်ပါတယ်.. သူဟာ သူ့ကို(Firewall) ကိုဖြတ်သန်းသွားတဲ့ Connection တွေအားလုံးကို Maintain လုပ်ထားပြီး ဘယ် Packet က New Connection လဲ ၊ ဘယ် Packet ကတော့ဖြင့် အဟာင်းကွန်နက်ရှင် လဲ ဆိုတာကို သိပါတယ်.. အဓိကတော့ ဖြတ်သန်းသွားတဲ့ Connection State တွေကို record လုပ်ထားနိုင်တယ်.. ဒါကြောင့် Packet တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာကိုလည်း သိပါတယ်.. TCP, UDP Connection တစ်ခုစတင်တာနဲ့ သူက Active စဖြစ်ပြီ .. ဒီ Firewall ရဲ့ Security ပိုင်း ဆိုင်ရာဟာ TCP,UDP Connection တစ်ခုစတင်တာနဲ့ စပြီးအလုပ်လုပ်ပါတယ်လို့ဆိုလိုတာပါ.. Connection တစ်ခု စဖို့ ခွင့်ပြုလိုက်ပြီဆိုတာနဲ့ အဲဒီ Connection နဲ့သက်ဆိုင်တဲ့ Hosts နှစ်ခုကြားက Packets တွေကို နောက်ထပ်စစ်စရာမလိုတော့ဘူး..
Application နှင့်Protocol တစ်ခုချင်းစီကို နားလည်ခွဲခြားနိုင်စွမ်းရှိတဲ့ Layer firewall ပါဘဲ.. ထပ်ပြောရရင် FTP ,Web Browsing , DNS စတာတွေကို ခွဲခြားနိုင်စွမ်းရှိပါတယ်..နောက်ပြီး ခိုးဝင်ဖို့ကြိုးစားနေတဲ့ မလိုအပ်တဲ့ Protocol တွေနှင့် မကောင်းတဲ့ဖက်ကနေ အလွဲသုံးစားပြုလုပ်ဖို့ ရောက်ရှိလာတဲ့ Protocol တွေကို ရှာဖွေတားဆီးနိုင်စွမ်းရှိပါတယ်..
ဒီ Application Layer Gateway ဟာ User တွေရဲ့ Login နဲ့ပတ်သက်နေတဲ့ Activity တွေကို Log လုပ်ထားနိုင်ပါတယ်.. တနည်းအား ဖြင့် High Level of Security ကို လုပ်ဆောင်ပေးနိုင်တယ်လို့ပြောရင်ရပါတယ်.. ဒါပေမဲ့ Network Performance ကို များစွာထိခိုက်စေပါတယ် အဲဒါကို သတိထားရပါလိမ့်မယ်..
4. Stateful Multilayer Inspection Firewall ဆိုတာ..
ဒီ Stateful Multilayer Inspection Firewall ဆိုတာက အရင် Firewll သုံးခု ကိုပေါင်းထားတာပါ .. ၄င်းဟာ Network Layer မှာ Packet တွေကို Filter လုပ်ပါတယ် .. Session အတွင်းမှ Packets များထဲက contents များကို တွက်ချက်ခြင်း ကိစ္စများကိုတော့ Application Layer မှာလုပ်ပါတယ်.. ၄င်းဟာ Host နှင့် client အကြား Direct Connection ကိုလည်း ဖြစ်ပေါ်စေပါတယ်.. ဒီအချက်ဟာ Application Layer Gateway မှာ တုန်းက ပြောခဲ့သလိုမျိုး Network Performance ကို ထိခိုက်စေတာမဖြစ်စေပါဘူး.. အချုပ်ပြောရရင် Stateful Multilayer Inspection Firewall ဟာ High Level of Security လည်းဖြစ်တယ် Performance လည်းကောင်းတယ် .. Stateful Multilayer Inspection Firewall ဟာ Layer 3 ခုလုံးမှာ အလုပ်လုပ်တာဖြစ်ပါသောကြောင့် သူ့ကို Multilayer လိုခေါ်ဆိုခြင်းဖြစ်ပါတယ်..
Firewall တွေဟာ Software firewall ဘဲဖြစ်ဖြစ် Hardware Firewall ဘဲဖြစ်ဖြစ် အလုပ်လုပ်ကြတာက 2 မျိုးဘဲရှိပါတယ် .. အဲဒါက ဘာလဲ ဆိုတော့
1. ခွင့်ပြုခြင်း(Allowed)
2. ခွင့်မပြုခြင်း(Denied) ဘဲလုပ်ပါတယ်..
Firewall တွေအကုန်လုံးဟာ ဒီနည်းလမ်းနဲ့ဘဲလုပ်ကြပါတယ်.. အဲဒီ ခွင့်ပြုခြင်း နဲ့ မပြုခြင်း တို့ဟာ လည်း firewall ထဲကို ၀င်ရောက်လာတဲ့ Network Traffic များကို သူ့ရဲ့ Rules တွေသတ်မှတ်ထားတဲ့အတိုင်း မဟုတ်မဟုတ်ကို စစ်ဆေးပြီး လုပ်ဆောင်ပေးကြတာလို့ပြောတာပါ.. အဲဒါတွေကို ဘယ်လို ဆုံးဖြတ်လဲဆိုရင် Firewall ဟာ မိမိရဲ့ ACL (Access Control List ) အပေါ်မူ တည်ပြီး ခွဲခြားဆုံးဖြတ်ပေးပါတယ်.. ရောက်ရှိလာတဲ့ Traffic များကို မိမိရဲ့ ACL ပေါ်တွင် စစ်ဆေးပြီး ဟုတ်ရင် ခွင့်ပြုပါတယ် .. မဟုတ်ရင်တော့ ခွင့်မပြုဘူးပေါ့.. အဲဒီ ACL ကို Network Administrator တွေဘဲ Firewall ကို Configure လုပ်ခဲ့တုန်းက သတ်မှတ်ပြီးသားပါ.. နောက်ပြီး .. Firewall ဆိုတာ Hardware Firewall ဘဲဖြစ်ဖြစ် Software Firewall ဘဲဖြစ်ဖြစ် .. သူ့ရဲ့ Default ကိုယ်တိုင်က အကုန် Denied လုပ်ထား ပါတယ်..
Firewall ကို ဘယ်နေရာမျိုးမှာသုံးကြမလဲ
အဓိကတော့ ဘယ်လိုနေရာတွေလဲဆိုတော့ Private Network တစ်ခုနဲ့ Public Network တစ်ခုတို့ချိတ်ဆက်ဖို့လိုတဲ့အခါမှာ အဓိကအသုံးများပါတယ်.. ဘာကြောင့်လဲဆိုတော့ Private Network မကျိုးပေါက်ရအောင် .. Public Network နဲ့ Private Network တို့ရဲ့ ကြားမှာ Firewall ကိုခံပြီးသုံးတာဖြစ်ပါတယ် .. တစ်ခြားနေရာများမှာလည်း ..Firewall ကို ပုံအမျိုးမျိုးနဲ့ သုံးတာတွေလည်းရှိပါတယ်..
Firewall ကို သုံးရင်ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲ..
Firewall ဆိုတာကိုသုံးခြင်းအားဖြင့် အရာအားလုံးဟာ လုံးဝစိတ်ချသွားပြီလို့ပြောလို့မရပါဘူး.. အထူးသဖြင့် မရိုးမသားတဲ့ သူတွေ က အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်ခြင်းကို လုံးဝသော်လည်းကောင်း ကန့်သတ်ခြင်းဖြင့်သော်လည်းကောင်း ကာကွယ်နိုင်ပါတယ်..
1. Remote Log in တစ်စုံတစ်ယောက်က ကိုယ့်ကွန်ပျူတာကို လှမ်းပြီးချိတ်ဆက်နိုင်မယ်.. နောက်ပြီး အဲဒီကွန်ပျူတာကို ပုံစံတစ်မျိုးနဲ့ ထိန်းချုပ်နိုင်မယ်.. ကိုယ့်ကွန်ပျူတာက လက်ရှိ Run နေတဲ့ ဖိုင်တွေကိုကြည့်နိုင်တယ် Access လုပ်သွားနိုင်တယ်..
2. Application Backdoors အချို့သော Program တွေက Bugs တွေ ပါပါတယ်.. အဲဒီ Bugs တွေဟာ မရိုးမသားတဲ့ Program တွေ ၀င်ရောက်လာဖို့ ဒါမှမဟုတ် မမြင်ရတဲ့ Hidden Access မျိုးလုပ်သွားတာ တွေ ခံရတယ်.. ဘာလို့လည်း ဆိုတော့ Program ရဲ့ Bugs ကြောင့် Application တွေမှာ ယိုပေါက်တွေ ဖြစ်သွားလို့ပါ..
3. Operating System Bugs - ဒါက အခုလေးတင်အပေါ်ကပြောခဲ့သလိုဘဲ ယိုပေါက် ဖြစ်တာ.. Bugs ကြောင့်ပေါ့.. ဥပမာ..သူခိုးဆိုတာ မျိုး ဘယ်နေရာ ဘယ်အပေါက်ရှိလဲဆိုတာ ချောင်းနေတတ်ကြတာ မျိုးပေါ့ .. အတွေ့အကြုံ ရှိတဲ့ Hackers တွေဆို အေးဆေးပေါ့..
4. DDoS(Distribute Denial Of Service)- ထင်ပေါ်တဲ့ ဆိုဒ်တော်တော်များများဟာ DDoS တိုက်တာခံရလေ့ရှိပါတယ်.. Hackers တွေ က Server တွေဆီကို Request တွေပို့လိုက်တယ်လေ.. ဒီတော့ Server က အဲဒီ Request ကို Connection လှမ်းချိတ်တယ် .. Acknowledgement .. ဟုတ်ကဲ့ .. Acknowledgement ဆိုတာ ဒီလိုပါ Acknowledgement ဆိုတာ ၀န်ခံသဘောတူခြင်း၊ အသိအမှတ်ပြုခြင်း ကိုပြောတာ ပါ။ ဒါပေမယ့် ........ အခု ကျွန်တော်ပြောချင်တာက Acknowledgement ရဲ့ အဓိပ္ပါယ် ကိုပြောချင်တာ မဟုတ်ပါဘူး။ OSI Model ရဲ့ Transport Layer မှာပါဝင်တဲ့ Acknowledgement အကြောင်းကိုပြောချင်တာပါ။ Transport Layer မှာပါဝင်တဲ့ Acknowledgement အကြောင်းကိုပြောမှာဆိုတော့ Transport Layer အကြောင်းနည်းနည်းတော့ ပြောဖို့လိုမယ်ထင်တယ်နော်။ Transport Layer ဟာ OSI Layer ရဲ့ Layer(4) ဖြစ်ပါတယ်။ Transport Layer ဟာ Network မှာ အချက်အလက်များ သွားလာမှုကို ထိန်းချုပ်ပေးခြင်းနှင့် အမှားတွေကို Recovery လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။ ၎င်း အပြင် Transport Layerဟာ Message တွေကို သင့်တော်တဲ့ အရွယ် အစားရအောင် ပိုင်းပါတယ်။ ဆိုလိုတာ က Data တွေပေးပို့တဲ့အခါ ၎င်း Data တွေကို အကုန်လုံးတစ်ပြုံကြီး ပေးပို့လိုက်တာ မဟုတ်ပဲ ၎င်း Data ကို Network Medium ကလက်ခံနိုင်တဲ့ Data Packet Size အဖြစ်အပိုင်းလေးတွေပိုင်းပစ်ပါတယ်။ လက်ခံရာဘက်မှာ ၎င်း Data Packet အပိုင်းလေးတွေပြန်ရောက်ပြီ ဆိုမှ ပြန်လည်စီပေးပါတယ်။ Transport Layer မှာ Connection - Oriented နဲ့ Connectionless ဆိုတဲ့ Connection Service နှစ်မျိုးကို အသုံြး့ပုပါတယ်။ ၎င်း Connection Service နှစ်မျိုးထဲကမှ Connection - Oriented Services မှာ ပို့လွှတ်သူနဲ့ ပေးပို့သူ တို့နှစ်ခုကြား Virtual Connection ကို ထူထောင်ဖို့ Acknowledgement (သဘောတူခြင်း၊ လက်ခ့ရရှိခြင်း) နဲ့ Response (အဖြေတုံ့ပြန်မှု) ကို အသုံးပြုပါတယ်။ ပေးပို့သူဘက်က Data တွေ ပေးပို့လိုက်တဲ့ အခါ လက်ခံရာဘက်က Data တွေကိုလက်ခံရရှိကြောင်း အသိအမှတ်ပြု Acknowledgement ကိုသတ်မှတ်ချိန်အတွင်းမှာပြန်ပို့ပေးရပါတယ်။
ဒါကလည်း အမှားကင်းစင်အောင် ထိန်းချုပ်တဲ့ နည်းပါပဲ။ ဒီလို လက်ခံရာဘက်က Acknowledgement လုပ်ပေးမှ ပေးပို့သူတွေက သူတို့ပို့လိုက်တဲ့  Data တွေကို လက်ခံသူတွေကရမရ သိရှိပြီး လိုအပ်ပါက နောက်တစ်ဖန်ပြန်ပို့ပေးနိုင်ရန်ဖြစ်ပါတယ်။ Acknowledgement ကို အသုံးပြုရတဲ့ရည်ရွယ်ချက်ကတော့ Connection ချိတ်ဆက်မှုတွေကို သေချာဖို့အတွက်ပါ။ ဒီလိုဗျာ....ကျွန်တော် တို့က Data တွေကို ပေးပို့တဲ့အခါမှာ ၎င်း Data တွေကို Packet လေးတွေခွဲပြီး ပို့တယ်ဆိုတာ အထက်မှာ ပြောပြခဲ့ ပြီးသားနော်။ ဥပမာ ....Data A ဆိုတဲ့ ရှည်လျားတဲ့ Data ကို Transport Layer ကနေ Packet လေးတွေ (10) ပိုင်း ပိုင်းပြီးပို့ လွှတ်လိုက်တယ် ဆိုကြပါစို့။ လက်ခံရာ ဘက်က Packet လေးတွေတစ်ခုရရှိပြီးတိုင်း ပေးပို့သူဆီကို လက်ခံရရှိပြီးကြောင်း Acknowledgement အကြောင်းပြန်ရပါတယ်။ အဲဒီလိုတွေပို့ရင်းနဲ့ တစ်ခါတစ်ရံမှာ တစ်ချို့ packet တွေဟာ လက်ခံရာဘက်ကို ရောက်ရှိမလာပါဘူး။ တစ်ချို့ packet တွေကျလည်း Error ပါနေတတ်ပါတယ်။ ဒီလိုအခါမျိုးတွေမှာဆိုရင် လက်ခံရာဘက်က သတ်မှတ်ချိန်အတွင်း Acknowledge အကြောင်းမပြန်ဘူးဆိုရင် ပေးပို့သူဘက်ကနေ ၄င်း packet ကို Resend (ပြန်ပို့) ပေးရပါတယ်။ ဒီနေရာမှာ Data A ကြီးတစ်ခုလုံးကို ပြန်ပို့ပေးရတာမဟုတ်ပါဘူး။ လက်ခံရာဘက်ကို မရောက်ရှိတဲ့ (သို့) Error ပါနေတဲ့ packet ကိုပဲ ပြန်ပို့ပေးရတာပါ။ ၎င်း မရရှိတဲ့ Error ပါနေတဲ့ Packet လေးကိုပဲ ပေးပို့လိုက်ရုံပါ။ဆိုလိုတာက ဗျာ Data A ကြီးတစ်ခုလုံးကို ပြန်ပြီးပို့ စရာမလိုပဲနဲ့ လက်ခံရာဘက်ကမရရှိတဲ့ Packet လေးကိုပဲ ပြန်ပြီး ပေးပို့ရတဲ့ အတွက် Performance ပိုပြီး ကောင်းပါတယ်။ Connectionless ကိုအသုံးပြုတဲ့ connection တွေမှာဆိုရင် Acknowledgement ကိုအသုံးမပြုပါဘူး။ အဲဒီလို Acknowledgement ပြန်မပို့ဘူးဆိုလို့ရှိရင် ပေးပို့သူဘက်က ဘယ် Packet ကို လက်ခံရရှိလဲ ၊ ဘယ် Packet ကတော့ ဖြင့် Error တွေပါနေလဲ (လက်ခံမရရှိဘူးလား) ဆိုတာတွေကို မသိရှိဘဲနဲ့ Packet လေးတွေကို ဆက်တိုက်ပို့လွှတ်လိုက်ပါတယ်။ Error မပါတဲ့ Data ဆိုရင်တော့ ပြဿနာမရှိပါဘူး၊ ပိုပြီးတောင် performance ကောင်းပါသေးတယ်။ ဒါပေမယ့် ၎င်း Data ထဲက Data Packet တစ်ခုမှာ Error ပါနေတာပဲဖြစ်ဖြစ် ၊ မရောက်ရှိတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် Acknowledgement မပြန်တဲ့ အတွက် ဘယ် packet ကိုပြန်ပို့ရမယ်မှန်းမသိတဲ့အတွက် ၎င်း Data ကြီးတစ်ခုလုံးကို ပြန်ပြီး ပေးပို့ရမှာဖြစ်ပါတယ်။ Data တစ်ခုလုံးကြီးကို အစအဆုံးပြန်ပြီး ပို့ရတဲ့ အတွက် Performance ကျသွားတတ်ပါတယ်။ Acknowledgement ကို အသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ Data တွေကို သေချာစွာရောက်ရှိဖို့နဲ့ အမှားကင်းစွာရောက်ရှိဖို့ အတွက်ဖြစ်ပါတယ်။ ဒီတော့ Acknowledgement လုပ်ဖို့အတွက် Session တစ်ခုကို Establish လုပ်ရမယ် .. အဲဒီမှာ Server က Request လုပ်တဲ့ System ကိုလိုက်ချိတ်နေတာ အဲဒီ System ကို Server က ရှာမတွေ့တော့ .. အဲဒါဆို .. Server က Busy ဖြစ်နေပြီး .. ကျန်တာတွေ မလုပ်နိုင်တော့ပါဘူး ..
5. SMTP Session Hijacking - SMTP(Simple Mail Transfer Protocol) နည်းကို အင်တာနက်ကနေ Email ပို့တဲ့နေရာ မှာ အများဆုံး အသုံးပြုပါတယ်.. လူတစ်ယောက်က မလိုလားအပ်တဲ့ Mail တွေကို လူတွေအများကြီး ဆီပို့လိုက်တယ်ဆိုရင် SMTP Server က Hijack လုပ်ခံ လိုက်ရတာပါဘဲ..
6. Email Bomb- သူကတော့ ပုံမှန်အားဖြင့် Personal Attack ပါဘဲ .. တစ်ယောက်ယောက် နေပြီး သင့်ဆီကို Email တစ်စောင်တည်းကို ဘဲ ရာထောင်ချီပြီးပို့လိုက်ပါလိမ့်မယ် .. ဘယ်လောက်အထိလဲဆိုတော့ .. သင့်ရဲ့ Email System က နောက်ထပ် Message တွေ လက်မခံနိုင် တဲ့အထိပါဘဲ...
7. လူသိအများဆုံးကွန်ပျူတာ threat က Virus ဘဲဖြစ်ပါတယ်.. ကွန်ပျူတာ Virus ဆိုတာ ပရိုဂရမ်သေးသေးပါဘဲ .. သူက သူ့ဟာသူ ကော်ပီပွားပြီးတော့ .. အခြားကွန်ပျူတာများကိုလည်း လုံခြုံရေးယိုပေါက်များမှတစ်ဆင့် ..သော်လည်းကောင်းAttach ဖိုင်များမှတစ်ဆင့် .. လည်းကောင်း ... အခြားနည်းလမ်းပေါင်းမြောက်မြားစွာဖြင့် ကူးသွားတတ်တဲ့ code တစ်မျိုးဖြစ်ပါတယ်..
8. Spam ဆိုတာကတော့ မလိုလားအပ်တဲ့ မေးလ်အမျိုးအစားတစ်ခုပါဘဲ.. Spam တွေထဲမှာလည်း .. link တွေပါရှိပြီး အဲဒီဆိုဒ်က Cookies တွေလက်ခံမိပါက .. အဲဒီက တဆင့် လုံခြုံရေးယိုပေါက်များဖြစ်သွားပြီး .. မလိုလားအပ်တဲ့ .. code များနှင့် traffic များဝင်ရောက်ဒုက္ခပေးသွား နိုင်ပါတယ်..
9. Macro ဆိုတာက .. User က သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်အတိုင်း ထပ်တူလုပ်ဆောင်နိုင်တာကို Macro လို့ခေါ်ပါတယ်.. တစ်ချို့ Macro Virus ရေးတဲ့ Hacker များဟာ ဖျက်အားပြင်းတဲ့ Virus တွေကို Macro လုပ်ပြီး အဲဒီအတိုင်းဖြန့်ဝေလုပ်ဆောင်ကြတာဖြစ်ပါတယ်.. Excel တော်တော်သုံးဖူးတယ်ဆိုရင် .. Macro ရဲ့လုပ်ဆောင်အကြောင်းသိကြပါလိမ့်မယ်..
10. Source Routing များသောအားဖြင့် အင်တာနက်ပေါ်မှာသွားနေတဲ့ IP Packet တွေဟာ Router ကသတ်မှတ်ပေးထားတဲ့ လမ်းကြောင်း အတိုင်းသွားနေကြတာဖြစ်ပါတယ်..ဒါပေမဲ့ Source ရဲ့ပံ့ပိုးမှုနဲ့ Packet တွေဟာ သူတို့သွားရမယ့်လမ်းကြောင်း တွေကို ကျဘမ်းသတ်မှတ်ကြ ပါတယ်.. Hacker များဟာ အဲဒီအချက်အလက်များကို အခြေခံပြီး အချက်အလက်တွေကို Hack လုပ်သွားတာမျိုးရှိတတ်ပါတယ်.. Firewall တော်တော်များများဟာ Default အားဖြင့် Source Routing ကို Disable လုပ်ထားတတ်ပါတယ်..
11. Redirect Bombs- Hacker များဟာ ICMP (Internet Control Message Protocol) ကိုအသုံးပြုပြီး Path Information တွေကို အခြား Router တွေဆီကို လမ်းကြောင်းလွှဲလိုက်ပါတယ်.. ဒီလိုလုပ်ခြင်းဟာ DDoS Attack တစ်မျိုးလို့လည်းပြောလို့ရပါတယ်..
ဒီနည်းလမ်း 11 မျိုးဟာ Firewall သုံးရင်ရရှိလာမယ့်အကျိုးကျေးဇူးတွေဖြစ်ပါတယ်.. Firewall လို့ဆိုရာမှာ .. Security ကောင်းတဲ့ Firewall ကိုဘဲဆိုလိုတာပါ .. Firewall တော်တော်များများဟာ .. Default ကိုတိုင်က အားလုံးကို Block လုပ်ထားတတ်လို့ Administrator က လိုအပ်သလို ကိုယ်နဲ့သက်တဲ့အပိုင်းတွေကို တိုက်ရိုက် Explicit နည်းနှင့်ပြန်ဖွင့်လို့ရပါတယ်..
လိုအပ်မယ်လို့ထင်တာ တာလေးတွေပါဖြည့်စွက်ပြီး ရေးသားထားပေမဲ့ .. လိုအပ်တာများရှိခဲ့ရင်လည်းနားလည်ပေးကြပါ..ဗျာ
ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ ဟာ ၈၈ ဒီမိုကရေစီ အရေးတော်ပုံ အတွင်း စစ်တပ်ရဲ့ လက်နက်ထိမှန်ပြီး ကျောင်းသူတဦးဖြစ်တဲ့ မ၀င်းမော်ဦး ကျဆုံးတဲ့ ၂၂ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။၂၂ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် သူ့ အတွက်ရည်စူပြီး နှစ်ပတ်လည် ဆွမ်းကျွေး အခမ်းအနားကို ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က မိဘတွေရဲ့ နေအိမ်မှာ ကျင်းပခဲ့ပါတယ်။
၁၉၈၈ ဒီမိုကရေစီ လူထုလှုပ်ရှားမှုကြီးကို မြန်မာစစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့လို့ ဆန္ဒပြသူတွေ အများအပြား သေဆုံးခဲ့ရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး နောက်တနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြကျောင်းသူ မ၀င်းမော်ဦး ကျဆုံးခဲ့ရပါတယ်။ သူမသေဆုံးခင်မှာ မ၀င်းမော်ဦးက “မြန်မာပြည် ဒီမိုကရေစီ မရမချင်း သူ့အတွက် အမျှဝေမပေးဖို့” ဖခင်ဖြစ်သူကို မှာခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်း မိသားစုနဲ့ ပွဲကျင်းပသူတွေကို ဆက်သွယ်မေးမြန်းပြီး ဒေါ်ခင်ခင်အိက စုစည်း တင်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ လူပေါင်း ၃၇၀ သန်း ရောဂါဖြစ်နေပြီး၊ နှစ်တိုင်း လူ ၁ သန်း သေဆုံးနေရတဲ့၊ အသဲရောင် ဘီပိုး အကြောင်း သိသင့်တဲ့ အချက် ၁၀ ချက်
၁။ ကာကွယ်ဆေးတော့ ရှိတယ်၊ ဒါပေမဲ့ ဒီပိုးကြောင့် ၃၀-၄၅ စက္ကန့်တိုင်း လူတယောက် သေဆုံးနေရတယ်။
၂။ ပိုးရှိနေပမဲ့ ၃ ပုံ ၂ ပုံလောက်က ရှိနေမှန်း မသိဘူး။ ဒါ့ကြောင့် ပိုပြီးကြီးမာတဲ့ စိုးရိမ်စရာ ဖြစ်နေရတယ်။
၃။ HBV က HIV ထက် ၁၀ ဆ ပိုပြီး အဖြစ်များနေတယ်။ HIV က အာဖရိက နဲ့ HPV က အာရှမှာ အများဆုံးဘဲ။
၎။ HIV ထက် HPV က အဆ ၁၀၀ ပိုပြီး ကူစက်နိုင်တယ်။
၅။ သေခြာဂရုစိုက် မကုသရင် ပိုးရှိနေသူထဲက ၂၅% ဟာ အသဲကင်ဆာ၊ အသဲအလုပ်မလုပ်တော့တာတွေ ဆက်ဖြစ်မယ်။
၆။ Hepatitis C ဆိုတာက တခြား ဗိုင်းရပ်စ်ကြောင့် ကူးစက်တယ်။ သန်း ၁၈၀ မှာ ရှိနေတယ်။ ပျောက်အောင် လုပ်မရဘူး။ ကာကွယ်ဆေးလဲ မရှိသေးဘူး။
၇။ HBV နဲ့ Hepatitis C နှစ်မျိုး ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေ ၆ ဘီလီယံထဲက သန်းပေါင်း ၅၃၀ မှာဖြစ်နေတယ်။
၈။ Hepatitis B infection ရှိနေတဲ့ ကိုယ်ဝန်ဆောင်ကနေ သူ့ဗိုက်ထဲက ကလေးဆီကို မွေးနေတုံးမှာ ကူးစေနိုင်တယ်။
၉။ သူများတွေထက် ပိုဖြစ်လမ်းရှိသူတွေကတော့ တရားမ၀င် မူးယစ်ထိုးဆေးသုံးသူ၊ လိင်တူဆက်ဆံသူ၊ လိင်ဆက်ဆံဘက် အဖေါ်များသူ၊ ထောင်ကျနေသူ၊ ကျောက်ကပ် Haemodialysis လုပ်နေရသူ၊ Haemophiliacs ရောဂါရှိသူ၊ ဆးရုံ-ဆေးခန်းမှာ အလုပ်နေရသူများ၊ အရေပြား-ခန္ဓာကိုယ်မှာ ကွင်းတပ်-တက်တူထိုး အလှဆင်သူတွေ၊ ဖြစ်တယ်။
၁၀။ Hepatitis B recombinant vaccine ကာကွယ်ဆေးက စိတ်ချရတယ်။ ထိရောက်ပါတယ်။ ၃ ခါထိုးပါ။
18 Sep 2010 ( BCJP News )
စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) 2010 Election Boycott Committee( Japan )မှ ဦးစီးကျင်းပပြုလုပ်ခဲ့ပါသည်။
ချီလီနိုင်ငံက ရွှေနဲ့ကြေးတူးဖော်ထုတ်လုပ်တဲ့ သတ္တုတွင်းပြိုကျပြီး မြေအောက် ပေပေါင်းများစွာပိတ်မိနေတဲ့ တွင်းတူးလုပ်သား ၃၃ ယောက်ကို ကယ်ဆယ်ရေး လုပ်ဆောင်နေတာမှာ ထူးခြားတဲ့ တိုးတက်မှုတခုကို ရလိုက်ပါပြီ။ လုပ်သားတွေပိတ်မိနေတဲ့ နေရာ အထိကို တွင်းတခု ထပ်တူးလိုက်နိုင်တာဖြစ်ပြီး သူတို့တွေ လုံလုံခြုံခြုံနဲ့ ပြန်ထွက်လာနိုင်အောင် အဲဒီတွင်းကို ထပ်ချဲ့ကြမှာဖြစ်ပါတယ်။
မြေအောက်အနက်ပေ ၂,၀၀၀ ကျော်မှာ ပိတ်မိနေတဲ့ လုပ်သားတွေရှိတဲ့နေရာအထိ အင်ဂျင်နီယာတွေက တွင်းတူးစက်နဲ့ တူးခဲ့ကြတာပါ။ ဒါပေမဲ့လည်း နိုဝင်ဘာလမတိုင်ခင်တော့ ကယ်ဆယ်ရေးတွင်းကို အပြီးသတ်နိုင်ဦးမှာမဟုတ်ဘူးလို့ ကယ်ဆယ်ရေး လုပ်သားတွေကပြောပါတယ်။
လုပ်သားတွေကို ကယ်ထုတ်နိုင်လောက်တဲ့ ၂၄ လက်မနီးပါး အကျယ်အထိ တွင်းကိုချဲ့နိုင်အောင် ပိုကြီးတဲ့ တွင်းတူး စက်သွား ကို အသုံးပြုမယ်လို့ ကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။ တွင်းတူးနိုင်ဖို့အတွက် စင်ကြီးတခုကို ကယ်ဆယ်ရေးအဖွဲ့က ကြာသပတေးနေ့မှာ အပြီးသတ် ဆောက်ပြီးသွားပါပြီ။
အဲဒီစင်ကြီး ဆောက်ပြီးသွားတဲ့အချိန်မှာ တွင်းလုပ်သားတွေရဲ့ မိသားစု ဆွေမျိုးတွေက ၀မ်းမြောက်ဝမ်းသာနဲ့ လက်ခုပ်လက်ဝါး တီး အားပေးခဲ့ကြပါတယ်။ တွင်းလုပ်သား ၃၃ ယောက်ဟာ သြဂုတ်လအစောပိုင်းကတည်းက တွင်းပြိုကျပြီး ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်ရပေမဲ့ မိမိတို့ရဲ့ လက်ရှိ မူဝါဒအတိုင်း ဆက်လက် ကိုင်စွဲသွားမှာ ဖြစ်ကြောင်း အရှေ့အာရှရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ် ကင်းဘဲလ်က ပြောကြားလိုက်ပါတယ်။
အမေရိကန် ငြိမ်းချမ်းရေးအသင်း စည်းဝေးပွဲတခုမှာ စက်တင်ဘာ ၁၆ ရက် မနေ့က ပြောကြားခဲ့တာပါ။ အခုထိ မိမိတို့ တွေ့မြင်နေရတာတွေအရ နိုဝင်ဘာ ရွေးကောက်ပွဲဟာ နိုင်ငံတကာက တရားဝင် လက်ခံနိုင်မဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာ ရွေးချယ်ရ ခက်ခဲနေပေမဲ့ ထိတွေ့ ဆက်ဆံရေးနည်းလမ်းကသာ အကောင်းဆုံးဖြစ်ပါတယ်လို့ မစ္စတာ ကင်းဘဲလ် က ပြောပါတယ်။
ရွေးကောက်ပွဲအပြီး မြန်မာပြည်မှာ လူသစ်တွေ၊ ပုံစံအသစ်တွေ၊ လုပ်ပိုင်ခွင့်အာဏာ ကူးလူးဆက်ဆံမှု အသစ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်၊ ဖြစ်ပေါ်လာမဲ့အနေအထားတွေကို စောင့်ကြည့်ဖို့ လိုပါတယ်၊ မြန်မာပြည်ရဲ့ နိုင်ငံရေး တိုးတက်မှုတွေအပေါ် မူတည်ပြီး ဆုပေး ဒဏ်ပေးစနစ်ကို တပြိုင်နက် ကျင့်သုံးဖို့ အဆင်သင့်ပါပဲလို့လည်း မစ္စတာ ကတ် ကင်းဘဲလ်က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့ မြန်မာစစ်အစိုးရကို ဖျောင်းဖျရေး၊ မြောက်ကိုရီးယားနဲ့ နျူကလီယား ဆက်ဆံရေး အခြေအနေကို ရှင်းရှင်း လင်းလင်း သိရှိရေးတွေအပေါ် အဓိကထားခဲ့ပါတယ်။ ဒါပေမဲ့စစ်အစိုးရက ဘာမှ လိုက်လျောပဲ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
18 Sept. 2010...ဧရာဝတီ...အမေရိကန် အစိုးရသည် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု သိရသည်။
စစ်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ၂ ကြိမ်စလုံး မအောင်မြင်ခဲ့သည့်တိုင် ရွေးကောက်ပွဲအပြီး တက်လာမည့် နိုင်ငံတကာက အသိအမှတ်ပြုမည် မဟုတ်သော မြန်မာအစိုးရသစ် အတွက်လည်း ယင်းမူဝါဒကို ဆက်လက်ကိုင်စွဲသွားခြင်း သာ အသင့်လျော်ဆုံးဖြစ်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတဦးက ယမန်နေ့က ပြောကြားသည်။
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က “မြန်မာအစိုးရနဲ့ နားလည်မှု ရရှိရေး ဆွေးနွေးပွဲ အတွက် ဆက်ပြီး တံခါးဖွင့်ထားဖို့ ရည်မှန်းချက်ကို ဒေသတွင်းက မိတ်ဆွေနိုင်ငံများနဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ပြီးပါပြီ။ နောက်လာမယ့် အစိုးရသစ်နဲ့ အလုပ်ဖြစ်ဖို့ကလည်း ခက်ခက်ခဲခဲ ရွေးစရာထဲမှာ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးတခုပဲ ရှိပါတယ်” ဟု ဆိုသည်။
“အာရှ-ပစိဖိတ် ဒေသအတွင်း ညှိနှိုင်းဆောင်ရွက်ရေး နောက်ထပ်ခြေလှမ်းများ” ဟူသော မစ္စတာ ကမ်းဘဲလ်၏ မှတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ္စ ပရစ်စီလာ ကလပ်က နိုဝင်ဘာရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အိုဘားမား အစိုးရ၏ မူဝါဒကို မေးမြန်းရာမှ အထက်ပါအတိုင်း မစ္စတာ ကမ်းဘဲလ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ အကျပ်အတည်းတွေ ကြုံရပါတယ်။ လက်ရှိအခြေအနေတွေအရ စောင့်ကြည့်လေ့လာသူတွေကို လက်မခံ၊ နိုင်ငံတကာ စံနှုန်းတွေကို မလိုက်နာဘဲ လုပ်မယ့် နိုဝင်ဘာ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲက လူသစ်၊ ပါဝါဆက်ဆံရေး အသစ်၊ တည်ဆောင်ပုံ အသစ်တွေ ပြည်တွင်းမှာ ဖန်တီးလာနိုင်ဖွယ် ရှိပါတယ်”ဟု ကမ်းဘဲလ်က ပြောသည်။
တိုးတက်မှု တစုံတရာရှိလာစေရန် ဖိအားပေးမှုနဲ့ မက်လုံးပေးမှုများ တပြိုင်တည်း လုပ်သွားရလိမ့်မည်ဖြစ်ကြောင်း၊ ထိုနည်းလမ်းနှစ်မျိုးစလုံးအတွက် ပြင်ဆင်ထားကြောင်း ကမ်းဘဲလ်က ဆက်လက်ပြောသည်။
မစ္စတာ ကမ်းဘဲလ်သည် အိုဘားမား အစိုးရ၏ မြန်မာပြည် မူဝါဒရေးရာအတွက် အကောင်အထည်ဖော်နေသူဖြစ်ပြီး စစ်အစိုးရ အပေါ် တွန်းအားပေးသည့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးနှင့် စီးပွားရေး ပိတ်ဆို့ အရေးယူရေး မူဝါဒအရ ဆွေးနွေးမှု နှစ်ကြိမ်စလုံးကို ဦးဆောင် စီစဉ်ခဲ့သူဖြစ်သည်။
၂၀၀၉ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၀ ပြည့်နှစ် မေလတို့တွင် ကမ်းဘဲလ်သည် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်ဖူးသည်။
“အိုဘားမား အစိုးရ တက်လာပြီးတဲ့နောက် မြန်မာပြည် အရေးကို အနီးကပ် အကဲခတ်ဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ သက်ဆိုင်ရာ လုပ် ကိုင် ဆောင်ရွက်နေသူတွေ၊ ဒေသတွင်း တခုလုံးမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ အစိုးရတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ပြီးတဲ့နောက်မှာ အာဆီယံရဲ့ သဘောထားဖြစ်တဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မဟာဗျူဟာကို စစ်အစိုးရအပေါ် သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုးမြင်သဘောနဲ့ စီးပွားရေးပိတ်ဆို့မှုလည်း မပြောင်းလဲစေဘဲ ချဉ်းကပ်ခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒဟာ မြန်မာပြည်တွင်း ပြောင်းလဲမှု ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်သေးပါဘူး” ဟု ကမ်းဘဲလ်က ပြောသည်။
စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အမေရိကန်အစိုးရမူဝါဒကို အပြည့်အဝ ဆက်လက်ထောက်ခံမည် ဖြစ်သော်လည်း ယထာဘူတကျကျ ပြောရလျှင် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးသည် စိတ်ပျက်စရာရလဒ်များသာ ရသေးပြီး စိန်ခေါ်မှုများ ရှိနေဆဲဟု ကမ်းဘဲလ်က ဝန်ခံပြောကြားသည်။
အမေရိကန်ပြည်ထောင်စုသည် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ နိုဝင်ဘာ ရွေးကောက်ပွဲကို တရားမျှတရေးနှင့် အားလုံးပါဝင်နိုင်ရေးတို့ကို တိုက်တွန်းထားသည်။
ထို့အပြင် မြောက်ကိုရီးယား-မြန်မာ မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပတ်သက်၍လည်း အမေရိကန်၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။
“အစက ပြောခဲ့သလိုပဲ ဒီလုပ်ငန်းစဉ်တခုလုံးကို ရေတိုမှာ ဖြစ်မြောက်လာဖို့ မျှော်လင့်မထားပါဘူး။ ရေရှည်သွားရမယ့် ကိစ္စလို့ မြင်ပါတယ်။ ကျနော်တို့ ကတိတွေ အလွန်အကျွံ မပေးလိုပါဘူး။ ကျနော်တို့ လုပ်ကိုင်နေတာ ဘယ်အခြေအနေရောက်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းရှိဖို့ ကြိုးစားနေပါတယ်” ဟု ကမ်းဘဲလ်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအပေါ် အမေရိကန်၏ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ထောက်ခံကြောင်း ပြီးခဲ့သည့် မေလက မြန်မာပြည်ခရီးစဉ်အတွင်း ကမ်းဘဲလ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် ပထမဆုံး တွေ့ဆုံခွင့်ရစဉ်မှာ ဘာကြောင့် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကို မိနစ် ၃၀ လောက် ဆွေးနွေးခဲ့ကြပါတယ်။ ဘာမှ မသေချာသေးဘူးဆိုပေမယ့် ပွင့်လင်းစွာ ပြောရရင် ရှေ့ဆက် ဆွေးနွေးဆဲပါပဲ” ဟု ကမ်းဘဲလ်က ဆိုသည်။
အနည်းဆုံးအားဖြင့် အဆိုးထဲမှ အကောင်းအဖြစ် မြန်မာ့အရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများနှင့် ဆွေးနွေးခွင့် ရခဲ့ကြောင်း၊ အမေရိကန် ကြိုးပမ်းမှုအတွက် အကူအညီတောင်းနိုင်ခဲ့ကြောင်းနှင့် အမေရိကန်၏ အကျိုးစီးပွားအတွက် အကောင်းဆုံး နည်းဗျူဟာအဖြစ် သံတမန်နည်းကျ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ရခဲ့ကြောင်း ကမ်းဘဲလ်က ပြောသည်။
တချိန်တည်းတွင်ပင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ်ကလည်း မြန်မာနိုင်ငံ၏ အကွက်ကျကျစီမံထားသော ရွေးကောက်ပွဲသည် “စစ်အစိုးရ အာဏာ ဆက်လက်ချုပ်ကိုင်ရေးအတွက် ဟန်ပြ စီမံထားချက်” ဖြစ်ကြောင်း ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ပါတီများ ဖျက်သိမ်းခံရကြောင်း စစ်အစိုးရက ကြေညာပြီးနောက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မစ္စတာ ဝီလျံ ဟိဂ်၏ ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် စစ်အစိုးရက အာဏာကို ဆက်လက်ချုပ်ကိုင်ရန် စီမံချက်ဖြစ်ပြီး မြန်မာပြည်သူလူထု၏ နိုင်ငံခေါင်းဆောင်များအား လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ငြင်းပယ်ခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။
ရွေးကောက်ပွဲသည် အမျိုးသားရင်ကြားစေ့ရေး၊ ဆယ်စုနှစ်နှင့် ချီ၍ ရှည်ကြာနေသည့် တိုင်းရင်းသား ပဋိပက္ခနှင့် မဖြစ်သင့်သည့် ဆင်းရဲနွမ်းပါးမှုများ ပပျောက်ရေးအတွက် အခွင့်အလမ်းသာ ဖြစ်သင့်ကြောင်း၊ ယခု ထိုအခွင့်အလမ်းသည် အချည်းနှီးဖြစ်နေကြောင်းလည်း ကြေညာချက်တွင် ရေးသားထားသည်။
နောက်ဆုံး အခြေအနေများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် တုန်လှုပ်ခြောက်ခြား၊ ပြစ်တင်ပြောဆိုစရာ ဖြစ်နေပြီး၊ မြန်မာပြည်သူများဘက် ရပ်တည်ရေးအတွက် ဆက်လက်ဆုံးဖြတ်ရန်သာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဗြိတိန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်းကလည်း “အခု မြန်မာ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူလူထုရဲ့ လည်မျိုကို စစ်အစိုးရက ပိုပြီး ညှစ်ဖို့ အတွက် ရွေးကောက်ပွဲပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအမြင်များကို ပိတ်ပင်ထားကြောင်း၊ ပြည်သူလူထုသည် မည်သို့မျှ ထုတ်ဖော်ပြောဆိုခွင့် မရှိသဖြင့် မိမိတို့က ကိုယ်စား ထုတ်ဖော်ပြောဆိုပေးရေးသည် အရေးပါကြောင်း မီလီဘန်းက ဆက်လက်ပြောသည်။
အဲ့ နောက်မှာတော့ ရေလှိုင်းရဲ့ wave လေးတွေဖြစ်ဖို့အတွက် Texture တစ်ခုကို ဖန်တီးကြရအောင်။
File > new ( Ctrl +N ) ကိုခေါ်ပါ။ ပထမဆုံးအနေနဲ့ Add Noise ကိုအရင်လုပ်ကြရအောင်။
Amount : 100%
Select : Uniform
Check : Monochromatic ကိုရွေးပါ။
ပြီးတော့ နောက်တစ်ဆင့်က Filter > Sketch > Bas Relief… ကိုရွေးပါ။ Detail : 10, Smoothness: 2, Light : Bottom; ကိုထားပေးပါ။
ပြီးရင် Filter > Blur > Motion Blur ကိုရွေးပါ။ Angle ကို 0 degree ထားပေးပါ။ ပြီးရင် psd file အနေနဲ့သိမ်းပါ။
ရေလှိုင်း wave တွေထည့်မဲ့ layer ကို select လုပ်ပြီး Filter > Convert for smart filters လုပ်ပါ။ thumbnail ပေါ်တွင် pointer တင်ပြီး Ctrl ကိုဖိပြီး click လုပ်ပါ။
အဲ့ဒီနောက်မှာတော့ Filter > Distort >Glass… Texture တွင် ခုနကဖန်တီးခဲ့တဲ့ texture.psd file ကို load texture ကနေ ယူပေးပါ။ ဒီလိုပုံလေးကိုမြင်ရပါလိမ့်မယ်။
ပြီးရင် foreground color: gray, background color: white ထားပြီး gradient tool ဖြင့် drop လုပ်ပေးပါ။
နောက်ဆုံး final အနေနဲ့ကတော့ ဟော့ဒီလိုပုံလေးရပြီပေါ့နော်
ဆက်လက်ကြိုးစားပါအုံးမယ်…
P.s: ဒီ ကျူတိုရီရယ်လေးကိုတော့ www.secondpictures.com မှ reference ယူထားခြင်းဖြစ်ပါသည်။
- Filter -> Noise -> add noise ကိုရွေးပြီး Option ကိုတော့ အောက်မှာ ပြထားတဲ့အတိုင်း ဖြည့်ပါ။
- အဲဒီ Wood Texture Layer မှာပဲ Filter -> Blur -> Motion Blur ကိုရွေးပြီး Setting ကို ပုံမှာ ပြထားတဲ့အတိုင်း ဖြည့်ပါ။
- Wood Texture Layer ကိုပဲ ရွေးထားပြီး image -> adjustments -> Levels ကို ရွေးပြီး Setting ကို အောက်မှာ ပြထားတဲ့အတိုင်း ဖြည့်ပါ။
ရွှင်လန်းချမ်းမြေ့ပါစေ …










Recent Comments